Food & Drink

သီချင်းဆိုရင်း Chill ချင်သူတွေအတွက် KTV တွဲပါတဲ့ စားသောက်ဆိုင် (၆) ဆိုင်

The Best KTVs In Yangon

Music တွေ နားထောင်ရင်း Chill ရတာ မကြိုက်ဘူး၊ အေးအေးဆေးဆေး မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထိုင်သောက်ရတာလည်း မကြိုက်လို့ မူးလာရင် ဆိုလိုက်ရမှဆိုတဲ့ မိုက်ခဲလေးတွေအတွက် မိသားစု၊ သူငယ်ချင်းတွေ သွားလို့ကောင်းတဲ့ Family KTV စားသောက်ဆိုင် (၆) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Dragon Bar & Restaurant - DG Bar

ပထမဆုံး ပြောပြပေးမယ့်ဆိုင်ကတော့ အမှတ်(၃၅၃)၊ ဂျိုးဖြူလမ်း၊ တောင်ဒဂုံက အင်းဝအိမ်ရာမှာ ဖွင့်ထားပြီး စားသောက်ဆိုင်နဲ့ ဘားအပြင် ကာရာအိုကေပါ ဆိုလို့ရတဲ့ Dragon Bar & Restaurant - DG Bar ပဲ ဖြစ်ပါတယ်။ ဘီယာကို အကင်နဲ့မှ မြည်းချင်တဲ့သူတွေအတွက်လည်း အကင်အမျိုးအစား စုံလင်စွာရှိလို့ အစားအသောက် ကောင်းကောင်းနဲ့ ဝန်ဆောင်မှုကောင်းကောင်းတွေကြောင့် တစ်ခါသွားပြီးရင် ထပ်သွားချင်စိတ် ဖြစ်စေမယ့်ဆိုင်လည်း ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေစုပြီး သောက်ကြ စားကြရင်း ဆိုကြမယ် ပျော်ကြမယ်ဆိုရင် DG Family KTV ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ 

ဖုန်း - 09 773 000468

(၂) Family Music Land

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်ကိုမှ ကာရာအိုကေခန်းလေးတွေနဲ့ပါ တွဲလျက်ဖွင့်ထားတဲ့ Family Music Land ဆိုတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ပါရမီလမ်း၊ လှိုင်မြို့နယ်ဖြစ်ပြီး ပါရမီစိန်ဂဟာနဲ့ ဘုရားလမ်းမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတာဖြစ်လို့ သွားရလာရ အဆင်ပြေစေမယ့် ဆိုင်နေရာလည်း ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေနဲ့အတူ Rooftop မှာ Chill ရင်း နာမည်ကြီး အဆိုတော်တွေရဲ့ Unplugged သီချင်းလေးတွေလည်း နားထောင်လို့ ရပါတယ်။ ဒါ့အပြင် အားမရသေးလို့ အသံထပ်စစ်ချင်သေးတဲ့သူတွေအတွက်လည်း သီးသန့် ကာရာအိုကေအခန်းလေးတွေ ရှိပါတယ်။ 

ဖုန်း - 09 774 347877

(၃) Voice Industry KTV Entertainment

ဒီနေရာလေးကတော့ KTV သီးသန့်ကိုမှ အသောက်လေးနဲ့ပါ တွဲလျက် Chill ချင်တဲ့သူတွေအတွက် ဖွင့်ထားတဲ့ Voice Industry KTV Entertainment ဆိုတဲ့ နာမည်ရှိဆိုင် ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ ပထမထပ်၊ Urban Asia Center၊ ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ဖြစ်ပါတယ်။ ကွာလတီအကောင်းဆုံး Sound System ပါဝင်တဲ့ အခန်းတွေရှိတဲ့အပြင် အစားအသောက်တွဲလျက် ပါဝင်တဲ့ "တန်မှတန် Package" တွေကလည်း ရွေးစရာအစုံ ရှိပါသေးတယ်။ 

ဖုန်း - 09 45888 9292

Click Here >>> Hmwe

(၄) mCube Waizayantar

ဒီဆိုင်ကတော့ အမှတ် (၆၀)၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်ထားတဲ့ mCube Waizayantar ဆိုတဲ့ ဆိုင်ဖြစ်ပါတယ်။ သီချင်းဆိုရင်း စားသောက်ချင်သူတွေအတွက် ကာရာအိုကေဆိုတဲ့ အချိန်နဲ့ အစားအစာတွေကို တွဲပြီး Package လေးနဲ့ စီစဉ်ပေးထားတာဆိုတော့ Budget Save ဖြစ်စေမယ့် ဆိုင်လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ သောက်ရင်းစားရင်း မိုက်ခဲပြီး Stress ဖြေဖျောက်နိုင်စေဖို့ ဒီဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။

ဖုန်း - 09 799958226

(၅) Grammy Family KTV

သူ့ဆိုင်က အခန်းတွေက ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ်ရှိပြီး Sound System ကောင်းတဲ့ KTV တစ်ခုပါပဲ။ သူငယ်ချင်းတွေ စုပြီး အေးအေးဆေးဆေး Chill မယ်ဆိုရင် Budget Save ဖြစ်တဲ့ ဆိုင်မျိုးပါ။ ကိုယ်ဆိုထားတဲ့ သီချင်းကိုလည်း ဖုန်းနဲ့ အမှတ်တရ Recording လုပ်သွားလို့ ရပါတယ်နော်။ တစ်နာရီစာ Seession ကြေးနဲ့ ယူလို့ရသလို အခန်းခနဲ့ အစားအသောက်ပါပါတဲ့ Package Set တွေလည်း ရှိပါတယ်။ ဒီနိုဝင်ဘာလတစ်လလုံး Buy 2 Get 1 Hour Session Free ပရိုမိုရှင်းလည်း ရှိတာကြောင့် သွားမယ်ဆိုရင်တော့ ဆိုင်က အမှတ် ၁၉၅-၂၀၃၊ ဆာကူရာ ဟိုတယ် Penthouse Floor၊ ကြည့်မြင်တိုင် ကမ်းနားလမ်း (သစ်တောမှတ်တိုင်အနီး)၊ အလုံမြို့နယ်မှာ ရှိပါတယ်။   

ဖုန်း - 09887766100

(၆) Music K Family KTV

အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ အပြီဟဲဖို့ နေရာကောင်းလေးတစ်ခု ရှာနေတာဆိုရင်တော့ Music K Family KTV က ရွေးချယ်စရာ နေရာတစ်ခုပါပဲ။ သူ့ဆိုင်ရဲ့ ရွေးချယ်စရာ အခန်းတွေက လူများများ ဆံ့ပြီး အခန်းအပြင်အဆင်ကလည်း ခမ်းနားလှပပါတယ်။ သောက်စရာ၊ စားစရာ အစုံအလင်အပြင် Facility လည်း ပြည့်စုံတာကြောင့် ရေမီးအစုံနဲ့ လေထီးခုန်ရုံပါပဲ။ Staff Part တို့၊ Bachelor Party တို့လုပ်သလိုမျိုး လူများများနဲ့ ကဲချင်တဲ့ ဘော်ဒါတွေအတွက်လည်း လူ (၄၀) ကျော်လောက် ဆံ့ပြီး ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုလို့ရတဲ့ Mini Band လေးပါ ပါတဲ့ Function Hall လေးလည်း ရှိပါတယ်။ သူ့ဆိုင်က အမှတ် ၂၉၁/၂၉၃၊ အောက်ကြည့်မြင်တိုင်လမ်းမ၊ အလုံမြို့နယ်မှာ ရှိပါတယ်။

ဖုန်း - 09 44550 0600

⇐ Previous Next

Read 1212 times