Health & Beauty

SPA သွားစရာမလိုဘဲ အိမ်နေရင်း ခြေထောက်လေးကို လှပကျော့ရှင်းနေအောင် ပြုလုပ်ကြမယ်

We will make your home legs beautiful and elegant without having to go to SPA

အလှအပရေးရာဆိုတာ ယောက်ျားလေးအများစုနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုဖြစ်နေပေမယ့် မိန်းကလေးတွေအတွက်ကတော့ အရေးကြီးတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ 

ခုရက်ပိုင်းကအကြောင်းအမျိုးမျိုးကြောင့် Spa တွေပိတ်ထားတဲ့အတွက် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတဲ့ သူတွေအတွက် ပိတ်ရက်တွေကို အိမ်မှာပဲ ကုန်ဆုံးပြီး အလှအပအတွက် အသားကုန် ဂရုစိုက်ဖို့အတွက် နည်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

How To Give a Pedicure To Our Feet At Home? - Tattva Spa

သင့်ခြေထောက်လေး ဖြူဖွေးသန့်စင်ပြီး ပိုမို လှပလာအောင် အိမ်မှာပဲ ပြုလုပ်လို့ ရတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ငွေကုန်ကြေးကျလည်း သက်သာပြီး အမှန်တကယ် ထိရောက်ပါတယ်။

လှပကျော့ရှင်းပြီး ဝင်းပတဲ့ ခြေထောက်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆင့် (၃) ဆင့်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၁) ခြေသည်း နှင့် ခြေထောက်များ ကို သန့်ရှင်းအောင် ပြုလုပ်ခြင်း

ဝါဂွမ်း အနည်းငယ်ကိုယူပြီး လက်သည်းဖျက်ဆေး ဆွတ်ကာ ခြေသည်းများပေါ်ရှိ ခြေသည်းနီ အကြွင်းအကျန်များကို ဖယ်ရှားရှင်းလင်းပါ။ ရေနွေးလေး တစ်ပုံးကို အသင့်ပြင်ထားပြီး သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ ၂ ဇွန်း၊ ခေါင်းလျှော်ရည် ၃ ဇွန်း ထည့်ကာ သမအောင် မွှေပေးပါ။

ပြီးတဲ့အခါ သင့်ခြေထောက်လေတွေကို ထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ဆယ်မိနစ်ပြည့်တဲ့အခါ ခြေထောက်ကို ခြောက်သွေ့အောင် ပုဝါလေးနဲ့ အသာအယာ သုတ်ပေးပါ။

Unwind Yourself through Relaxing Pedicures and Massages | Spa dos pés,  Coisas de manicure, Fotos de massagem

(၂) ခြေထောက်ကို ပွတ်တိုက် သန့်စင်ခြင်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ သံပုရာရည် ၂ ဇွန်း ကို သမအောင် ရောမွှေထားပြီး သွားတိုက်ဆေးကိုပါ အသုံးပြုကာ ခြေသည်းလေးတွေကို ပွတ်တိုက် သန့်စင်ပေးပါ။

ပြီးလျှင် ပထမအဆင့်တွင် အသုံးပြုခဲ့သော ပုံးထဲမှာ ၅ မိနစ်လောက် နောက်ထပ်တစ်ကြိမ် စိမ်ထားပေးပါ။ ပြီးတဲ့အခါ ခြေထောက်ကို ခြောက်သွေ့အောင် ပုဝါလေးနဲ့ အသာအယာ သုတ်ပေးပါ။

Ask yourself this question… Where can I find a foot massage and pedicure  near me?

(၃) ခြေထောက်လေးတွေ ဝင်းပဖြူစင်သွားအောင် ပြုလုပ်ခြင်း

Multani mitti (fuller’s earth) လို့ ခေါ်တဲ့ ရွံစေးမှုန့် ၆ဇွန်း၊ သံပုရာရည် ၁ ဇွန်း၊ ရှားစောင်းလက်ပက် Gel ၂ ဇွန်း၊ နှင့် ရေ ၁ဇွန်းကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပြီး မွှေပါ။

ခေါင်းလျှော်ရည် အနည်းငယ် ကို ရေမြှုပ်ကျောက် ပေါ်တင်ပြီး ခြေထောက်ကို အသာအယာ ပွတ်တိုက် ပေးပါ။ ပြီးတဲ့အခါ ရေနဲ့ ဆေးချပြီး ရွှံ့စေး – ရှားစောင်းလက်ပက် အရောအနှော ကို ခြေထောက်လေးတွေပေါ် အသာအယာ လိမ်းကြံပေးပါ။ ခြေထောက် ကို ၅ မိနစ်လောက် နှိပ်နယ်ပေးပြီး ၁၅ မိနစ်လောက်ကြာအောင် ထားထားပါ။

ပြီးသွားရင် ခြေထောက်ကို ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ကာ အစိုဓာတ်ထိန်းခရင်မ် တမျိုးမျိုး လိမ်းပေးလိုက်ပါ။ တစ်ပတ်တစ်ခါ အားလပ်တဲ့အချိန်တိုင်း ပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ သင့်ခြေထောက်လေးတွေ လှပကြော့ရှင်းပြီး မြင်သူတကာ ငေးမောရစေမှာ အသေအချာအပါပဲ။

pedicure Sassari Jolie Dermoestetica - Picture of Jolie Dermoestetica,  Sassari - Tripadvisor

 

⇐ Previous Next

Read 1345 times