Entertainment

ကိုယ်အားပေးတဲ့ Streamer တွေ Pro တွေနဲ့ အတူကစားရမယ့် PUBG Mobile ရဲ့ Creator Challenge ပြိုင်ပွဲ

PUBG Mobile Creator Creator Challenge to play with your favorite pros and Streamers

နာမည်ကြီး Streamer များနှင့် အတူ အနုပညာရှင်များဖြစ်ကြသည့် ကယ်လ်ဗင်ကိတ်၊ မြတ်အမရာမောင်နှင့် Fool Ever Young မှ JakeHub တို့ ပါဝင်ယှဉ်ပြိုင် ကစားမည့် The Creator Challenge ကို PUBG MOBILE မှ နိုဝင်ဘာလ (၅) ရက်နေ့မှ စတင်ကာ သုံးပတ်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Creator Challenge ဆိုသည်မှာ PUBG Community ရှိ ကစားသမားများနှင့် နာမည်ကြီး အနုပညာရှင်များ၊ Streamer များ ၊ Professional ကစားသမားများနှင့် တူတူဆော့ကစားကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။ စုပေါင်း (၁၆) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၁၄) သင်းမှာ နာမည်ကြီး Streamer များ ပါဝင်သည့် အသင်းများဖြစ်ကာ ကျန် (၂) သင်းမှာ တိုက်ရိုက်ဖိတ်ခေါ်ထားသည့် အနုပညာရှင်များ ပါဝင်သည့် (၂)သင်းဖြစ်သည်။ 

ဤ Creator Challenge ပြိုင်ပွဲကို Signature Streetwear နှင့် TECNO MOBILE မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး တစ်ပတ်လျှင် (၄) ရက်ဖြင့် (၃) ပတ်ကြာအောင် ကျင်းပပြုလုပ်မည်ဖြစ်ကာ (၁) ရက်လျှင် (၃) ပွဲနှုန်းဖြင့် ကစားမည်ဖြစ်သည်။ (၃) ပွဲတွင် (၂ )ပွဲမှာ ပုံမှန်စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကျန်တစ်ပွဲမှာ ပုံမှန်နှင့် ကွဲပြားသည့် Hard Core Mode တို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Creator Challenge ပြိုင်ပွဲကို အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၉နာရီအတွင်း PUBG MOBILE Myanmar Page တွင် သုံးပတ်ကြာအောင် Live ပြသသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချိန်အတွင်းတွင် Streamer များ၏ ကိုယ်ပိုင် Page များမှလည်း Live ပြသသွားမည်ဖြစ်သည်။ 

 

⇐ Previous Next

Read 1735 times