Technology

AI Trend ထဲ ခြေစုံပစ်ဝင်လာတဲ့ Samsung ရဲ့ နောက်ဆုံးထွက် Galaxy S24 Series

Samsung Galaxy S24 Series with Galaxy AI

Samsung Electronics Co., Ltd ဟာ ပထမဆုံး AI စွမ်းဆောင်ရည် ပါဝင်လာတဲ့ Samsung Galaxy S24 Ultra၊ Galaxy S24+ နဲ့ Galaxy S24 စမတ်ဖုန်းတွေကို ကြီးကျယ်ခမ်းနားလှတဲ့ အခမ်းအနားပွဲကြီးနဲ့အတူ ဇန်နဝါရီလ (၂၅) ရက်နေ့က မြန်မာနိုင်ငံစျေးကွက်မှာ တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက Samsung စမတ်ဖုန်း သုံးစွဲသူတွေအနေနဲ့ Galaxy AI နည်းပညာနဲ့အတူ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ဖို့အတွက် ဘယ်လို AI Feature အသစ်တွေ ထည့်သွင်းထားလဲ? ကင်မရာပိုင်းနဲ့ ဒီဇိုင်းပိုင်းကို ဘယ်လိုတွေ တိုးမြှင့်လုပ်ဆောင်ထားလဲ? စျေးနှုန်းနဲ့ ကြိုတင်မှာယူမှုအတွက် အထူး အကျိုးခံစားခွင့်တွေ ဘာရှိလဲ? ဆိုတာကို မျှဝေပေးသွားပါမယ်။

AI Feature 

=======

ဘာသာစကားတွေမတူလဲ ဆက်သွယ်ပြောဆိုနိုင်မယ့် Live Translate

ဖုန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ပိုပြီး လွယ်ကူချောမွေ့လာစေတော့မှာပါ။ ဘာသာစကားနဲ့ပတ်သက်ပြီး ဆက်သွယ်ပြောဆိုမှုတွေ အခက်အခဲကြုံတဲ့အခါ Galaxy S24 မှာ ပါဝင်လာတဲ့ Live Translate ရဲ့ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုပေးမယ့် လုပ်ဆောင်ချက်ကို အကူအညီယူပြီး လွယ်ကူစွာပဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာဘာသာစကား မပါဝင်ပေမဲ့ ဘာသာစကား (၁၃) မျိုးကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Live Translate ရဲ့ လုပ်ဆောင်ချက်က ဆက်သွယ်ပြောဆိုနေသူ နှစ်ဦးနှစ်ဘက်လုံးမှာ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုမှုတွေကို အသံနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဖုန်းမှာ နဂိုပါဝင်ပြီးသား ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်မှာ တပါတည်း ပါဝင်တာဖြစ်တဲ့အတွက် တခြား Third Party App တွေကိုလည်း လိုအပ်မှာ မဟုတ်ပါဘူး။ ဒီလို On-Device AI စနစ်ဖြစ်တဲ့အတွက် မိမိရဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ပြောဆိုမှုအချက်အလက်တွေကိုလည်း မပေါက်ကြားရစေဘဲ အပြည့်အဝ လုံခြုံမှု ရှိစေမှာပါ။  

သင့်အရေးအသားတွေကို လိုသလို ပုံသွင်းလို့ရမယ့် Chat Assist

စာတိုပေးပို့ရာမှာလည်း ဘယ် Messaging App ကို သုံးသည်ဖြစ်စေ ပြီးပြည့်စုံတဲ့ ပြောဆိုဆက်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့ Chat Assist လုပ်ဆောင်ချက်က ကူညီပေးမှာပါ။ မိမိ ပြောဆိုလိုတဲ့ စကားလုံးအနေအထားအတိုင်း လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြောလိုတာဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ပြောဖို့အတွက်ဖြစ်စေ၊ ဆိုရှယ်မီဒီယာမှာ တင်ဖို့အတွက်ဖြစ်စေ လိုချင်တဲ့ စကားလုံး အနေအထားအတိုင်း ရွေးချယ်နိုင်မယ့် စာသားတွေကို AI ပါဝင်လာတဲ့ Samsung Keyboard ကနေ ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ပို့ချင်တဲ့ (သို့) ရရှိလာတဲ့ စာတွေကိုလည်း ဘာသာစကား (၁၃) မျိုးအထိကို အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးသွားနိုင်ပါသေးတယ်။  

အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ Note Assist

သင်က Note တွေ မှတ်တတ်တဲ့ သူတစ်ယောက်လား? ဒါဆို Galaxy S24 Series ရဲ့ Note Assist Feature က သင် S Pen နဲ့ ရေးမှတ်လိုက်တဲ့ စာတွေကို သေသေသပ်သပ်ဖြစ်အောင် ကူညီပေးနိုင်သလို Grammar အမှားတွေ၊ Spelling အမှားတွေကိုလည်း လွယ်လွယ်ကူကူ ပြင်ပေးနိုင်ပါတယ်။

Meeting Note တွေကို အလွယ်တကူ ထုတ်မလား။ စာအရှည်ကြီး ရေးမှတ်ထားတာတွေကို Summarize လုပ်မလား။ Note Cover တွေ Customized ပြောင်းမလား။ AI က အကုန်လုပ်ပေးဦးမှာပါ။

အသံတွေကို စာသားအဖြစ် ပြောင်းလဲနိုင်တဲ့ Transcript Assist 

အသံသွင်းယူတဲ့ လုပ်ဆောင်ချက်မှာဆိုရင်လည်း Transcript Assist က AI နဲ့ Speech-to-Text နည်းပညာကို အသုံးပြုထားတာ ဖြစ်လို့ အသံဖိုင်ထဲက ပြောဆိုနေတဲ့ စကားတွေကို စာသားအဖြစ်ပြောင်းလဲတာ၊ အကျဉ်းချုပ်ပေးတာအပြင်၊ ဘာသာပြန်တာအထိ လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

သိလိုသမျှ အမြန်ဆုံး ရှာနိုင်မယ့် Circle to Search

သိလိုသမျှ အကြောင်းအရာတွေကို အွန်လိုင်းကနေ ရှာဖွေတာကလည်း နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ Circle to Search လုပ်ဆောင်ချက်နဲ့ လွယ်ကူလျင်မြန်တဲ့ ရှာဖွေမှုတွေ ပြုလုပ်နိုင်အောင် Galaxy S24 Series က ကူညီနိုင်လာတော့မှာပါ။ Google နဲ့အတူ ချိတ်ဆက်ပြီး ယူဆောင်ပေးလာတဲ့ ဒီ Circle to Search လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် မိမိ ဖုန်း Screen ပေါ်က မိမိသိလိုသမျှအရာကို Home Botton ကို ဖိပြီး အလွယ်တကူ ဝိုင်းလိုက်ရုံနဲ့ အဲ့ဒီအရာနဲ့ ပတ်သတ်သမျှ အကြောင်းအရာတွေကို Google ကနေ ပြည့်စုံလျင်မြန်စွာ ပြသပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။ 

ဓာတ်ပုံတွေကို လိုသလို စိတ်ကြိုက် ပြင်နိုင်တဲ့ Generative Edit

ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြင်ဆင်လိုတဲ့အခါမှာလည်း Galaxy AI Editing Tools နဲ့အတူ ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်သွားနိုင်မှာပါ။ ဓာတ်ပုံထဲမှာ မလိုချင်တဲ့ အရာတွေကို ဖယ်ထုတ်ချင်တာပဲဖြစ်ဖြစ်၊ ဓာတ်ပုံ အရည်အသွေး ပိုကောင်းလာအောင် ဖြစ်ဖြစ်၊ ဓာတ်ပုံရဲ့ နောက်ခံကို လိုအပ်သလို ဖြည့်စွက်တာဖြစ်ဖြစ် စိတ်တိုင်းကျ ပြင်ဆင်သွားနိုင်မှာ ဖြစ်တဲ့အပြင် Edit Suggestion ကနေတစ်ဆင့် Galaxy AI ကလည်း ပုံတစ်ပုံချင်းစီအတွက် ပြီးပြည့်စုံပြီးသင့်တော်တဲ့ ရွေးချယ်မှုတွေကို ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။ ရိုက်ကူးပြီးသား ဗီဒီယိုတွေကိုလည်း Slow Motion ဗီဒီယိုတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

Dispaly 

=====

Galaxy S24 Series ဟာ ပထမဦးဆုံးအနေနဲ့ Titanium ဘေးဘောင်တွေနဲ့ ပြုလုပ်ထားပြီး အကြမ်းခံနိုင်စွမ်း အမြင့်ဆုံး Galaxy ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Galaxy S24 Ultra မှာ Corning Gorilla Armor မျက်နှာပြင်ကို ထည့်သွင်းပေးထားတဲ့အတွက် ခြစ်ရာများကို လေးဆ ပိုမိုခံနိုင်ရည်ရှိလာပြီး ၅၀ ရာခိုင်နှုန်း အထိ ပိုမိုခိုင်ခံ့တောင့်တင်းလာအောင် ပြုလုပ်ပေးထားပါတယ်။ Galaxy S24 နဲ့ Galaxy S24+ မှာတော့ Corning Gorilla Glass Victus 2 ကို သုံးထားပါတယ်။ 

ရုပ်ထွက်မှာဆိုရင်လည်း Galaxy Display ဟာ Dynamic LTPO AMOLED 2X ကို သုံးထားပြီး 2,600 nits အထိ Peak Brightness ရရှိအောင် ထောက်ပံ့ပေးထားတဲ့အတွက် အတောက်ပဆုံး နေရောင်ခြည်ထဲမှာတောင် သေသေချာချာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ 

Galaxy S24 စီးရီးမှာ ဒီဇိုင်းပိုင်းအနေနဲ့ ပိုမိုပါးလွှာတဲ့ ဘေးဘောင်တွေ ပါရှိလာတဲ့အပြင် Galaxy S24 မှာ ၆.၂”၊ Galaxy S24+ မှာ ၆.၇” နဲ့ Galaxy S24 Ultra မှာ ၆.၈” မျက်နှာပြင်တွေ ထည့်သွင်းထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ ပိုမို ကြီးမားကျယ်ပြန့်တဲ့ ကြည့်ရှုခံစားမှု အရသာကို နစ်မြောခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S24+ စမတ်ဖုန်းတွေမှာလည်း Galaxy S24 Ultra နဲ့ တန်းတူ QHD+ မျက်နှာပြင် ပါဝင်လာပါတယ်။ 

Performance

=======

Galaxy S24 Series စမတ်ဖုန်းတွေမှာ Galaxy ဖုန်းတွေအတွက်သာ သီးသန့် ထုတ်လုပ်ထားတဲ့ Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားတာကြောင့် AI လုပ်ဆောင်ချက်တွေအတွက် ပြီးပြည့်စုံမှု အရှိဆုံး NPU ပိုင်းဆိုင်ရာ တိုးတက်မှုတွေကိုပါ မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် Galaxy S24 Series Model 3 မျိုးလုံးမှာ 1Hz-120Hz Adaptive Refresh Rates ပါဝင်လာတာ ဖြစ်ပါတယ်။ 

Gaming အရည်အသွေးပိုင်းမှာဆိုရင်လည်း Hardware နဲ့ Software ပိုင်းဆိုင်ရာတွေမှာ အကောင်းဆုံး အဆင့်မြှင်တင်ပေးထားတဲ့အပြင် Galaxy S24 စီးရီး စမတ်ဖုန်းမော်ဒယ်အားလုံးမှာ အကောင်းဆုံးသော အပူချိန် ထိန်းချုပ်မှုစနစ် ပါဝင်ပြီး  အရင်ကထက် ၉၃% ပိုကြီးတဲ့ Vapour Chamber ကို ထည့်သွင်း အသုံးပြုပေးထားတဲ့အတွက် မျက်နှာပြင် အပူချိန်ကို ပိုမို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။  

Battery အနေနဲ့ S24 မှာ 4000 mAh၊ S24 Plus မှာတော့ 4900mAh၊ S24 Ultra မှာ 5000mAh ပါဝင်တာကြောင့် S23 Series ထက် ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် LTPO Display တွေ ဖြစ်သွားတာကြောင့် မလိုအပ်ချိန်မှာ Battery ကို ခြွေတာနိုင်မှာ ဖြစ်ပါတယ်။

Camera 

=====

Galaxy S24 Ultra မှာ ကင်မရာပိုင်းအနေနဲ့ နောက်ကျောဘက်မှာ 200MP Main Camera ပါဝင်လာပြီး 10MP 3x Optical Zoom Lens၊ 12MP Ultrawide Lens နဲ့ 50MP 5x Optical Zoom Lens တို့လည်း ပါဝင်ပါတယ်။

Galaxy S24 Series တွေမှာ အလင်းတွေကို ဖမ်းယူဖို့ ၆၀% ပိုမိုကြီးမားတဲ့ Pixel တွေ ပါဝင်လာတာကြောင့် အလင်းအားနည်းတဲ့အချိန် ရိုက်ကူးရာမှာ ပိုမို ကြည်လင်ပြတ်သားတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို ရိုက်ကူးလာနိုင်မှာပါ။ ဒါ့အပြင် ပိုမိုအဆင့်မြင့်မားတဲ့ Optical Image Stabilizer (OIS) ပါဝင်လာတဲ့အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးတဲ့နေရာမှာ Noise တွေကို လျှော့ချပေးနိုင်သလို လှုပ်ရှားနေတဲ့ အရာတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 

Color

====

Galaxy S24 စီးရီး အားလုံးရဲ့ အရောင်များဟာ ကမ္ဘာမြေရဲ့ အရောင်များကို အခြေခံထားတာ ဖြစ်ပြီး Galaxy S24 Ultra မှာ ဆိုရင် Titanium Gray, Titanium Black နဲ့ Titanium Yellow အစရှိတဲ့ အရောင် သုံးရောင်၊ Galaxy S24+ မှာဆိုရင် Onyx Black, Marble Gray, Cobalt Violet နဲ့ Galaxy S24 မှာဆိုရင် Amber Yellow, Onyx Black, Marble Gray စတဲ့ သုံးရောင် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Price

====

အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S24 Series ကို အောက်ပါ ဈေးနှုန်းတွေအတိုင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Galaxy S24 Ultra (RAM 12GB/ Storage 256 GB) - ၄,၉၉၉,၀၀၀၀ ကျပ်

Galaxy S24+ (RAM 12/ Storage 256 GB) - ၃,၈၈၉,၀၀၀ ကျပ်

Galaxy S24 (RAM 8GB/ Storage 256 GB) - ၃,၁၉၉,၀၀၀ ကျပ်

Galaxy S24 Series ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း ကြိုတင် Preorder မှာယူနိုင်မှာမှာဖြစ်ပြီးတော့ ကြိုတင်မှာယူမှာအတွက် အထူးခံစားခွင့်တွေအနေနဲ့ -  

● Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို ကြိုတင်မှာယူမယ်ဆိုရင် Storage ကို နှစ်ဆ မြှင့်တင်ပေးထားတဲ့ မော်ဒယ်ကို ရရှိသွားမှာဖြစ်လို့ Galaxy S24 Ultra နဲ့ Galaxy S24+ ကို (12/512 GB) နဲ့ရရှိနိုင်မှာဖြစ်ပြီး၊ Galaxy S24 ကိုတော့ (8/ 512 GB) နဲ့ ရရှိနိုင်မှာပါ။ 

● ဒါ့အပြင် Epic Gift တွေဖြစ်တဲ့ Standing Grip Case နဲ့ Travel Adapter တွေကိုလည်း လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။  

● လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းအဟောင်းနဲ့ Trade-In ပြုလုပ်ပြီး လဲလှယ်ဝယ်ယူမယ်ဆိုရင်လည်း Galaxy S24 Ultra ကို မှာယူမယ်ဆိုရင် ၅၀၀,၀၀၀ ကျပ် Trade-In Disount နဲ့ Galaxy S24+ နဲ့ Galaxy S24 ကို မှာယူမယ်ဆိုရင်တော့ ၄၀၀,၀၀၀ ကျပ် Trade-In Disount တွေကို ရရှိနိုင်ဦးမှာပါ။

● Galaxy S24 Series ကို Preorder ကာလအတွင်းနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နောက်ပိုင်းမှာ ဝယ်ယူသူတိုင်းအတွက် အရှေ့မှန် မျက်နှာပြင် မတော်တဆ ကွဲခြင်းအတွက် ၇၀% နဲ့ အနောက်ကိုယ်ထည် အတွက် ၁၀၀% သက်သာခွင့်တွေကို တစ်နှစ်အတွင်း တစ်ကြိမ် ခံစားခွင့်ရမယ့် Samsung Care+ အစီအစဉ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။ 

● Preorder ကာလအတွင်း ၀ယ်ယူမှုတိုင်းအတွက် ဝယ်ယူတဲ့နေ့ကနေ (၃) လအတွင်း အရှေ့မျက်နှာပြင်နဲ့ အနောက်ကိုယ်ထည် ကွဲခြင်းအတွက် ၁၀၀% သက်သာခွင့်ကိုလည်း ထပ်ဆောင်းပေးသွားဦးမှာပါ။  

● ဒါတင်မကဘဲ AYA PAY, CB Bank Credit Card တို့နဲ့လည်း ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

● Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို သတ်မှတ်ထားတဲ့ Galaxy Watch Series သို့ Galaxy Buds နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်း အောက်ပါအတိုင်း အထူးလျှော့စျေးတွေ ပေးသွားမှာပါ။  

● Galaxy Watch5 Series (သို့) Galaxy Watch6 Series ဖြစ်စေ Galaxy Buds FE (သို့) Galaxy Buds2 Pro ဖြစ်စေနဲ့ တွဲဖက်ဝယ်ယူမယ်ဆို ၂၅ % သက်သာခွင့်နဲ့၊ 

● Galaxy Watch5 Series (သို့) Galaxy Watch6 Series နဲ့ Galaxy Buds FE (သို့) Galaxy Buds2 Pro အပါအဝင် Galaxy S24 Series ဖုန်းတစ်လုံးနဲ့အတူ ထုတ်ကုန် ၃ ခုလုံး ကို ဝယ်ယူမယ်ဆိုရင်တော့ ၃၅% အထိ သက်သာခွင့်တွေ ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ 

● အထက်ပါ အထူးခံစားခွင့်တွေ အားလုံးကိုတော့ ကြိုတင်မှာယူနိုင်တဲ့ကာလမှာ Pre-order တင်ပြီး ဝယ်ယူထားတဲ့ ဖုန်းတွေအတွက်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Preorder မှာယူမယ်ဆိုရင်တော့ ဒီလင့်ခ် [https://bit.ly/47Kin1M] ကနေ Preorder Form ကို ဖြည့်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင် ကြိုတင် Preorder မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

⇐ Previous Next

Read 737 times