IC လို့ အတိုကောက်ခေါ်တဲ့ Iron Cross တီးဝိုင်းကို ကြီးငယ်မဟူ ဂီတချစ်သူတိုင်း သိကြပါတယ်။ ယခု MY Yangon Guide က Iron Cross တီးဝိုင်းရဲ့ ဖျော်ဖြေတင်ဆက်မဲ့ အမိုက်စားရှိုးပွဲတစ်ခုအကြောင်း သတင်းပါးလိုက်ပါတယ်။
အဲဒါကတော့ Inya Lake Hotel (Outdoor) မှာ ကျင်းပမဲ့ Iron Cross Band နဲ့ အတူ မျိုးကြီး၊ ဝိုင်ဝိုင်း တို့ရဲ့ သီဆိုဖျော်ဖြေမဲ့ Rock Concert ပွဲအကြောင်းပဲ ဖြစ်ပါတယ်။ TAZAUNGDAING FULL MOON ROCK NIGHT လို့ အမည်ပေးထားတဲ့ ဒီပွဲကို အခုလာမဲ့ တန်ဆောင်တိုင်လပြည့်ညမှာ ကျင်းပမှာဖြစ်ပြီး Show ပွဲ Mood အပြည့်နဲ့ ပထမဦးဆုံး လွင့်မျောခံစားရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Iron Cross Band ရဲ့ အမိုက်စား music တွေနဲ့အတူ မျိုးကြီးရဲ့ အကြမ်းစား Rock သီချင်းတွေနဲ့ ကခုန်မလား၊ ဝိုင်ဝိုင်းရဲ့ တေးသီချင်းချိုချိုလေးတွေနဲ့ စီးမျောမလား။ MY Yangon Guide က ဂီတချစ်သူ Yangoners တို့ကို သတင်းလေး မျှဝေပေးလိုက်ပါပြီနော် …
Details
Location - Inya Lake Hotel
Date – 4.11.2025
Time – 7:00 PM

Read 72 times