Entertainment

X boxin နဲ့ တစ်ခြားနာမည်ကြီး တေးသံရှင်တွေ ပါဝင်မယ့် JOOX Exclusive အယ်လ်ဘမ်

JOOX Exclusive album featuring X boxin and other famous musicians

မြန်မာနိုင်ငံရဲ့ နာမည်ကြီး Music Application တစ်ခုဖြစ်တဲ့ JOOX ကနေ (၂၀၂၁) ခုနှစ်အတွက် ပထမဆုံး Exclusive အယ်လ်ဘမ်တစ်ခုကို ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ထုတ်လွှင့်တော့မယ်လို့ ကြေညာချက်အရ သိရပါတယ်။ 

 

အယ်လ်ဘမ်ရဲ့ နာမည်ကို The X-Hibition လို့ အမည်မပေးထားပြီး ဟစ်ဟော့နဲ့ ပေါ့ပ်ဂီတ အမျိုးအစားတွေ ပါဝင်တဲ့ သီချင်းစုစုပေါင်း (၅) ပုဒ် ပါဝင်မယ်လို့ သိရပါတယ်။ ပါဝင်မယ့် နာမည်ကြီး တေးသံရှင်များကတော့ … 

  • X-Boxin
  • အဲလက်စ် 
  • ဒီရာမိုရ် 
  • လန်ဘား
  • ဘန်ဂျမင်ဆုမ်နဲ့ 
  • အိုင်ရင်းဇင်မာမြင့်

စတဲ့ နာမည်ကြီး တေးသံရှင်များက ကိုယ်ပိုင်သံစဉ် သီချင်းများနဲ့ ပါဝင်သီဆိုထားတာ ဖြစ်ပါတယ်။ 

 

 

အယ်လ်ဘမ်နာမည်ဖြစ်တဲ့ The X-Hibiton ရဲ့ အဓိပ္ပာယ်ကတော့ အသစ်အသစ်ဖြစ်ပြီး လတ်ဆတ်တဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု အသစ်အဆန်းတွေကို သယ်ဆောင်လာပေးခြင်း စတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဒီအယ်လ်ဘမ်ကို JOOX နဲ့ The Boombox Entertainment တို့က ပူးပေါင်းတင်ဆက်ထားခြင်း ဖြစ်ပါတယ်။ 

 

Boombox Entertainment ဟာ Live Concert များ၊ Show ပွဲများနဲ့ အခြားသော Hip Hop Album များစွာကို ထုတ်လုပ်ပေးနေတဲ့ Entertainment Company ဖြစ်ပြီး ယခု JOOX နဲ့ ပူးပေါင်းထုတ်လုပ်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ 

 

The X-Hibiton အယ်လ်ဘမ်ဟာ JOOX ကနေ Original Exclusive အနေနဲ့ ထုတ်လုပ်ပေးတဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်ပြီး ပရိတ်သတ်များရဲ့ အချစ်တော် တေးသံရှင်တွေ ပါဝင်တာမို့ အားလုံး သဘောကျ နှစ်သက်ကြမှာပါလို့ JOOX ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. John Zhang က ပြောကြားခဲ့ပါတယ်။ 

 

 

မကြာသေးမီက JOOX ကနေ (၂၀၂၀) ပြည့်နှစ်အတွက် ပရိတ်သတ်များကိုယ်တိုင် မိမိနှစ်သက်တဲ့ သီချင်းများကို စိတ်ကြိုက်မဲပေး ရွေးချယ်ထားတဲ့ တေးသီချင်း (၁၀) ပုဒ်ကို JOOX 2020 Popular Song Award ရွှေစင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ 

 

ဒါ့အပြင် (၂၀၂၀) ပြည့်နှစ်အတွင်း အခြား လှုပ်ရှားမှုတွေဖြစ်တဲ့ 

  • သြဂုတ်လ (၃) ရက်မှ (၁၄) ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ပထမနှစ်ဝက် ဆုပေးပွဲ၊ 
  • World Music Day အထိမ်းအမှတ် “Sounds of Happiness” နဲ့ 
  • အိမ်မှာနေစဉ် စိတ်ပူပန်မှုများ ပပျောက်စေဖို့နဲ့ ကျန်မာရေးပညာပေးတွေကို လိုက်နာနိုင်စေဖို့ စိတ်ခွန်အားပေးတဲ့ Covid -19 Playlist 

 

စတာတွေကိုလည်း ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။

⇐ Previous Next

Read 1441 times