Entertainment

K Drama လောကမှာ User Rating 92% အထိရှိနေတဲ့ Start-Up Drama

Start-Up Drama with User Rating 92% in K Drama World

မမြင်ဖူးဘဲနဲ့ လူတယောက်ကို ကြိုက်လို့ရလား ?ဒီဇာတ်ကားလေးထဲမှာ လူတစ်ယောက်ကို မမြင်ဖူးပဲနဲ့ စာ‌‌လေးတွေကတစ်ဆင့် အပြန်အလှန်စကားပြောရင်း သူ့ရဲ့တနေ့တာတွေအကြောင်းတွေပြောရင်း တဖြည်းဖြည်းနဲ့ သူက ကိုယ့်ရဲ့ ideal type ပါဖြစ်လာတာ မျိုးပေါ့။

Plot အနေနဲ့ ဆို ဒီလို ဇာတ်လမ်းမျိုးက Itaewon class တို့ record of youth တို့လိုမျိုး Drama တွေကို ကြည့်ဖူးတဲ့သူတိုင်း ဒီဇာတ်လမ်းက နည်းနည်းဆင်တာကို တွေ့ရမှာပါ။ဒီဇာတ်ကား အများစုက ကိုယ့်အတွက် motivation ရတဲ့ အထိတော့ မဟုတ်ပေမဲ့ ကြည့်ပြီး အားကျလို့ကောင်းတဲ့ ဇာတ်ကားလေးတွေ ဖြစ်ပါတယ်။ဇာတ်ကောင်တွေ အကုန်က ကြိုးစားပြီးအောင်မြင်ကြမဲ့ပုံမျိုးမို့ Plot twist အကြီးကြီးတွေမပါပဲ ပေါ့ပေါ့ပါးပါး နဲ့ ကြည့်ရတာ relax ဖြစ်စေပါတယ်။Main  Cast  လေးယောက်လုံးကလဲ အချောလေးတွေပဲ။

(SEO Dai-Mi)အဖြစ် Bae Suzy၊(Nam Do-San)အဖြစ်Nam Joo-Hyuk၊(Han Ji-Pyeong)Kim Sun-Ho၊(Won In-Jae) အဖြစ်Kang Han-Naတို့မှ  ပါ၀င် သရုပ်ဆောင်ထားပါတယ်။(sandbox လို company မျိုး အပြင်မှာတကယ်ရှိရင် ကောင်းမယ်လို့တောင် တွေးမိတယ်။အဖွားက သူ့အပေါ် ကျေး ကျေးဇူးရှိလို့ ဆိုပြီး support လုပ်ပေးတဲ့ ဟန်ဂျီဖြောင်းက ဆောဒါမီ ကို ကြိုက်သွားမှာလား???

အခုလက်ရှိထွက်ထားတဲ့ Epsode တွေအရတော့ ဟန်ဂျီဖြောင်းက ဆောဒါမီကို ကြိုက်တယ်လို့ ဝန်မခံထားပါဘူး။ဘဝမှာ ကိုယ်ရတဲ့ ဆုတံဆိပ်ကိုတောင် လောဘမတက်ပဲ သူများကိုပေးခဲ့တဲ့ နမ်ဒိုဆန်းက ဆောဒါမီအပေါ်ကိုတော့ လောဘ တက်မိနေတာလား?၃ပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖြစ်၊မဖြစ်ကတော့  ကတော့ ဆောဒါမီ နဲ့ ဟန်ဂျီဖြောင်း အပေါ် မူတည်ပါတယ်။

ငယ်ငယ်ထဲက သူသဘောကျခဲ့ရတဲ့သူက ဟန်ဂျီဖြောင်း ဖြစ်တာသိခဲ့ရင် ဆောဒါမီအနေနဲ့ ဘယ်သူ့ကိုရွေးမှာလဲ???လက်ရှိ‌အနေအထားအရ ဒီဇာတ်ကားက Rating အနေအထားအရ 92% တောင်ရှိနေတာပါ။လူငယ်အများစုအတွက် ကြည့်လို့ကောင်းစေမယ့် ဇာတ်လမ်းအနေအထားလေးဖြစ်တာမို့ ကြည့်လက်စလူတွေအနေနဲ့လည်း ဟန်ဂျီဖြောင်း(team)လား နမ်ဒိုဆန်း(team) လား ဆိုတာ သိချင်ပါတယ်နော်။

 

⇐ Previous Next

Read 1707 times