Travel

ဝင်ကြေးခ တိုးသွားတဲ့ အမျိုးသားပြတိုက်အပါအဝင် ရှေးဟောင်းပြတိုက် (၃) ခု

Entrance Fees of Museums in Myanmar

ခရီးတွေထွက်တဲ့အခါမှာ မဖြစ်မနေ လည်ပတ်ရမယ့် နေရာတွေထဲ ဒေသတစ်ခုရဲ့ အထင်ကရနေရာတွေအပြင် ယဉ်ကျေးမှုပြတိုက်တွေ၊ ရှေးဟောင်းသုတေသနပြတိုက်တွေ၊ အမျိုးသားပြတိုက်တွေလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နောင်လာနောင်သားတွေအတွက် ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကို ဗဟုသုတရအောင် လေ့လာလို့ရသလို တန်ဖိုးထား ထိန်းသိမ်းရကောင်းမှန်း သိအောင် သွားရောက်လည်ပတ်သင့်တဲ့ နေရာတွေဖြစ်ပါတယ်။ 

ဒီနေရာတွေကို မလည်ပတ်ခင်မှာ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်တွေအတွက် သတ်မှတ်ထားတဲ့ ဝင်ကြေးနှုန်းထားတွေကို သိထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီဇင်ဘာ (၁) ရက်နေ့ကနေ စတင်ပြီး အမျိုးသားပြတိုက် (ရန်ကုန်)၊ အမျိုးသားပြတိုက် (နေပြည်တော်) နဲ့ ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့မှာ ဝင်ကြေးခ တိုးမြှင့်ကောက်ခံတော့မယ့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

     Advertisement

Click Here > Htun Tauk

ဝင်ကြေးခ ပြောင်းလဲ ကောက်ခံတော့မယ့် အမျိုးသားပြတိုက် (ရန်ကုန်)၊ အမျိုးသားပြတိုက် (နေပြည်တော်) နဲ့ ပုဂံရှေးဟောင်းသုတေသနပြတိုက် (၃) ခုလုံးမှာ ပြည်တွင်းက ဧည့်သည်တစ်ဦးကို ဝင်ကြေး ၁,၀၀၀ ကျပ်နှုန်းနဲ့ ပြည်ပဧည့်သည်ဆို ဝင်ကြေး ၁၀,၀၀၀ ကျပ်နှုန်းအဖြစ် တိုးမြှင့်ကောက်ခံသွားဖို့ ရှိပါတယ်။ ရဟန်း၊ သီလရှင်၊ ကျောင်းသားနဲ့ အသက် ၁၂ နှစ်အောက် ကလေးများအတွက်တော့ ဝင်ကြေးမှာ အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မတိုင်မီ လတ်တလောအချိန်မှာ ဝင်ကြေးကတော့ အရင်ကအတိုင်း ပြည်တွင်း ဧည့်၀င်ကြေး လူကြီးတစ်ဦးကို ၅၀၀ ကျပ်နဲ့ ပြည်ပ ဧည့်ဝင်ကြေး လူကြီးတစ်ဦးကို ၅,၀၀၀ ကျပ် ကောက်ခံလျက်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံခြား ခရီးသွားတွေအတွက် မန္တလေးယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်နဲ့ ပင်းတယ ယဉ်ကျေးမှုဇုန်တို့မှာ ဝင်ကြေးတွေကို ကျပ်တစ်သောင်း သတ်မှတ်ထားရာမှ အောက်တိုဘာလကနေစပြီး ဇုန်ဝင်ကြေး ကျပ်တစ်သောင်းခွဲအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသေးတယ်။ 

Source - ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

⇐ Previous Next

Read 785 times