Entertainment

Fanbase အများဆုံး ရုပ်ရှင်ဖြစ်တဲ့ Star Wars ရဲ့ ပထမဦးဆုံး Serie The Mandalorian

Star Wars first Serie The Mandalorian,

Star Wars universe ထဲက Mandalorian တစ်ယောက်အကြောင်းကို ဇာတ်လမ်းဖွဲ့ တင်ဆက်ထားတဲ့ The Mandalorian ဟာ 2019 ရဲ့အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပြီး Star Wars တွေထဲမှာလည်း အကောင်းဆုံးတစ်ခုဖြစ်လာခဲ့ပါတယ်။ Star Wars ဆိုလို့ Star Wars မကြိုက်တဲ့သူတွေ ကျော်မသွားပါနဲ့။ ဒီဟာက လူတိုင်းကြိုက်နိုင်ပါတယ်။

အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာ အတော်ကိုကောင်းပါတယ်။ စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါ။ တိုက်ခိုက်ခန်းတွေကလည်းတကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ကြည့်လေလေ သဘောကျလေလေပါပဲ။ဒီ Serie ရဲ့ အချိန်ကာလက Return Of The Jedi အပြီးကနေစတင်ထားပါတယ်။စီးရီးရဲ့ နာမည် Mandalorian ဆိုတာStar Wars ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှု ကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။

ဇာတ်လမ်း ဇာတ်ညွှန်းဟာ အရမ်းကို ရိုးရှင်းပါတယ်။ စကားတွေလည်း လိုတာထက် ပိုမပြောပါဘူး။ အားလုံးက ချောချောမွေ့မွေ့နဲ့ သူပြချင်တဲ့ဟာ ပရိတ်သတ် သိသင့်တယ်ထင်တဲ့ ဟာတွေကိုပဲ ချပြသွားတယ်။ Star Wars ရုပ်ရှင်ကားကြီးတွေလို Force က ဘာဖြစ်တယ်၊ Dark Side က ဘာဖြစ်တယ် ဆိုတဲ့ ဟာတွေ၊ Skywalker မိသားစု drama တွေ တစ်ချက်မှ မပါဘူး။ အရမ်းကြီးမားကျယ်ပြန့်လှတဲ့ Star Wars Lore ကြီးကို အတင်း ထိုးမကျွေးထားပါဘူး။ ဒီအတိုင်း Galaxy Far Far Away က ယာဉ်ပျံတွေ၊ blaster တွေနဲ့ သောင်းကျန်းနေတဲ့ bounty hunter တွေအကြောင်းပဲ။  

သူ့ဇာတ်ညွှန်း သွားပုံ သွားနည်းက western ရုပ်ရှင် cowboy ကားတွေနဲ့ ဆင်ပါတယ်။ Gunslinger ကြီး bar ထဲဝင်ပြီး ဗြင်းတာ၊ bounty ရှိတဲ့ကောင်နောက် လိုက်ဖမ်းတာ၊ outlaw တော့မဟုတ်ဘူး ဒါပေမဲ့ မဟုတ်တာလည်း မဟုတ်ပြန်။ ဇာတ်ကောင်တွေက များလားဆိုတော့ မများဘူး။ နည်းလည်း မနည်းပြန်ဘူး။ သူတို့ရဲ့ character တွေကိုလည်း ကောင်းကောင်း မြင်ရ တွေ့ရတယ်။ Character တွေရဲ့ on screen time များတာ နည်းတာထက် ကိုယ်တွေပါ သူတို့နဲ့အတူ ချိတ်ဆက်ခံစားမှု ရတယ်။

သဘောအကျဆုံးကတော့ မျက်နှာမမြင်ရတဲ့ တစ်ချိန်လုံး မျက်နှာဖုံးစွပ်ထားတဲ့ Mando ရဲ့ emotion တွေကို ပြသွားနိုင်တာပါ။ ဒီနေရာမှာ Pedro Pascal ရဲ့ စကားပြောသံ၊ ဒါရိုက်တာရဲ့ ညွှန်ကြားမှုနဲ့ အနောက်က အဓိက ပံ့ပိုးပေးတဲ့ တီးလုံးတို့က အသက်ပါပဲ။ Visual ပိုင်းမှာလည်း အားရစရာပါ။ Disney ဆိုတဲ့အတိုင်း CGI က Series တစ်ခုရဲ့ quality နဲ့မတူဘူး။ ရုပ်ရှင်ကား နီးနီးပါပဲ။

Star Wars fanbase ဟာ တော်တော်လေး ကွဲကြေနေတဲ့ fanbase တစ်ခုပါ။ Sequel ကြိုက်တဲ့သူ၊ Prequel ကြိုက်တဲ့သူ၊ Original ပဲ ကြိုက်တဲ့သူ၊ အကုန်ကြိုက်တဲ့သူ၊ Clone Wars ပဲ ကြိုက်တဲ့သူ နည်းတာတွေ မဟုတ်ပါဘူး။ Star Wars ရုပ်ရှင်ကားတစ်ကား ထွက်လာရင် ကျွန်တော်တို့လို Fan တွေပဲ ရန်ပတ်ဖြစ်နေရတာပါပဲ။ ဒါပေမဲ့ The Mandalorian ကတော့ တကယ်ကောင်းတဲ့ Star Wars ဇာတ်လမ်းတစ်ပုဒ်အဖြစ် အားလုံးနီးပါးက လက်ခံနိုင်တဲ့ ဟာတစ်ခုပါ။ တကယ်လို့သင်ဟာ Star Wars fan မို့လို့ပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါးနဲ့ လေးနက် ထိရောက်တဲ့ Series တစ်ခုကို ကြည့်ချင်တဲ့သူ ဆိုရင်တော့ The Mandalorian ကို ကြည့်ကြည့်ပါ။ ကျေနပ်လိမ့်မယ် ထင်ပါတယ်။

ဒီ Serie မှာသုံးထားတဲ့ Baby Yoda အရုပ်လေးဟာဆိုရင် $5 Million အသုံးပြုပြီးဖန်တီးထားတာပါ။မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ခုနှစ်သောင်းခွဲလောက်ရှိပါတယ်။ 

 

⇐ Previous Next

Read 1475 times