Food & Drink

လစာထုတ်ရက် ငွေရွှင်တုန်း သွားစားသင့်တဲ့ ဆိုင် (၇) ဆိုင်

The Best Local Restaurants In Yangon

မနေ့က လစာထုတ်ထားတော့ လက်ထဲ ငွေရွှင်နေတုန်း ကိုယ်စားချင်တာတွေ အပြတ်ဝယ်စားလို့ရအောင် အစားအသောက်ကောင်းတွေ ရတဲ့ ဆိုင် (၇) ဆိုင်ကို မျှဝေပေးချင်ပါတယ်။

(၁) Mr.Cow 

အရသာရှိတဲ့ ထိုင်၀မ်စတိုင် အစားအသောက်တွေကို တစ်နေရာတည်းမှာ ရနိုင်တဲ့  အလုံလမ်းမပေါ်က Mr.Cow ဆိုတဲ့ ဆိုင်လေးမှာ နာမည်ကြီးတာကတော့ BBQ အသားကင်ချောင်း၊ ထိုင်ဝမ်စတိုင် ဝက်စတူး နူးအိအိလေးနဲ့ Mozzarella ချီစ့် အပြည့်ပါတဲ့ Seafood Baked Rice တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်မှာ မာလာအိုး၊ မာလာတုတ်ထိုး၊ မာလာရှမ်းကော၊ မောက်ချိုက်နဲ့ တခြား မီနူးတော်တော်များများ အကုန်ရပါတယ်။

(၂) Meru Windermere Square 

အီတလီမြို့လေးထဲ ရောက်သွားသလို ခံစားရမယ့် ဒီဆိုင်လေးက ဝင်ဒါမီယာဝန်းထဲမှာ ရှိပါတယ်။ တစ်ဆိုင်လုံးကို နံရံဖြူဖြူရယ်၊ အပြာရောင်တံခါးတွေရယ်၊ မျက်နှာကြက်မှာ ပန်းအိုးသေးသေးလေးတွေ ချိတ်ထားတာရယ်၊ နံရံပေါ်က ပန်းချီးလေးတွေရယ်နဲ့ ပေါင်းစပ်ပြီး အလှဆင်ထားတော့ ဆိုင်ထဲ ဝင်လိုက်တာနဲ့ အီတလီမြို့ထဲက စိတ်ကူးယဉ်ဆန်တဲ့ ကော်ဖီဆိုင်လေး ရောက်သွားသလိုမျိုးကို ခံစားရမှာပါ။

ဆိုင်တစ်ဆိုင်ထဲမှာကို Fine Dining House၊ Private Room၊ Café၊ အောက်ထပ်မှာဆို လူငယ်တွေအတွက် Blue Bar နဲ့ လူကြီးတွေအတွက် Hard Rock Bistro၊ ဆိုင်အပြင်ဘက်မှာလည်း ထိုင်ဖို့နေရာ၊ Rooftop မှာဆို ရွှေတိဂုံဘုရားကို မြင်ရတဲ့ နေရာပုံစံဆိုပြီး (၇) မျိုးလောက် လုပ်ပေးထားပါတယ်။ ဒီဆိုင်မှာ ထိုင်း၊ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ရှမ်းအစားအစာနဲ့ Dim Sum တွေအပြင် Bar လည်းတွဲပါတော့ Cocktail၊ Beer နဲ့ Shisha တွေပါ ရပါတယ်။

(၃) 38 Station Teppanyaki Restaurant 

ဒီစားသောက်ဆိုင်က ဂျပန်အစားအသာက်တွေကို အရည်အသွေးကောင်းကောင်း၊ အရသာရှိရှိ စားချင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ အထူးဟင်းလျာကတော့ အငွေ့တထောင်းထောင်း ထနေတဲ့ သံပြားပူထမင်း ဖြစ်ပါတယ်။ သံပြားပူထမင်းကို ကြက်၊ အမဲ၊ ဝက်၊ ငါး၊ ပုစွန်၊ အသီးအရွက်တွေ အစုံအလင်နဲ့ စိတ်ကြိုက် ရွေးစားလို့ ရပါတယ်။

တခြားမီနူးတွေအနေနဲ့ Wagyu Beef၊ Teppanyaki၊ Gyoza၊ Pork Salad၊ Bacon၊ Salmon၊ Dory နဲ့ Sushi Roll အစုံလည်း ရှိပါတယ်။  သောက်စရာထဲမှာဆို ဂျပန်ဆန်အရက် Saké အပြင် လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေပါ မှာလို့ရပါတယ်။

(၄) Wingabar Coffee & Chills

Fine Dining ဆန်ဆန် အနောက်တိုင်း အစားအသောက် ကောင်းကောင်းစားချင်တဲ့ သူတွေအတွက် ဒီဆိုင်လေးက အဆင်ပြေပါတယ်။ ဆိုင်ကလည်း မကျဉ်းမကျယ်လေးနဲ့ တစ်နေရာချင်းစီကို Decoration လှလှလေး ပြင်ထားပါသေးတယ်။

ဒီဆိုင်မှာ ကော်ဖီနဲ့ သောက်စရာ အမျိုးပေါင်း (၉၀) ကျော်ရှိလို့ ကိုယ်ကြိုက်တဲ့ အရသာကို စိတ်ကြိုက်ရွေးလို့ ရပါတယ်။ ဆိုင်မှာ ရနိုင်တဲ့ မီနူးတွေကတော့ Burger၊ Sandwich၊ Toast၊ Pasta၊ Shawarma၊ Tacos၊ Mac 'n Cheese တွေအပြင် အစားများတဲ့ အာလူးချောင်းကြော်နဲ့ ကြက်ကြော်တို့ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ သွားရင် ဆော့လို့ရအောင် မိုနိုပိုလီ၊ အူနိုဂိမ်းတွေပါ ထားပေးထားပါတယ်။

Click Here > Ko Thein Zaw

(၅) The Table

ဆိုဂျူသောက်ရင်း ကိုရီယားဆန်ဆန် Chill ချင်တဲ့ သူတွေအတွက် The Table ဆိုတဲ့ ဆိုင်လေးက အိုအေစစ်ပါပဲ။ ဟင်းပွဲတွေကိုလည်း အငွေ့တထောင်းထောင်း ထနေတဲ့ Hot Plate ကြီးနဲ့ လာချပေးတော့ ပူပူနွေးနွေးနဲ့ စားလို့ ပိုကောင်းတာပေါ့။ နူးအိနေပြီး အသားထဲထိ အရသာစိမ့်ဝင်နေတဲ့ ချိုအိမွှေး Pork Bulgogi နဲ့ Pork Belly ကို ဆိုဂျူသောက်ရင်း အမြည်းအနေနဲ့ စားနိုင်ပါတယ်။ ဒီဆိုင်လေးက Spicy Seafood Stew၊ Kimchi Stew၊ Bibimbap၊ Spicy Squid၊ Jjajang Noodle စတဲ့ ကိုရီးယားမီနူးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။

(၆) Sate Kyite Seafood

ကမ်းခြေထိသွားစရာမလိုဘဲ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်စားလို့ရမယ့် Sate Kyite Seafood ဆိုင်မှာ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ဂဏန်း၊ ဆဲလ်မွန်၊ ကျောက်ပုစွန်၊ ရေချိုပုစွန်အပြင် တခြားပင်လယ်စာတွေပါ စုံနေအောင် ရပါတယ်။ ဒီဆိုင်လေးမှာ နာမည်ကြီးတာကတော့  ပင်လယ်စာဗန်း ဖြစ်ပါတယ်။ သူ့ထဲမှာ ကျောက်ပုစွန်၊ ဥအပြည့် ဂဏန်း၊ ပြည်ကြီးငါးကင်၊ ပုစွန်ကင်၊ ပလာတူးငါးနဲ့ Side Dish ကို အာလူးချောင်းကြော် ပါပါတယ်။ ရေဘဝဲကင်နဲ့ ကင်းမွန်ကင်ဆိုလည်း ဝါးလိုက်ရင် တထုပ်ထုပ်နဲ့ အချဉ်ရည်စပ်စပ်လေးနဲ့ တို့စားလို့ ရှယ်မိုက်ပါတယ်။ 

(၇) Pizzamaru 

Pizzamaru Myanmar ကတော့ ကိုရီယားစတိုင် ပီဇာနဲ့ ကြက်ကြော်ကို Signature Menu အဖြစ် ရောင်းချပေးလျက်ရှိတဲ့ Franchise Brand လေးဖြစ်ပါတယ်။ Pizzamaru မှာ Korean Pizza၊ Korean Fried Chicken အပြင် Rice Tower၊ Pasta၊ Toppoki၊ Salad၊ Coffee နဲ့ Drinks တွေကို မှာယူ သုံးဆောင်နိုင်ပါတယ်။ နောက်ပြီး Signature Drinks တွေထဲက နာမည်ဆန်းဆန်းလေးတွေ ပေးထားတဲ့ Jeju Breeze၊ Pyeongchang Snow၊ Busan Morning၊ Seoul Promise တို့ကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။

⇐ Previous Next

Read 1809 times