Technology

Samsung ရဲ့ စျေးအသက်သာဆုံးဖုန်းတွေဖြစ်လာတဲ့ Galaxy A12 နဲ့ Galaxy A02s

The Galaxy A12 and Galaxy A02s are Samsung's cheapest phones

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းရောင်းချတဲ့ ကုမ္ပဏီဖြစ်တဲ့ Samsung ဟာဆိုရင် Budget Phone လောကထဲကို ခြေလှမ်းတွေ ခပ်စိတ်စိတ်လှမ်းလာတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း Budget ဖုန်းအသစ်နှစ်မျိုးဖြစ်တဲ့ Galaxy A12 နဲ့ Galaxy A02s ကိုထပ်မံ ထုတ်လုပ်လိုက်ပါတယ်။ 

 

အဓိကအားဖြင့် ဒီဖုန်းတွေက Screen ခပ်ကြီးကြီးနဲ့ Battery ခပ်များများမှ ကြိုက်တတ်တဲ့သူတွေ အတွက်ရည်ရွယ်ထားတာကို တွေ့ရပါတယ်။ ဘာလို့ ဒီလိုပြောရလဲဆိုရင် Screen 6.5” ရှိပြီးတော့ Battery အနေနဲ့ဆိုရင်လည်း 5000mAh နဲ့အတူ  Fast Charging 15W ကိုထည့်သွင်းပေးထားလို့ပါ။ IPS LCD အမျိုးအစားဖြစ်ပြီးတော့ 720p resolution ရှိပါတယ်။ 

 

 

ဒါ့အပြင် Samsung  ရဲ့ ပါနေကျဖြစ်တဲ့ Dolby Atmos,Display ကောင်းတာတွေကိုလည်း ဆက်လက်ခံစားရမှာပါ။Galaxy A12 မှာဆိုရင် 48MP Main Camera,5MP Ultra Wide,2MP Macro နဲ့ 2MP depth ဆိုပြီး camera လေးလုံးအထိ ပါဝင်ပြီးတော့ Galaxy A02s မှာတော့ 13MP Main Camera, 2Mp Macro နဲ့ 2MP Depth ဆိုပြီး သုံးလုံးပါဝင်မှာပါ။ 

 

ဖုန်းနှစ်လုံးစလုံးဟာ Android 10 Version နဲ့လာမှာဖြစ်ပြီးတော့ Chipset အပိုင်းမှာတော့ A12က Helio p35(8nm) နဲ့ A02s က Snapdragon 450 (14nm) တို့ကိုထည့်သွင်းထားပါတယ်။ Plastic back, Plastic Frame နဲ့ဖြစ်ပေမယ့် သုံးရတာ စျေးပေါတယ်ဆိုတဲ့ ခံစားချက်ကိုတော့ ရမှာမဟုတ်ပါဘူး။ဒါ့အပြင် ပေးအပ်နေကြဖြစ်တဲ့ No Worry Crack ကိုလည်း ပေးသွားမှာပါ။ 

 

 

No Worry Crack ဆိုတာက ဝယ်တဲ့အချိန်ကနေစပြီး 2021 ဒီဇင်ဘာ 31 ရက်အထိ မတော်တဆဖြစ်လို့ Screen ကွဲတာဘာညာဖြစ်မယ်ဆိုရင် (50%) လျော့ပေးသွားမယ့် အစီအစဥ်တစ်ခုပါ။Galaxy A12 ကို ဇန်နဝါရီလ (၈)ရက်နေ့ကနေစပြီး 4/128 GB အမျိုးအစားကို (၂၄၉,၀၀၀) ကျပ်နဲ့ 6/128 GB အမျိုးအစားကို မြန်မာငွေကျပ် (၂၇၉,၀၀၀) ကျပ် နဲ့ရောင်းချသွားမှာပGalaxy A02s စမတ်ဖုန်းကိုတော့ မြန်မာနိုင်ငံမှာ ဇန်နဝါရီလ (၁၆) ရက်နေ့ကနေ စတင်ပြီး (၁၈၉,၀၀၀) ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။အရောင်အနေနဲ့ အဖြူ၊အပြာ၊အနက်ဆိုပြီး (၃) မျိုးရွေးချယ်နိုင်မှာပါ။

 

 

 

⇐ Previous Next

Read 3671 times