Entertainment

နိုင်ငံတကာ ရုပ်ရှင်ကားတွေကို (၁၀၀)% စာတန်းထိုးနဲ့ ကြည့်ရှုနိုင်မယ့် အွန်လိုင်းတီဗီ Viu App

Viu Online TV App that allows you to watch international movies with 100% subtitles

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အွန်လိုင်းတီဗီ Applicationတွေထဲက တစ်ခုဖြစ်တဲ့ Viu မှာ အရင်ကထက် ပိုမိုစုံလင်တဲ့ မြန်မာရုပ်ရှင် ဇာတ်လမ်းတွေအပြင် နိုင်ငံတကာ ရုပ်သံဇာတ်လမ်းတွဲတွေကိုပါ (၁၀၀)% မြန်မာစာတန်းထိုးနဲ့ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ 

 

Viu Application မှာ မြန်မာရုပ်ရှင်တွေအပြင် ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတကာက လူကြိုက်များတဲ့ ဇာတ်လမ်းများ၊ စီးရီးများ၊ ရုံတင်ကားများအပြင် Season တွေကိုပါ အစုံအလင် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ 

 

 

ဇာတ်လမ်း အမျိုးအစားတွေအနေနဲ့ ဟာသ၊ ဒရာမာ၊ လျှို့ဝှက်သည်းဖို ဇာတ်ကားများနဲ့ အက်ရှင်လှုပ်ရှားမှု စတဲ့ ရသစုံလင်လှတဲ့ ရုပ်သံဇာတ်လမ်းတွေကို App ပေါ်ကနေ Live Stream ဖြစ်စေ၊ Download ရယူ၍ဖြစ်စေ ကြည့်ရှုခံစားနိုင်အောင် စီစဉ်ပေးထားပါတယ်။ 

 

လက်ရှိ Viu ဟာ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်ရိုက်ကူးထားတဲ့  ပထမဆုံးသော တီဗီကြော်ငြာတစ်ခုကို ထုတ်လွှင့်ထားပြီး Viu Myanmar ရဲ့ Country Manager ဖြစ်သူ Ms.Lavina Tauro က ယခုလို ပါရမီရှင် (၂)ဦးနဲ့ တီဗီကြော်ငြာ ရိုက်ကူးနိုင်ခြင်းဟာ Viu ရဲ့ တမူထူးခြားတဲ့ တင်ဆက်မှုတွေကို ရည်ညွှန်းခြင်းဖြစ်တယ်လို့လည်း ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။ 

 

 

 

သတင်းကောင်းတစ်ခုကတော့ Viu Application ကို MPT၊ Mytel နဲ့ Ooredoo အသုံးပြုသူများအတွက် Premium Access အသုံးပြုခွင့်ကိုလည်း ပေးအပ်ထားပြီး ဒီ Accessဟာ Viuရဲ့ ဖျော်ဖြေရေးအတွက် အလိုအပ်ဆုံး ဖြစ်တယ်လို့လည်း သိပါတယ်။ 

 

Viu Application ကို App Store, Google Play Store နဲ့ အခြား သတ်မှတ်ထားတဲ့ Smart TV ကနေ အခမဲ့ Download ရယူနိုင်တဲ့ အပြင် www.viu.com မှာလည်း Application နဲ့ ပတ်သက်တဲ့ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

⇐ Previous Next

Read 2163 times