Health & Beauty

ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂလိက ဆေးရုံများ

The Best Private Hospitals In Yangon

သင်က အခုလက်ရှိ ရန်ကုန်မြို့မှာ နေထိုင်သူတစ်ယောက်လား? ဒါဆိုရင် ကျန်းမာရေး ပြသနာတစ်စုံတစ်ရာ ကြုံတွေ့ရတဲ့အခါမှာ စိတ်ချလက်ချ ဆေးကုသမှုခံယူနိုင်ဖို့ ခေတ်မီအရည်အသွေးမြင့်တဲ့ စက်ပစ္စည်းကြီးများရှိပြီး ကျန်မာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေ စုံစုံလင်လင်ရတဲ့ ရန်ကုန်မြို့က ထိပ်တန်း ပုဂ္ဂလိကဆေးရုံကြီး (၈) ခုကို မျှဝေပေးလိုက်ပါတယ်။  

၁။ OSC Hospital

OSC (Okkala Specialist Center) ဆေးရုံကြီးသည် မြောက်ဥက္ကလာပမှာ တည်ရှိပြီး ကုတင် ၁၀၀ ဆံ့တဲ့ ပုဂ္ဂလိကဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်။ OSC ဆေးရုံကြီးကို ကားပါကင် အပါအဝင် ခုနှစ်လွှာ အဆောက်အဦးအဖြစ် တည်ဆောက်ထားပါတယ်။

OSC ဆေးရုံကြီး အနီးပတ်ဝန်းကျင်မှာ မယ်လမုနဲ့ ဝဋ်ကြွေတော်ပြေ ဘုရားတို့အပြင် ငမိုးရိပ်ချောင်းကြီးလည်း ရှိနေတဲ့အတွက် လာရောက် ဆေးကုသမှု ခံယူသူများအနေဖြင့် စိတ်နှလုံး ချမ်းမြေ့ဖွယ် ကောင်းမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် OSC ဆေးရုံကြီးမှာ အတွင်းလူနာများနဲ့ ပြင်ပလူနာများကို အတွေ့ကြုံရှိ အထူးကုဆရာဝန်ကြီးများမှ ၂၄ နာရီ ဝန်ဆောင်မှု အပြည့်ပေးလျက်ရှိပါတယ်။

OSC ဆေးရုံကြီး မှ ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://www.oschospitalmm.com/

No. 137/D, Thudhamma Rd, North Okkalapa Township, Yangon, Myanmar.

Call Center : +951 470 6622

Hot Line : +959 43 208 326

၂။ Grand Hantha International Hospital

နိုင်ငံတကာအဆင့်မှီ စံနှုန်းသတ်မှတ်ချက်နှင့်အညီ တည်ဆောက်ထားခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကိုယ်ပိုင်ဆေးရုံကြီးများထဲမှ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ Grand Hantha ဆေးရုံကြီးက အထပ် ၈ ထပ်ရှိသော အဆောက်အဦးဖြစ်ပြီး ကုတင် ၇၀၀ ဆံ့ပါတယ်။ ဆေးရုံကြီးတွင် အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ စင်ကာပူ စတဲ့ နိုင်ငံကြီးတွေက ဆရာဝန်များ အပါအဝင် ဆရာဝန်ပေါင်း ၃၀၀ ကျော်ဖြင့် အလှည့်ကျ ကုသပေး လျက်ရှိပါတယ်။ 

Grand Hantha ဆေးရုံကြီးမှ ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://www.grandhantha.com/en/about-us

No (3), Corner of Nar Nat Taw Street and Kyee Myin Daing Kan Nar Road, Kamaryut Township,

Yangon, Myanmar.

01 231 7617,01 523 000 , 01 523 111

09-422049911 , 095202282

၃။ Asia Royal Hospital

အာရှတော်ဝင်ဆေးရုံကို အထပ် ၁၁ ထပ်တိုက်ဖြင့် စမ်းချောင်မြို့နယ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အာရှတော်ဝင်ဆေးရုံမှာဆိုရင် နိုင်ငံတကာ အဆင့်မီနည်းပညာဖြင့် အကောင်းဆုံး ဆေးကုသမှုများ ပေးနိုင်ရန်နှင့် လူနာများကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်ဖို့အတွက် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိပါတယ်။

အာရှတော်ဝင်ဆေးရုံမှာ လာရောက် ဆေးကုသမှုခံယူတဲ့ လူနာများအတွက် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့် လေ့ကျင့်သင်ကြားပေးထားတဲ့ သူနာပြုများဖြင့် ထိရောက်တဲ့ ဆေးကုသမှုများပေးနိုင်ဖို့အတွက် ၂၄ နာရီ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

လူနာအခန်း (၁၉၀) ကျော်၊ ကျွမ်းကျင်တဲ့ ပါရဂူဆရာဝန်ကြီး (၁၆၀) ကျော်နဲ့ နောက်ဆုံးပေါ် ခေတ်မီဆန်းသစ်တဲ့ စက်ပစ္စည်းပေါင်း (၁၀၀၀) ကျော်ဖြင့် ကောင်းမွန်စွာ လည်ပတ်နေတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်။ 

အာရှတော်ဝင်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://www.asiaroyalhospital.com/profile/

No. 14, Baho Road, Sanchanung Tsp, Yangon, Myanmar.

(+951) 7538055, (+959) 778778885

၄။ Victoria Hospital

ဝိတိုရိယ ဆေးရုံဟာဆိုရင် ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများဖြင့် ၂၄ နာရီပတ်လုံး အကောင်းမွန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကြီးဖြစ်ပါတယ်။ နိုင်ငံတကာမှ အထူးကု ဆရာဝန်ကြီးများနှင့် သာမက နိုင်ငံတကာမှာ ရှိတဲ့ ဆေးရုံများဖြင့် ပူးပေါင်းလုပ်ဆောင်ပြီး ပြည်တွင်း ဆေးရုံဝန်ဆောင်မှု အဆင့်အတန်းကို ပိုမိုမြင့်မား လာစေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။ 

ဝိတိုရိယ ဆေးရုံတွင် အောက်ခြေလူတန်းစာများ ဆေးကုသမှု ခံယူနိုင်ဖို့အတွက် အဓိကဝန်ဆောင်မှုပေးနိုင်မယ့် CSR ပရိုဂရမ် ကိုလည်း သီးသန့်ဝန်ဆောင်မှုတစ်ခုအဖြစ် ထားရှိပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူနာများအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ၊ ဆေးကုသမှု အကြံပေးဆွေးနွေးပေးခြင်းနှင့်အတူ ကျန်းမာရေး ဆေးနွေးပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

ဝိတိုရိယ ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://www.victoriahospitalmyanmar.com/contact/

No.68, Taw Win Road, 9 Mile, Mayangone Township, Yangon, Myanmar

01 966 6141, 01 966 6135

Advertisement 

Click Here > Tayza Wynn

၅။ Ar Yu International Hospital

ဆေးခန်းတည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ တည်ရှိပြီး ထိုင်းကျန်းမာရေးကုမ္ပဏီတစ်ခုနဲ့ ဆက်စပ်ဖွင့်ထားတဲ့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်ပါတယ်။ အထပ် ၁၃ ထပ် ပါရှိသော အဆောက်အဦးဖြစ်ပြီး လူနာကုတင် ၂၀၀ ဆံ့ပါတယ်။

သက်ဆိုင်ရာ ကျန်းမာရေးကုသဆောင်အမျိုးမျိုး ရှိပြီး လူနာတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို အထူးပြု ဆောင်ရွက်ပေးပါတယ်။

ဆေးရုံတွင် ကား ၃၅၀ စီးလောက် အသာလေး ရပ်နားရန်နေရာအဖြစ် ကျယ်ဝန်းတဲ့ ကားပါကင်တစ်ခုလည်း ရှိပါတယ်။ အရည်အသွေးအမြင့်မားဆုံးနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးဆောင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ဆေးရုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။ 

အာယု ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://aryuhospital.com/history/

No. 400, Kyaik Ka San Road, Tamwe Township, Yangon, Myanmar

(01) 9376 200

၆။ Pan Hlaing Hospital

ပန်းလှိုင်ဆေးရုံဟာ မြန်မာနိုင်ငံအနှံ့ ပန်းလှိုင်ဆေးရုံခွဲများ ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ နာမည်ကြီးတဲ့ ဆေးရုံကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီတဲ့ ဆေးရုံဖြစ်တဲ့အတွက် တစ်ခါတစ်ရံ နိုင်ငံခြားက ဆရာဝန်ကြီးတွေ လာရောက်ကုသပေးတဲ့ ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။

ဒါ့အပြင် ဆေးရုံက ဆရာဝန်တွေရဲ့ ၉၅% လောက်က အမေရိကန်၊ အင်္ဂလန်၊ ဩစတေးလျ၊ မလေးရှားနဲ့ စင်္ကာပူ စတဲ့ နိုင်ငံကြီးတွေမှာ အတွေ့အကြုံယူခဲ့တဲ့ မြန်မာဆရာဝန်ကြီးများဖြစ်ပြီး လူနာများကို အထူး ကြပ်မတ်ကုသပေးလျက်ရှိပါတယ်။

ဆေးရုံသည် အရေးပေါ် ဝန်ဆောင်မှုကို ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးခြင်း၊ ထိပ်တန်းအဆင့် နည်းပညာအရည်အသွေးမြင့်တဲ့ ခေတ်မီ စက်ကြီးများ ရှိခြင်း၊ မတူညီတဲ့ လူမှုစီးပွားရေးနောက်ခံအမျိုးမျိုးမှ လူတန်းစားအားလုံး လက်လှမ်းမှီစေရန် စျေးနှုန်းအမျိုးအစား (၅) မျိုး သတ်မှတ်ကာ ဝန်ဆောင်မှုပေးခြင်းတို့ကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရန် ကျန်းမာရေးစောင့်ရှောက်မှု နှီးနှောဖလှယ်ပွဲတွေကို စဉ်ဆက်မပြတ် ဦးစီးကျင်းပပေးလျက်ရှိတဲ့ ဆေးရုံကြီးလည်း ဖြစ်ပါတယ်။

ပန်းလှိုင် ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://aryuhospital.com/history/

Hlaing Thar Yar

Pun Hlaing Estate Avenue, Hlaing Tharyar Township, Yangon, Myanmar.

+95 9 77 288 99 22 (Hotline)

+95 9 77 288 99 11 (Emergency)

Taw Win

14/A, Taw Win St (Corner of Ambassador &Taw Win St), Dagon Tsp, Yangon, Myanmar

+95 9 77 288 99 22 (Hotline)

[email protected]

North Dagon

No. 34, Bandoola Street, 45th District, North Dagon Township, Yangon, Myanmar

+95 9 77 288 99 22 (Hotline)

Thanlyin

Bldg: A-5, Ground Floor, Wing - A, Star City, Thanlyin Township, Yangon, Myanmar

+95 56 231 501 (Ext: 1270, 1271), +95 56 231 502 (Ext: 1270, 1271), +95 56 231 503 (Ext: 1270, 1271), +95 9 449 523 534

၇။ Bahosi Hospital

ဗဟိုရ်စည်ဆေးရုံသည် ကုတင် ၁၈၀ ဆံ့တဲ့ ဆေးရုံဖြစ်ပြီး အတွင်းလူနာနှင့် အပြင်လူနာများ အဆင်ပြေဖို့အတွက် ဆေးရုံတွင် အထပ်တိုင်းရှိ ကောင်တာတိုင်းတွင် ဆရာဝန်များ၊ သူနာပြုများကို ထားရှိထားပါတယ်။

အတွင်းလူနာအတွက် အချိန်ပြည့်တာဝန်ယူ ကုသမှုပေးနိုင်ရန် သမားတော်ကြီးများ၏ လက်ထောက်ဆရာဝန်များကိုလည်း (၂၄) နာရီပတ်လုံး တာဝန်ချထားပါတယ်။ လူနာရှင်မိသားစုသည် လူနာနှင့်ပတ်သက်၍ စိတ်ပူပန်ရန် မလိုအပ်ဘဲ ဆေးဝယ်ခြင်း၊ ဆေးထိုးခြင်း၊ ဆေးကုသမှုပေးခြင်း အစရှိသည့် လိုအပ်ချက်မှန်သမျှကို တာဝန်ကျဆရာဝန်၊ သူနာပြုများမှ (၂၄) နာရီပတ်လုံး အလှည့်ကျ ဝန်ဆောင်မှုများ ပေးလျက်ရှိတဲ့ ပုဂ္ဂလိကဆေးရုံ ဖြစ်ပါတယ်။ 

ဗဟိုရ်စည်ဆေးရုံတွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> https://www.bahosihospital.com/

B 1/6 - 31/36 - 37/38, Bahosi Housing Complex , Wardan Street , Lanmadaw Township, Yangon , Yangon, Myanmar

01 2300502 - 01 2300514, 01 230 0631

၈။ Sakura Hospital 

မြန်မာနိုင်ငံရဲ့ သက်တမ်းကြာပြီဖြစ်တဲ့ Sakura ဆေးရုံကို ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးရုံသည် အထပ် ၁၀ ထပ်ရှိပြီး ကုတင် ၁၅၀ ဆံ့တဲ့ ပုဂ္ဂလိကဆေးရုံကြီး ဖြစ်ပါတယ်။ 

ဆေးရုံကြီးရဲ့ ပြင်ပလူနာနှင့် အတွင်းလူနာများကို သူနာပြု ၁၅၂ ယောက်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး အယောက် ၁၀၀ လောက်နဲ့ စုပေါင်းပြီး ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ခေတ်မီဆုံး ကိုယ်တွင်းအင်္ဂါ အစားထိုး ကုသနည်းစနစ်များ အပါအဝင် တခြားသော ကုသမှု အစီအစဉ်များ ပံ့ပိုးပေးနိုင်ရန်အတွက် နိုင်ငံခြား ဆေးရုံများနှင့် ရေရှည်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိတွင် ဆေးရုံသည် ကုတင် ၁၅၀ မှ ကုတင် ၃၅၀ အထိ ဆံ့တဲ့ ပုဂ္ဂလိကဆေးရုံအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။

ဆာကူရာဆေးရုံမှာ ရရှိနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို အသေးစိတ် သိရှိရန်

>> http://sakurahospital.com.mm/?

No.23, Shin Saw Pu Road, Sanchaung Township, Yangon, Myanmar (Burma).

Phone: +95-1-512 668

⇐ Previous Next

Read 820 times