Entertainment

ပရိသတ်တွေတောင် မစောင့်နိုင်တော့တဲ့ Disney+မှာ ပြသမယ့် ဇာတ်လမ်း/ စီးရီးများ

Movies / series to be shown on Disney + that fans can't even wait for

ရုပ်ရှင်ဆိုတာ လူတွေရဲ့ ပင်ပန်းမှုကို ပျောက်သွားအောင် ဖျော်ဖြေပေးတဲ့ Entertainment တစ်ခုထက် ပိုပါတယ်။ Just a movieအနေနဲ့ မဟုတ်ဘဲ ပေးချင်တဲ့ Messageတွေရှိပြီး စဉ်းစားတွေးခေါ်စရာတွေ ပေးတတ်တဲ့ ဇာတ်လမ်းကောင်းတွေလည်း အများကြီးပါပဲ။

ပိတ်ရက်တွေမှာ ပျင်းလို့ အပန်းဖြေတဲ့ အနေနဲ့ ရုပ်ရှင်တွေ ကြည့်ကြသလို တချို့ကလည်း ဇာတ်လမ်းပေါ် စီးမျောပြီး Core Fanတစ်ယောက် အနေနဲ့ အားပေးကြပါတယ်။

ဇာတ်လမ်း အမျိုးအစားတွေကတော့ အများကြီး ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကြိုက်ချင်းတွေကလည်း မတူညီပါဘူး။ ဥပမာ- တချို့က Marvelကို ကြိုက်နှစ်သက်ကြသလို တချို့က DCကို ကြိုက်နှစ်သက်ကြပါတယ်။ (၂)ခုလုံးကို ကြိုက်နှစ်သက်တဲ့ သူတွေကလည်း ဒုနဲ့ ဒေးပါ။

ဒါကို အပြစ်လို့ ဆိုလို့မရပါဘူး။ Animeကြိုက်တဲ့ သူတွေက Animeကို ကြည့်ကြမှာပါ။ ဒီလိုဇာတ်လမ်းတွေကို ရိုက်ကူးပေးတဲ့ ကုမ္ပဏီတွေကလည်း တစ်ပုံတစ်ပင်ကြီးပါပဲ။ ဒီအများကြီးထဲကမှ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ဖြန့်ချီနေတဲ့ Disneyရဲ့ နောက်နှစ်တွေ အတွင်း ထွက်ရှိမယ့် ဇာတ်လမ်းတွေကို မိတ်ဆက်ပေးချင်ပါတယ်။

ပြီးခဲ့တဲ့ Disney Investor Day မှာ Disneyက လာမယ့် နှစ်တွေမှာ သူ့ရဲ့ Disney+ ကနေ ထုတ်လွှင့်သွားမယ့် Movie Project အသစ် (၅၀) ကျော်ကို Eventမှာ ကြေညာခဲ့ပါတယ်။

Disney+ set to offer supersized service with 50 new projects | The Plunge  Daily

Movie Project အသစ်မှာ Marvel စီးရီး ၁၀ ခု၊ Star Wars စီးရီးအသစ် ၁၀ ခု၊ Disney တိုက်ရိုက်ထုတ်လွှင့်မှု ၁၅ ခုဖြစ်ပြီး တခြား ရုပ်ရှင် Studioတွေနဲ့ တွဲပြီး Disney Animation နှင့် Pixar feature  စီးရီးများ၊ Disney ရဲ့ live-action အသစ် ၁၅ ခု စတာတွေ ပါဝင်ပါတယ်။

ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့ အတိုင်း ဒီProjectတွေက Streaming Service အတွက်သာဖြစ်ပြီး လာမယ့်နှစ်တွေ အတွင်းမှာ Disney+ ကနေ ကြည့်ရှူ ခံစားနိုင်မယ့် စီးရီးတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။

Project ထဲကမှ Marvel ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကတော့-

WandaVision (2021)

လူချစ်များတဲ့ Scarlet Witchအကြောင်းဆိုတော့ လူတွေက Posterမြင်တာနဲ့ အသည်းအသန်တွေဖြစ်နေမှာ အမှန်ပါပဲ။

Image may contain: 2 people, text

Falcon and The Winter Soldier (2021)

ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ၂၀၂၁ခုနှစ် ၃လပိုင်း (၁၉)ရက်နေ့မှာ Disney Plus မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Image may contain: 2 people, beard, text that says 'MARVEL STUDIOS THE FALCON AND THE WINTER SOLDIER Disney+ Original Series Streaming March 19'

Thor Thunder and Love 

Thor Thunder and Loveထဲမှာ ဗီလိန်Gorr the God Butcher အဖြစ် BatMan မင်းသားကြီး Chritsian Bale က ပါဝင်မယ်လို့  Disneyက ကြေညာသွားပါတယ်။

Image may contain: 1 person, text and closeup

Hawkeye

Shooting Scene တွေ စိတ်ဝင်စားတဲ့ Fanတွေ အတွက် New Hawkeye ဇာတ်လမ်းတွဲက စောင့်ကြည့်စရာတစ်ခုပဲဗျို့။

Image may contain: text that says 'MARVEL STUDIOS hawkeye'

Ant-Man and the Wasp: Quantumania

Ant-Man ရဲ့ တတိယမြောက်ဇာတ်လမ်းဖြစ်ပြီး Paul Rudd, Evangeline Lilly, Michael Douglas,နဲ့ Michelle Pfeiffer တို့ ပြန်လည်ပါဝင်ထားပါတယ်။ AntMan သမီးဖြစ်သူ Cassandra Langနေရာကို Kathryn Newtonက အစားထိုး သရုပ်ဆောင်မှာဖြစ်ပြီး လူမည်းသရုပ်ဆောင် Jonathan Majors က Kang the Conqueror အဖြစ်ပါဝင်မယ်လို့ သိရပါတယ်။

No photo description available.

Ironheart

Riri Williams အဖြစ် Dominique Thorne ကသရုပ်ဆောင်မယ့် Ironheart Series တစ်ခုဖြစ်ပြီး Ironman နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သေချာရိုက်ကူး ထားပါတယ်။

Image may contain: text that says 'MARVEL STUDIOS IRONHEART'

Armor Wars 

Endgame ပြီးတဲ့နောက်မှာတော့ Armor Warsအဖြစ် Disney Plus မှာ နောက်ထပ်  War Machine အဖြစ် Don Cheadle ပြန်လာမှာဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Image may contain: text that says 'MARVEL STUDIOS STUDIOS ARMOR WARS'

I am Groot

Fanတွေရဲ့ အချစ်တော် ဖြစ်တဲ့ Grootဟာဆိုရင် Disney Plusမှာ သူမတူတဲ့ ပုံစံတွေ၊ သရုပ်ဆောင်ဇာတ်ကောင်သစ်တွေနဲ့ ခံစားရစေမယ့် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

Image may contain: text that says 'MARVEL STUDIOS I AM SROCT'

Secret Invasion

Nick Fury အဖြစ် Samuel L. Jackson, Captain Marvel ထဲမှာ Skull Talos အဖြစ်ပါဝင်ခဲ့တဲ့ Ben Mendelsohn တို့ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုဖြစ်ပါတယ်။

No photo description available.

Captain Marvel 2

Image may contain: text that says 'MARVEL STUDIOS CAPTAIN MARVEL2'

She-Hulk

Image may contain: text that says 'MARVEL STUDIOS HOLK'

Moon Knight

Image may contain: night

The Guardians of the Galaxy Holiday Special 

Image may contain: text that says 'MARVEL STUDIOS GUARDIANS OF THE GALAXY Holiday Special'

WHAT IF…?

Image may contain: text that says 'MARVEL STUDIOS WHAT IF.?'

Loki

2021 May 21တွင် Loki serie မှာကြည့်ရှုနိုင်မယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Image may contain: 1 person, standing

Star Wars ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများကတော့ -

  • The Bad Batch (Animated)
  • Star Wars: Visions (Animated)
  • A Droid Story (Anime)
  • The Mandalorian (New Season)
  • Rangers of the New Republic
  • Ahsoka Tano Live Action Series
  • Rogue One prequel series
  • Obi-Wan Kenobi series.
  • The Acolyte Series
  • Lando Calrissian Series

Disney

  • Raya and the Last Dragon
  • Beauty and the Beast prequel
  • The Lion King 2
  • Pinocchio

Hulu

  • Only Murders in the Building
  • The Dropout
  • Dopesick
  • Nine Perfect Strangers

Pixar

  • Soul
  • Dug Days (Up Spin-off)
  • Buzz Lightyear movie
  • Cars franchise spinoff series
  • Win or Lose (Animated series)

National Geographic

  • Limitless Starring Chris Hemsworth (Documentary) စတဲ့ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

ကဲ ဒီလို ဇာတ်လမ်းအကျွံကြီးတွေကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူးဗျာ။ ခင်ဗျားတို့ရော ဘာတွေ သိထားလဲ မျှဝေခဲ့ပါဦး။

By MY Yangon Guide

⇐ Previous Next

Read 1726 times