Food & Drink

Oppa တို့ရဲ့ မြေက နာမည်ကြီး Street Food (10) မျိုး

Top (10) Street Food In Korea

Oppa တွေရဲ့နိုင်ငံဟာ K-Drama တွေအပြင် သူတို့ရဲ့ အစားအစာတွေကြောင့် ကမ္ဘာကျော်ပါတယ်။

Street Food တွေကအစ စားချင်စရာကောင်း ပြီးတော့ ကိုရီးယား အစားအစာဆို မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ ဒီ Street Food တွေထဲမှာ ဘယ်ဟာတွေက နာမည်အကြီးဆုံးလဲ??တစ်ချက်လောက်ကြည့်လိုက်ရအောင်

 

Jeon

ကိုရီးယားလူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်ခု တဖြစ်လည်း street food အဖြစ်နာမည်ကြီးတဲ့ ဒီအစားအစာလေး Jeon ကို ကိုရီးယားပန်ကိတ်လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ရိုးရိုးရှင်းရှင်း ဆန်မှုန့်နှစ်နဲ့ အရွက်တွေကို အသုံးပြုထားပြီး အပေါ်ကနေမှ ပင်လယ်စာနဲ့ နှစ်သက်ရာ အသားတွေလည်း ထည့်ကြပါတယ်။ ကိုရီးယား နှစ်သစ်ကူးပွဲတော်တွေမှာ မပါမဖြစ် အစားအစာတစ်ခု ဖြစ်သလို Street Food အနေနဲ့လည်း အလွယ်တကူ အရသာရှိရှိဝယ်စားနိုင်ပါတယ်။

 

 

Tteokbokki

1900 အလယ်လောက်ထဲက ပေါ်ပေါက်ခဲ့တဲ့ ကိုရီးယားရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ တော့ပိုကီကိုတော့ ကိုရီးယားမှာသာမက မြန်မာနိုင်ငံအပါဝင် နိုင်ငံအနှံ့ပြားမှာ နှစ်သက်ကြပါတယ်။ ပူပူနွေးနွေးတော့ပုကီအပြင် Frozen လုပ်ထားတဲ့ အသင့်ချက်ပြုတ်နိုင်တဲ့ တော့ပိုကီတွေပါ ထုတ်လုပ်လာပြီး ကိုရီးယားနိုင်ငံမှာလည်း လူကြိုက်များတဲ့ နာမည်ကြီးအစားအစာလေးပါပဲ။

 

 

Hotteok

သစ်ကြံပိုး၊ သကြားညို၊ မြေပဲနဲ့ သစ်ကြားသီးတို့ကို ဌပနာထားတဲ့ ဒီမုန့်လေးကတော့ အပြင်မုန့်သား ပါးပါးကြွပ်ကြွပ်လေးနဲ့ အတွင်းသားမှာ နူးညံ့ချိုမြိန်သွားတဲ့ မုန့်လေးဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီလို အေးတဲ့ရာသီတွေရောက်ရင် Hotteok သည်လေးတွေကို လမ်းပေါ်မှာ Street food အဖြစ် နေရာအနှံ့ပြားမှာ တွေ့နိုင်ပါတယ်။

 

 

Sannakji

ရေဘဝဲအသေးလေးတွေ (baby octopus) ကို ရှင်နေတုန်း ခုတ်ထစ်ပြီး ပန်းကန်ထဲထည့်ကာ ဆော့စ်နဲ့ တို့စားရတဲ့ ဒီအစားအစာလေးကိုလည်း ကိုရီးယားနိုင်ငံရဲ့ လမ်းဘေး စားသောက်ဆိုင်လေးတွေမှာ မှာယူစားသုံးနိုင်ပါတယ်။ အရသာအနေနဲ့တော့ အနည်းငယ်ငံပြီး ဝါးလို့ကောင်းမယ်၊ နည်းနည်းတော့ စေးကပ်ကပ်ဖြစ်တယ်လို့ ဆိုကြပေမယ့် ဆိုဂျူလေးနဲ့ဆိုရင်တော့ လိုက်ဖက်တဲ့ Street food တစ်ခုဖြစ်ပါတယ်။

 

 

Omuk

တော့ပုကီနဲ့ အောမုကတော့ ခွဲထားလို့မရတဲ့ အစားအစာတွေလို့တောင် ဆိုရမှာ ငါးအူချောင်းလို့ မြန်မာလို့ ခေါ်ကြပေမယ့် ငါးရဲ့အူနဲ့ လုပ်တာတော့ မဟုတ်ပါဘူးနော်။ ငါးအသား၊ မုန့်နှစ်နဲ့ အခြားပါဝင်ပစ္စည်းတွေနဲ့ အရသာရှိရှိ ပူပူနွေးနွေးစားရတဲ့ Street food ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ကတော့ အော့မုတွေ စိမ်ထားတဲ့ ဟင်းရည်ကြည်လေးပေါ့။ ဟင်းရည်ကြည်ဆိုပေမယ့် အထင်သေးလို့တော့မရပါဘူး။ တစ်ချက်ထဲနဲ့ ထိမိသွားမယ့် အရသာနဲ့မို့ ကိုရီးယားနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ နာမည်ကြီး လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်နေတာပါ။

 

 

Beondegi

Silkworm ကို မြန်မာနိုင်ငံမှာ ကြော်စားပေမယ့် သူတို့ဆီမှာတော့ ပေါင်းစား၊ ပြုတ်စား ကြပါတယ်။ အရသာဆိမ့်ဆိမ့်လေးနဲ့ လူကြိုက်များတာကြောင့် street food အဖြစ်သာမက စည်သွတ်ဘူးအနေနဲ့လည်း supermarket တွေမှာ ဝယ်ယူနိုင်ပါတယ်။ ကိုရီးယားစစ်ပွဲကာလ အစာရေစာရှားပါးချိန်မှာ အသားဓာတ်ပြည့်ဝဖို့ စားသုံးရာက ပေါ်ပေါက်ခဲ့ပြီး ခုထိလူကြိုက်များ စားသုံးကြတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

 

 

Bungeoppang

ချစ်စရာ ငါးပုံစံလေးနဲ့ ဒီ street food လေးကတော့ ရိုးရာအစားအစာကို ပုံသဏ္ဏန်ပြောင်းထားတာဖြစ်ပါတယ်။ အပြင်မုန့်သားကို ဂျူံ၊ ကြက်ဥ၊ သကြားတွေနဲ့ လုပ်ထားပြီး အတွင်းမှာ ပဲနီလေးထည့်ကာ သပ်သပ်ရပ်ရပ်နဲ့ စားချင်စဖွယ် Bungeoppang လေးဖြစ်ပါတယ်။ မပေမကျံပဲ သယ်ဆောင်ရလွယ်ကူပြီး အရသာကောင်းမွန်တာကြောင့် Street food အဖြစ်လူကြိုက်များ စားသုံးကြပါတယ်။ 

 

Hodu gwaja

တောင်ကိုရီးယားနိုင်ငံ Cheonan မြို့မှာ (၁၉၃၄) ခုနှစ်က လူငယ်စုံတွဲတစ်တွဲ စတင်တီထွင်ခဲ့တဲ့ မုန့်လေးကတော့ (၁၉၇၀) ခုနှစ်မှာတော့ အခြားမြို့တွေကိုပါ ရောက်ရှိသွားပြီး ခုထိတိုင် လူကြိုက်များ ခေတ်စားလျက်ရှိပါတယ်။ walnut cookies လေးတွေဖြစ်ပြီး သစ်ကြားသီးပုံစံချစ်စဖွယ် စားလို့လည်း အဆင်ပြေအောင် ဖန်တီးထားတဲ့ အဆာပြေစားစရာမုန့်လေးဖြစ်ပါတယ်။

 

 

 

Corn Dog

အမေရိကန်အစားအစာတစ်ခုဖြစ်တဲ့ Hot dog ကိုရိးယားစတိုင်နဲ့ Modify ပြန်လုပ်ထားပြီး အမျိုးမျိုးသော ပုံစံတွေနဲ့ လူငယ်တွေကြားရေပန်းစားကြိုက်နှစ်သက်ကြတဲ့ Street food တစ်ခုဖြစ်ပါတယ်။ အဓိကအနေနဲ့ Ketchup နဲ့ တွဲစားကြပြီး မရောနိစ်၊ ချစ် စတဲ့ sauce အမျိုးမျိုးနဲ့ တွဲဖက်စားသုံးကြပါတယ်။

 

 

Gyeran-ppan

 

ဝက်ပေါင်ခြောက်၊ ချိစ်၊ ကြက်ဥနဲ့ အချို့ဆိုင်တွေမှာ တရုတ်နံနံပါ ထည့်လုပ်ကြတဲ့ ဒီမုန့်လေးကတော့ ဆောင်းရာသီမှာ ပူပူနွေးနွေး အရသာရှိရှိစားသုံးကြတဲ့ Street Food တစ်မျိုးဖြစ်ပါတယ်။

 

⇐ Previous Next

Read 3726 times