Entertainment

ကမ္ဘာကျော် အင်္ဂလိပ် အဆဲစကားလုံးတွေ ဖြစ်ပေါ်လာပုံကို ရိုက်ကူးမယ့် Netflix

Netflix to film world-famous English swear words

Netflix ကတော့ ပရိတ်သတ်တွေ သဘောကျစေမယ့် project တစ်ခုကို ကြေညာသွားခဲ့ပြန်ပါတယ်။

အဲ့ဒါကတော့ English အဆဲစကားတွေဖြစ်တဲ့ F**k,Shit,Bitch,D**k,Pu**y,Damn အစရှိတဲ့ အဆဲစကားတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို " History of Swear Words " ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်း (6) ပိုင်းပါ series တစ်ခုကို တင်ဆက်သွားမည်ဖြစ်ကြောင်း ကြေညာသွားခဲ့တာပါ။

 

ဒီ series မှာ မင်းသားကြီး Nicolas Cage က Host အနေနဲ့ ပါဝင်သရုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး မိနစ် (၂၀) ခန့်ကြာတဲ့ တစ်ပိုင်းခြင်း ဆီတိုင်းမှာ အဆဲစကားတစ်ခုခြင်းဆီတိုင်းရဲ့ History တွေကို ပရိတ်သတ်တွေကို သင်ပြ ပြောပြပေးသွားမှာပါ။

 

Comedy series တစ်ခုဖြစ်တဲ့ ဒီ  series ကိုပြုလုပ်ရတဲ့ အကြောင်းကတော့ ကိုယ်ဆဲနေတဲ့ အဆဲစကားက ဘယ်လိုဖြစ်ပေါ် လာသလဲ ဆိုတာ သိရှိစေချင်တဲ့ စေတနာနဲ့လို့ ဆိုပါတယ်။ဒီစီးရီးကို January (5) ရက်နေ့ Netflix မှာစပြီးကြည့်လိုရမှာပါ။

ကဲ...ပရိတ်သတ်တွေလဲ ဗဟုသုတရမယ့် series တစ်ခုဖြစ်လို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ပါ။ 

⇐ Previous Next

Read 2013 times