Health & Beauty

အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရက်ရှည်ခံအောင် စနစ်တကျ ထားသိုနည်း

Storing Meat & Vegetables for Long-Term Freshness

စျေးက တစ်ခါဝယ်ရင် တစ်ခါတက်နေတာဆိုတော့ ဒီလိုအချိန်မှာ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ခါတည်း များများဝယ်ထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းသိုလှောင်ထားတာ ပိုအဆင်ပြေပါတယ်။ ဒီလို သိမ်းဆည်းတဲ့အခါမှာလည်း နည်းလမ်းမမှန်ရင် ကိုယ်အကုန်အကျခံပြီး ဝယ်ထားတဲ့ ဟင်းစားတွေက ကြာရှည်ခံနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် မြန်မာပြည်ရဲ့ ရာသီဥတုနဲ့လိုက်ပြီး အသား၊ ငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပိုပြီး တာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ စျေးခဏခဏ သွားရတာ ပျင်းတဲ့သူတွေအတွက်လည်း အသုံးဝင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ 

အသား ထားသိုနည်း

အသားတွေကို ရေချက်ချင်းဆေး၊ တုံးတစ်ပြီး ဘူးအသန့်တွေထဲ ထည့်ပြီး သိမ်းပေးသင့်ပါတယ်။ ဒါမှမဟုတ် အသား၊ ငါးတွေကို ဆနွင်းရယ်၊ ဆားရယ်နဲ့ နယ်ပြီး ဘူးနဲ့ သိမ်းထားလို့လည်း ရပါတယ်။

ငါး ထားသိုနည်း

ငါးကိုလည်း ရေခဲသေတ္တာထဲ ဒီအတိုင်း မသိမ်းဘဲ ရေခဲတွေ ထည့်ထားတဲ့ ခွက်ထဲမှာ ထည့်ပြီး သိမ်းခြင်းက ပိုပြီး ကြာကြာခံစေပါတယ်။ ပြည်ကြီးငါးတွေကိုတော့ အနံ့ဆိုးမထွက်ဘဲ တာရှည်ခံချင်ရင် ဟင်းရွက်ဆီ ပါးပါးလေး သုတ်ပြီးမှ ခဲပါ။

ကြက်ဥ ထားသိုနည်း

ကြက်ဥအခွံပတ်ပတ်လည်မှာ ဟင်းသီးဟင်းရွက်ဆီ လိမ်းထားပေးခြင်းဖြင့် သက်တမ်း ၆လ အထိ ကြာရှည် အထားခံနိုင်မှာဖြစ်ပါတယ်။

Click Here > Tharaphu

ဟင်းသီးဟင်းရွက် ထားသိုနည်း

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မသိမ်းခင် ရေမဆေးလိုက်ပါနဲ့။ ပလပ်စတစ် (သို့မဟုတ်) စက္ကူဖြင့် ထုပ်ပြီး ရေခဲသေတ္တာထဲ ဒီအတိုင်း သိမ်းဆည်းနိုင်ပါတယ်။ 

ကြက်သွန်ဖြူ/ကြက်သွန်ဖြူ ထားသိုနည်း

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို လေထိအောင် တွဲလောင်း ချိတ်ဆွဲထားလို့ရပါတယ်။ ဒါမှမဟုတ် လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့တဲ့ ခြင်းထဲမှာ ထည့်ထားလို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း မီးသွေးတုံးပေါ်မှာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို တင်ထားခြင်းဖြင့် မှိုစွဲမှာကိုလည်း စိတ်ပူစရာမလိုတော့ဘဲ ကြာရှည်ခံနိုင်မှာ ဖြစ်ပါတယ်။

ပုစွန် ထားသိုနည်း

ပုစွန်ကို ရေနွေးစိမ်ပြီးနောက် ရေအေးဖြင့် ပြန်စိမ်ကာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပြီး ရေခဲသတ္တာအအေးခန်းထဲတွင် ထည့်ထားနိုင်ပါတယ်။ ပုစွန်အစိမ်းသိမ်းထားချင်ရင်တော့ ပုစွန်ကို အခွံမခွာဘဲ အိတ်ထဲထည့်တာ သကြား အနည်းငယ်ပါ ထပ်ထည့်ပြီး သိမ်းဆည်းလို့ ရပါတယ်။

ပုစွန် ချိုနေမှာကို စိတ်ပူစရာ မလိုပါဘူး။ သကြားက အအေးခန်းထဲမှာ သူ့ဘာသာသူ ခဲနေမှာဖြစ်ပြီး ခဲနေတဲ့ ပုစွန်တွေကို အပြင် ထုတ်ပြီး ရေပြန်စိမ်လိုက်ရင် သကြားက သူ့ဘာသာသူ ရေထဲတွင် ပျော်ဝင်သွားမှာ ဖြစ်ပါတယ်။

အသီးအနှံတွေကို ထားသိုနည်း

အသီးအနှံများကို ပလပ်စတစ်ဖြင့် ထုပ်ပါ သို့မဟုတ် လေဝင်လေထွက် နည်းစေရန် အိတ်တစ်ခုထဲတွင် ချည်နှောင်ကာ မှည့်ခြင်းမှ ကင်းဝေးစေရန် ရေခဲသေတ္တာထဲတွင် ထည့်ထားပါ။ 

ငှက်ပျောသီးတွေကိုတော့ ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ အပြင်မှာ ရွဲပြီး မပျော့သွားအောင်ဆိုရင် ငှက်ပျောသီးအညှာကို Foil နဲ့ ပတ်ထားပေးခြင်းဟာ အလွယ်ကူဆုံး နည်းလမ်းပါ။ Foil မရှိဘူးဆိုရင် သတင်းစာ စက္ကူကို သုံးပါ။

စတော်ဘယ်ရီတွေကို ရှာလကာရည်နဲ့ စိမ်ပြီးမှ သိမ်းခြင်းဟာ ၂ ပတ်လောက်အထိကို လတ်လတ်ဆတ်ဆတ် ခံစေပါတယ်။

Credit To Original Writer

⇐ Previous Next

Read 675 times