လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဝတ်ပုံစားပုံနဲ့ ခွဲခြားလို့မရပေမယ့် သူ့နေရာနဲ့သူ လိုက်ဖက်အောင်တော့ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။
စတိုးဆိုင်တွေရဲ့ အရုပ်ပေါ်မှာ ဝတ်ထားတဲ့ ပုံသဏ္ဍာန်ကို ကြည့်ပြီး ငါဝတ်ရင် လိုက်ပါ့မလားဆိုပြီး အတွေးဝင်နေနိုင်ပါတယ်။ တကယ်တော့ ဒီလိုတွေးတာ မှားပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်ပေါ် မူတည်ပြီး ဝတ်ချင်တာထက် ဝတ်သင့်တာကို ရွေးချယ်သင့်ပါတယ်။
ဒါ့ကြောင့် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ကို လိုက်ပြီး ရွေးချယ်သင့်တဲ့ အဝတ်အစား ပုံစံတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
An apple-shaped body

ဒီလို ခန္ဓာကိုယ် ပုံစံရှိတဲ့ သူတွေကတော့ သင့်ရဲ့ အလည်ပိုင်းနဲ့ ခါးကို ပိုပြီးဆွဲဆောင်မှု ရှိစေမယ့် အဝတ်မစားတွေကို ရွေးချယ်သင့်ပါတယ်။ V-shapလည်ပင်းပေါက် အင်္ကျီတွေ ဝတ်ဆင်သင့်ပြီး ဝမ်းဗိုက်ကို ဖုံးဖို့ အပေါ်က တစ်ခုခုထပ်ဝတ်သင့်ပါတယ်။ အတွင်းအင်္ကျီက ခါးရှည်ရင်လဲ ကောင်းပါတယ်။
Bulky topsတွေနဲ့ ကြပ်တဲ့ အင်္ကျီဝတ်ဆင်ခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။ ဘောင်းဘီဆိုရင် skinny jeanတွေ straight leg pantတွေ ဝတ်ဆင်ခြင်း ရှောင်ရပါမယ်။
ဘောင်းဘီကို ခါးပတ်နဲ့ ဝတ်ခြင်းထက် ဒီတိုင်းဝတ်တာက ကောက်ကြောင်းနဲ့ ခါးကို ပိုအဆင်ပြေစေပါတယ်။
A pear-shaped body

ခန္ဓာကိုယ် လှနေဖို့ အတွက် ပခုံးကို Highlightဖြစ်စေမယ့် အဝတ်အစားကို ရွေးချယ် ရပါမယ်။ ဒီအတွက် ပုဝါတွေ၊ ခြုံပုဝါတွေနဲ့ အရောင်နဲ့ လည်ဆွဲလေးတွေကို ဝတ်ဆင် နိင်ပါတယ်။အင်္ကျီ အပျော့သားပုံစံတွေ၊ အင်္ကျီလက်ဖောင်းပုံစံတွေ နဲ့ လည်ပင်းရဲ့ အလှကိုပေါ်စေမယ့် ပုံစံမျိုးကို ရွေးချယ်သင့်ပတယ်။
Tight pants၊ capri pants၊ short skirtsနဲ့ pencil skirtsတွေကို ရွေးချယ်မယ့် အစား flared pantsနဲ့ A-line skirts ကို ရွေးချယ်သင့်ပါတယ်။
A rectangular body shape

အကယ်၍ သင့်မှာ သဘာဝ ကောက်ကြောင်းတွေ မရှိဘူးဆိုရင် အဲ့တာတွေကို ဖန်တီးဖို့ အင်္ကျီနဲ့ accessoriesတွေ လိုအပ်ပါတယ်။ ထင်ရောင်ထင်မှား ဖြစ်အောင် ခါးပတ်အသေးကို ဝတ်ပြီး ခါးအောက်ချဝတ်တာမျိုးတွေ လုပ်သင့်ပါတယ်။
ဂါဝန်ဆိုရင်လည်း ခါးမှာ အကြပ်ပါတာမျိုး၊ စည်းဖို့ ကြိုးပါတာမျိုးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အဝတ်ပွတွေ ရွေးချယ်တာ အမြဲတော့ မကောင်းပါဘူး။ underwearရွေးချယ်တဲ့အခါလည်း တင်နဲ့ ရင်ကို ပံ့ပိုးပေးနိုင်တဲ့ဟာမျိုး ရွေးချယ်ပါ။
Peplum jackets၊ tops၊ dressesနဲ့ skirtsတွေ ဝတ်ဆင်ခြင်းက rectangular body shape တွေ အတွက် အဆင်ပြေစေပါတယ်။
An hourglass shape

သင်မှာရှိတဲ့ ကောက်ကြောင်းတွေကို Highlight ဖြစ်စေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။ ကောက်ကြောင်းရှိတဲ့ အတွက် ခါးကို ပိုပေါ်စေပြီး ဆွဲဆောင်မှုရှိစေမယ့် အဝတ်အစားမျိုးတွေ လိုအပ်ပါတယ်။
သင့်ရဲ့ တင်နဲ့ Highlight ဖို့ဆိုရင် ပွတဲ့ အဝတ်အစားတွေကို ရှောင်သင့်ပါတယ်။ Billie Eilish ဆိုရင် သူမရဲ့ ကောက်ကြောင်းတွေ မပေါ်ချင်လို့ အဝတ်ပွပွကြီးတွေနဲ့ ဖုံးကွယ်ထားပါတယ်။
ထပ်ဝတ်ရင်လည်း အောက်ခံအင်္ကျီကို Fitဖြစ်တဲ့ ဟာမျိုး ရွေးချယ်ပါ။ V-neck tops နဲ့ dressတွေ၊ pencil skirtsနဲ့ shirtsတွေကို ဝတ်ဆင်သင့်ပါတယ်။
သင် ၀တ်ဆင်မယ့် ဘယ်အဝတ်အစားမဆို မဝတ်ဆင်ခင်မှာ သင်ရဲ့ ခန္ဓာကိုယ်ရဲ့ အားသာချက်/ အားနည်းချက်တွေကို အာရုံစိုက်ပြီး ယှဉ်တွေးဖို့ လိုအပ်ပါတယ်။ ဒီနည်းက သင်အတွက် ယုံကြည်မှု ပိုမိုရှိစေပြီး တခြားသူတွေရဲ့ အမြင်မှာ ကြည့်ကောင်းပြီး ပိုဆွဲဆောင်နိုင်ပါလိမ့်မယ်။
By MY Yangon Guide
Read 4115 times