ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ် ၁ ကား ဖြစ်တဲ့ ‘ရွာဂေါ်’’ ရုံဝင်ပြီး နိုင်ငံခြားဇာတ်ကားသစ် ၁ ကား ‘28 Years Later: The Bone Temple’ ကား ရုံဝင်ခဲ့ပါတယ်။ ပြသဆဲ လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားများကိုလည်း ဆက်လက်ပြသလျက် ရှိပါတယ်။
‘ရွာဂေါ်’ ရုပ်ရှင်က နာမည်ကျော်စီစဉ်သူတစ်ဦးဖြစ်တဲ့ မအေးအေးဝင်း ရဲ့ စီစဉ်တင်ဆက်မှု ဟာသဇာတ်ကားဖြစ်ပြီး နာမည်ကျော် မင်းသား မင်းသမီး ၂ လက်စီ ပါဝင်ထားကာ ဇာတ်ပို့အင်အားကောင်းကောင်းဖြင့် ပရိသတ်ရှေ့ကို ရောက်လာပါပြီ။ ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ရွှန်းမီမီထက်ဖြစ်ပြီး ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် ပြေတီဦး၊ ခန့်စည်သူ၊ ဝတ်မှုန်ရွှေရည်၊ သင်ဇာဝင့်ကျော် တို့နှင့်အတူ ခင်လှိုင်၊ ဆင်မ၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျင်ဝှက် စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ‘28 Years Later: The Bone Temple’ ဇာတ်ကားကတော့ Rage Virus စတင်ပျံ့နှံခဲ့ပြီး ၂၈ နှစ်အကြာ ဗြိတိန်က ကျွန်းတစ်ခုပေါ်မှာ လူသားမျိုးနွယ်ရဲ့ နောက်ဆုံး ရှင်သန်သူများဟာ ကူးစက်ရောဂါ နဲ့ မှောင်မိုက်တဲ့ ကိုးကွယ်မှု တွေကြားကနေ လွတ်မြောက်ဖိုကြိုးစားကြရင်း ကိုယ်ရှင်သန်ဖို့အတွက် ဘာမဆို လုပ်မဲ့ လူသားအုပ်စုတွေရဲ့ ရက်စက်မှုတွေကို ပိုမိုမြင်တွေ့ရမှာဖြစ်ပြီး သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် Zombie ဇာတ်ကားကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် အကြိုက်တွေ့စေမှာပါ။
မင်္ဂလာရုပ်ရှင်ရုံများတွင် (၁၆.၁.၂၀၂၆) မှ (၂၂.၁.၂၀၂၆) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -
ရွာဂေါ်
နယူးအော်လံ
လိပ်ပြာခွဲချိန်
မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်
28 Years Later: The Bone Temple
The Raja Saab
koGaLoakVillage
Anaconda တို့ ဖြစ်ပါတယ်။
MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။
Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...
ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။



Read 49 times