Entertainment

Internet မရှိတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့စုပြီးကစားလို့ရတဲ့ offline multiplayer game များ

Offline multiplayer games with friends without internet

အခုလိုအင်တာနက်ကိုအချိန်အကန့်အသတ်နဲ့ပဲရတဲ့အချိန်မှာ ညဖက်တွေဟာအတော်ပဲပျင်းရိဖို့ကောင်းပါတယ်။ game ဆော့ချင်ပေမယ့် internet ကလဲမရှိ ညဖက်အကြောင်းကြောင်းကြောင့်အိပ်မပျော်လို့ထိုင်နေရတဲ့သူငယ်ချင်းတွေ စုပြီးကစားလို့ရတဲ့ internet မလိုတဲ့ offline multiplayer game လေးတချို့ကိုရွေးပေးလိုက်ပါတယ်။

Dual

Dual ဆိုတဲ့အတိုင်းပဲ ၂ယောက်ကစားရမှာဖြစ်ပြီး gameplay ကလဲအရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။ နောက်ထပ်ကစားမယ့်သူရဲ့ဖုန်းနဲ့ မျက်နှာချင်းဆိုင်ထားပြီးကစားရမှာပါ။ Gyro ကိုအသုံးပြုကာ ဖုန်းကို ရွှေ့ပေးပြီးတော့ ကိုယ့်ရဲ့ character ကိုထိန်းချုပ်ကစားရတာပါ။ ပြီးရင်တော့ screen ကို tap လုပ်ပြီး တစ်ဖက်လူကိုထိအောင်ပစ် ကာ အနိုင်ယူရမှာပါ။ ၂ယောက်ပေါင်းပြီးတော့ computer bot နဲ့လဲကစားလို့ရပါသေးတယ်။  gameplay ကရိုးရှင်းပေမယ့် control mechanism လေးကအသွင်ဆန်းတာမို့ အပျင်းပြေ တစ်ယောက်နဲ့တစ်ယောက်လက်ရည်စမ်းလို့ကောင်းတဲ့ game မျိုးပါ။

Special Force Group 2

Offline ကိုမှ အပစ်အခတ် game မျိုးကစားချင်တယ်ဆိုရင်တော့ Special Force Group 2 ကသင့်အတွက်ပါပဲ။ဒီ game ဟာ computer game တွေရဲ့ အစ လူကြိုက်အရမ်းများခဲ့တဲ့ Counter Strike ကိုပြန်လည်အမှတ်ရစေမှာပါ။ Map တွေကို counter strike အတိုင်းအနီးစပ်ဆုံးတူညီအောင်ဖန်တီးပေးထားပြီး သေနတ်တွေကအစအကုန် counter strike ထဲကအတိုင်းပါပဲ။voice over တွေတောင်တူနေပါသေးတယ်။ Online match တွေကစားလို့ရသလို့ hotspot ဖွင့်ပြီး LAN အဖြစ်လဲချိတ်ကစားလို့ရပါသေးတယ်။ classic, resurrection, capture the flag, zombie mode, နဲ့bomb mode ဆိုပြီး game mode ၅မျိုးပါ၀င်ပြီး map က ၂၄ခုထိပါ၀င်ပါတယ်။ internet ပြတ်တောက်နေတဲ့ညဖက်အချိန်မှာ သူငယ်ချင်းတွေနဲ့အတူအချိန်ဖြုန်းဖို့ Counter Strike လဲကစားချင်တယ် laptop တွေလဲမသယ်ချင်ဘူးဆိုရင်တော့ ဒီဂိမ်းကသင့်ကိုစိတ်ကျေနပ်စေမှာပါ။

Badland

ဒီဂိမ်းလေးဟာ ၂၀၁၃ထဲကထွက်ရှိထားတာဖြစ်ပြီး gameplay ကတော့ internet ပေါ်မှာအရမ်းနာမည်ကြီးခဲ့တဲ့ flappy bird နဲ့ခပ်ဆင်ဆင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် graphic လေးကချစ်စရာကောင်းပြီး  gameplay မှာ twist လေးတွေပါတဲ့အတွက်အခုချိန်ထိ လူအများကစားနေတဲ့ casual game အဖြစ်ရှိနေတုန်းပါ။ အခုတော့ဒီ game ကို hotspot  နဲ့ချိတ်ပြီး player 4 ယောက်ထိ ပြိုင်ကစားလို့ရသွားပြီဖြစ်ပါတယ်။

Ludo king

ဒါကတော့ phone တစ်လုံးရှိရုံနဲ့ လူ ၆ယောက်လောက်ပျော်ပျော်ကြီးကစားလို့ရမယ့် game ပါ။ phone တစ်လုံးထဲမှာ လက်ညှိုးတစ်ချောင်းထဲနဲ့ ‌ရွေ့ပြီးအေးဆေးကစားလို့ရပါတယ်။ ၄ယောက်ကနေ ၆ယောက်ထိကစားနိုင်ပြီး Gameplay ကတော့အတော်လေးရိုးရှင်းပါတယ်။ player တစ်ယောက်ဆီမှာ ဒိုးပြား၄ခုဆီရှိမှာဖြစ်ပြီး အံစာတုန်း ၆ကျမှ ဒိူးပြားတစ်ခုကိုထုတ်ခွင့်ရှိမှာပါ။ အဲ့လိုနဲ့ဒိူးပြား၄ခုစလုံးကို အလယ်ကပန်းတိုင်ကိုအရင်ဆုံးရွေ့နိုင်တဲ့သူကအနိုင်ရမှာပါ။ လမ်းမှာတခြားသူတွေရဲ့ ဒိုးပြားပေါ်ကိုအံစာခေါက်လို့ကျသွားရင် အဲ့ဒိူးပြားကိုအိမ်ပြန်ပို့မှာပါ။ အဲ့လိုတစ်ယောက်နဲ့တစ်ယောက် အိမ်ပြန်ရောက်အောင်ပို့ရင်း ပန်းတိုင်ကိုအရင်ဆုံးရောက်အောင်ကစားရမှာပါ။ အချိန်ကုန်မှန်းမသိကုန်တဲ့ game ဖြစ်ပြီး tablet လို screen ကြီးကြီးပါတဲ့ device နဲ့ကစားရင်ပိုအဆင်ပြေမှာပါ။

Bombsquad

ဒီ game ကတော့ထွေထွေထူးထူးမိတ်ဆက်ပေးနေစရာမလိုပဲ အားလုံးနဲ့ရင်းနှီးပြီးသားပါ။ Mobile အတွက် offline multiplayer game လို့ဆိုရင်လုံး၀ချန်ထားခဲ့လို့မရတဲ့ game ကတော့ Bombsquad ပဲဖြစ်ပါတယ်။ character တွေရဲ့ reaction တွေ movement တွေအသံတွေဟာလုံး၀ကိုအခွီတစ်လိူင်းဖြစ်ပြီး gameplay ဟာလဲလုံး၀မရိုးရတဲ့ အတွက် Bombsquad ဟာအခုချိန်ထိလုံး၀ကိုမရိုးနိုင်သေးတဲ့ game ပါ။ တစ်ယောက်ချင်းစီပဲဖြစ်ဖြစ်အဖွဲ့လိုက်ပဲဖြစ်ဖြစ် ကစားလို့ရပြီး တစ်ဖက်နဲ့တစ်ဖက် bomb တွေနဲ့အပြန်အလှန်ထုလိုက် ကိုင်ပေါက်လိုက်နဲ့ကစားရတာတော်တော်ပျော်ဖို့ကောင်းတဲ့ အတွက် internet မရှိတဲ့အချိန်မှာသူငယ်ချင်းတွေစုပြီးအချိန်ဖြုန်းလို့အကောင်းဆုံး game တစ်ခုပဲဖြစ်ပါတယ်။

အားလုံးပဲ game ကစားပြီးအပန်းလဲဖြေရင်း နိုးနိုးကြားကြားနေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ 

⇐ Previous Next

Read 3377 times