Health & Beauty

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အမျိုးသား/ အမျိုးသမီး ဆံသဆိုင် (၁၀) ဆိုင်

The Best Hair Salons For Both Men And Women In Yangon

ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတာ တကယ်အမှန်ပါ။ ဆံပင်ပုံစံပြောင်းရင် ရုပ်ပါ ပြောင်းသွားတတ်ပါတယ်။ ဆံပင်ပုံစံပြောင်းတဲ့အခါမှာ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ပုံစံဖြစ်ဖို့ သေချာဆွေးနွေး ဖန်တီးပေးနိုင်တဲ့ ဆံသဆရာတွေ၊ ဆံသဆိုင်တွေကို သိထားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် Review တွေ ကောင်းပြီး၊ လူငယ်တွေ အကြိုက်တွေ့တဲ့ ရန်ကုန်မြို့က အကောင်းဆုံး အဆင့်မြင့် အမျိုးသားသီးသန့် ဆံသဆိုင် (၅) ဆိုင်နဲ့ အမျိုးသမီး ဆံသဆိုင် (၅) ဆိုင်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီးအရော ဆံသဆိုင် (၅) ဆိုင်

၁။ Shunji Matsuo Myanmar

ဂျပန်နိုင်ငံက နာမည်ကြီး ဆံပင်ပညာရှင် Mr. Shunji Matsuo ကိုယ်တိုင် ဖွင့်လှစ်ထားတဲ့ ဆံသဆိုင်ဖြစ်ပါတယ်။ Shunji Matsuo ဆံသဆိုင်တွေက ရန်ကုန်မှာတင်မက စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အမေရိကတို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။ သုံးတဲ့ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကြောင့် မှတ်ချက်ကောင်းတွေ ရထားပြီး မြန်မာနိုင်ငံက ရုပ်ရှင်မင်းသမီးတွေ၊ ဆယ်လီတွေရဲ့ လက်စွဲတော် ဆံသဆိုင်လို့လည်း ပြောနိုင်ပါတယ်။

၂။ Topps Hair & Beauty Salon

ဒီဆိုင်မှာက ဆံပင်ဝန်ဆောင်မှုအပြင် မျက်နှာအလှအပ ကုထုံးတွေ၊ လက်သည်း/ခြေသည်း အလှဖော်ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ စပိန်၊ ဂျာမနီ၊ ထိုင်းနဲ့ ဂျပန်တို့က တိုက်ရိုက်တင်သွင်းတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုတဲ့အပြင် ကျွမ်းကျင်ပြီး စိတ်ရှည်သော ဝါရင့်ဆံသပညာရှင်တွေကြောင့် နာမည်ကောင်း ရထားတဲ့ ဆိုင်လေး ဖြစ်ပါတယ်။

၃။ T8 Hair Design & Zen Spa

T8 Hair Design က ရန်ကုန်အပြင် မန္တလေး၊ တောင်ကြီး၊ နေပြည်တော်၊ တောင်ငူ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နဲ့ ပြည်မြို့တို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။ ဒီဆိုင်မှာလည်း ဆံပင်ညှပ်၊ ဆံပင်ပုံသွင်း၊ ဆံပင်ကောက်/ဖြောင့်၊ ဆေးဆိုးတာအပြင် SPA ဝန်ဆောင်မှုလည်း ရှိတော့ မျက်နှာအလှအပ၊ အနှိပ်ခံ၊ လက်သည်း၊ ခြေသည်း အလှပုံဖော်တာတွေလည်း စိတ်တိုင်းကျ လုပ်လို့ရပါတယ်။

၄။ Toni & Guy CM Hair 

ဒီဆိုင်လေးကတော့ လမ်းမတော်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုင်ခွဲ (၂) ဆိုင် ဖွင့်လှစ်ထားပါတယ်။ ဆံပင်လုပ်တာ (၁၅၀,၀၀၀) ကျပ်ဖိုး ပြည့်ရင် ၂၀% လျှော့စျေးရမယ့်အပြင် ရာသက်ပန် မန်ဘာကတ်တစ်ကတ် လက်ဆောင်ပေးပါတယ်။ မန်ဘာကတ် ပိုင်ရှင်တွေအတွက် မွေးနေ့အပြီး တစ်ပတ်အတွင်းမှာ ဆံပင် အခမဲ့ တစ်ကြိမ် သွားရောက် ပေါင်းတင်လို့ ရပါတယ်။ ဧည့်သည်အသစ်တစ်ယောက် မိတ်ဆက်ပေးရင် ဆံပင်ကျွတ်သက်သာတဲ့ Shampoo (၁) ဘူး လက်ဆောင်ပေးပါတယ်။

၅။ V47 Hair Design & Beauty Salon 

V47 မှာတော့ ဆံပင်ဝန်ဆောင်မှု၊ လက်သည်း/ခြေသည်းဝန်ဆောင်မှု၊ မျက်နှာနဲ့ အသားအရေဆိုင်ရာ ဝန်ဆာင်မှုတို့ကို ရရှိနိုင်ပါတယ်။ ဆိုင်ခွဲတွေကတော့ ရန်ကုန်နဲ့ မန္တလေးမြို့မှာ စုစုပေါင်း (၉) ဆိုင် ရှိပါတယ်။ မန်ဘာကတ်ရှိတယ်ဆိုရင်တော့ ၂၀% အထိ လျော့စျေးနဲ့ ဆားဗစ်တွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မန်ဘာကတ် မရှိသေးဘူးဆိုရင်တော့ ဆိုင်ခွဲတိုင်းမှာ ၉,၉၀၀ ကျပ်နဲ့ မန်ဘာကတ် ပြုလုပ်နိုင်ပါတယ်။

Advertisement

Click Here > Thein Gi Shwe Sin

အမျိုးသားသီးသန့် ဆံသဆိုင် (၅) ဆိုင်

၆။ Burman Barbershop

Burman Barbershop ကတော့ ရန်ကုန်က အမျိုးသားသီးသန့် ဆံသဆိုင်တွေထဲ နာမည်အကြီးဆုံးပါပဲ။ ဆိုင်အပြင်အဆင်ကလည်း ကိုလိုနီခေတ်က ဆံသဆိုင် ယဉ်ကျေးမှုကို အမှတ်ရစေတဲ့ ပုံစံမို့ ဆံပင်ညှပ်ဖို့ သက်သက်မဟုတ်ဘဲ ဘော်ဒါတွေနဲ့ စကားစမြည်း ပြောဖို့ပါ အဆင်ပြေပါတယ်။ ဆိုင်ခွဲ (၃) ဆိုင်ရှိပြီး ဒီ Link မှာ Booking တင်နိုင်ပါတယ်။

၇။ Fraser

ရန်ကုန်မြို့ရဲ့ နာမည်ကြီး အမျိုးသား ဆံသဆိုင်တွေထဲက တစ်ခုဖြစ်တဲ့ Fraser ဆိုင်ကို သက်လတ်ပိုင်း အမျိုးသားတွေကနေ ခေတ်လူငယ်တွေအထိ အကြိုက်တွေ့ကြပါတယ်။ ဆံသဆရာတွေရဲ့ လက်ရာက ထိပ်တန်းဖြစ်ပြီး ပါးမြိုင်းမွှေးနဲ့ မုတ်ဆိတ်မွှေးတွေအတွက်လည်း တာဝန်ယူပေးနေတဲ့ ဆိုင်ပါ။

၈။ The Gentleman’s Club 

နန်းတွင်းဆန်ဆန် အပြင်အဆင်နဲ့ ဒီဆိုင်လေးမှာ မြန်မာ့နန်းတွင်းသုံး ယွန်းထည်အသုံးအဆောင်တွေနဲ့ တန်ဆာဆင်ထားတာမို့ မြင်ဖူးနေကျ ဆံသဆိုင်တွေနဲ့ ကွဲထွက်နေပါတယ်။ ဆယ်နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီဆိုင်လေးက သပ်ရပ်ပြီး စျေးတန်တယ်လို့ နာမည်ကျော်တဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ 

၉။ Rangoon Barbershop

ဆိတ်ငြိမ် အေးချမ်းတဲ့ ရွှေတောင်ကြားလမ်းထဲက ဒီဆိုင်လေးမှာတော့ ပုံမှန် ပါးမြိုင်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ ဆံသဝန်ဆောင်မှုတွေအပြင် မျက်နှာသန့်စင်ပေးတဲ့ ဝန်ဆောင်မှုတွေပါ ရှိပါတယ်။

၁၀။ Mike Barbershop

မလေးရှားနိုင်ငံက Hair Zone Studio ရဲ့ ဆိုင်ခွဲဖြစ်တဲ့ Mike Barbershop မှာတော့ ပုံမှန်ဆံသတာအပြင် တက်တူးနဲ့ Piercing ဝန်ဆောင်မှုတွေပါ ရနိုင်ပါတယ်။ ဆိုင်နာမည်အတိုင်း ဆိုင်အပြင်အဆင်ကလည်း မိုက်ပြီး ခေတ်လူငယ်တွေအကြိုက် ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ ဆံသဆိုင် (၁၂၈၉) ဆိုင်ကို သက်ဆိုင်ရာ မြို့နယ် (၄၃) ခုအလိုက် အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

> https://bit.ly/3TbLANB

တခြားသော စီးပွားရေးလုပ်တွေ၊ အရောင်းဆိုင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို သိချင်တယ်ဆိုရင် ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

> https://www.yangondirectory.com/

⇐ Previous Next

Read 1904 times