Entertainment

၂၈ နှစ်အကြာမှာ ပြန်လာတဲ့ အိပ်မက်ဆိုး - 28 Years Later: The Bone Temple

A Nightmare Returns After 28 Years — 28 Years Later: The Bone Temple

28 Days Later ကို classic zombie movie တစ်ကားလို့ သတ်မှတ်ထားကြတဲ့သူတွေရှိရင် အဲဒီဇာတ်လမ်းတွဲများရဲ့ နောက်ဆုံး franchise ပြန်လာပါပြီ။ 28 Years Later: The Bone Temple ကတော့ ရိုးရိုး infected chase ကားမဟုတ်တော့ဘဲ ပိုမိုမှောင်မိုက်တဲ့ survival horror vibe နဲ့ “လူတွေကပဲ ပိုကြောက်စရာကောင်းလာနိုင်တယ်” ဆိုတဲ့ theme ကို အလေးထားလာပါတယ်။

 

28 Years Later: The Bone Temple ဇာတ်လမ်းက 28 Years Later (2025) အပြီး Spike လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို အဓိကထား တင်ဆက်ထားပါတယ်။ Spike ဟာ ကမ္ဘာပျက်သွားပြီးနောက် လူတွေဖွဲ့ထားတဲ့ အုပ်စုတစ်စုနဲ့ ပတ်သက်သွားရာကနေ အန္တရာယ်တွေ ပိုကြီးလာသလို infected တွေအပြင် လူသားတွေရဲ့အကြမ်းဖက်မှုက ပိုပြီးတောင် ကြောက်စရာကောင်းလာတယ်လို့ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါ။ “Bone Temple” ဆိုတာကလည်း လျှို့ဝှက်ဆန်းကြယ်မှုအပြည့်ပါပဲ။ အဲဒီအကြောင်းအရာနဲ့ ဆက်နွယ်ပြီး စိတ်ဝင်စားစရာ ဇာတ်ကောင်ကတော့ Dr. Ian Kelson (သရုပ်ဆောင် Ralph Fiennes) ပါ။

 

ဒီဇာတ်ကားကို Nia DaCosta (Candyman) က ရိုက်ကူးထားပြီး ဇာတ်ညွှန်းရေးသူကတော့ မူရင်း 28 Days Later ကိုရေးခဲ့တဲ့ Alex Garland ဖြစ်ပါတယ်။ ဒါကြောင့် horror ကို jump-scare သာမက mood၊ tension နဲ့ story အပိုင်းအခြားထိ ထိထိရောက်ရောက် ခံစားရနိုင်မယ့်ပုံစံလို့ သတ်မှတ်ထားတာတွေ့ရှိရမှာပါ။ Release date အနေနဲ့တော့ January 16, 2026 လို့ သတ်မှတ်ထားပြီး မြန်မာက ရုပ်ရှင်ရုံတွေဖြစ်တဲ့ Mingala Cinemas & J Cineplex တို့မှာ နိုင်ငံတကာနဲ့ရက်တူတူပဲ ပြသကြမှာပါ။

28 Years Later: The Bone Temple

စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖိုဇာတ်ကား ကြိုက်တဲ့သူတွေအတွက် 28 Years Later: The Bone Temple က အကြိုက်တွေ့ဖို့ သေချာပါတယ်။ အထူးသဖြင့် survival thriller, dystopian vibe နဲ့ dark storyline ကြိုက်သူတွေဆိုရင် watchlist ထဲ ထည့်ထားသင့်ကြောင်း MY Yangon က သတင်းပါးလိုက်ပါတယ်။

 

#MYYangon #Entertainment #28YearsLater #TheBone Temple #ZombieApocalypse #YangonCinema #MovieReview

 

.

⇐ Previous Next ⇒

Read 1588 times