Food & Drink

Chocolate ရဲ့ရာဇဝင်?

The History Of Chocolate

Valentine Day ရဲ့ပြယုက်လည်းဖြစ်တယ် ဒါ့အပြင် မိန်းကလေး(၁၀)ယောက်မှာ (၉)ယောက်နီးပါးကြိုက်တဲ့ ချောကလက်ကို ဘယ်အချိန်တုန်းက စပြီးတီထွင်ခဲ့လည်းဆိုတာ သိလား??ချောကလက်ရဲ့ သမိုင်းရာဇဝင်ကို လိုက်ရမယ်ဆိုရင် ရှေးဟောင်းမာယာ လူမျိုးတွေထံကနေဆင်းသက်လာတယ်လို့ ပြောကြသလို မက်ဆီကိုတောင်ပိုင်း အိုမက်စ် လူမျိုးစုတွေဆီကနေ ဖြစ်တည်လာတယ်လို့လည်း ဆိုကြပါတယ်။ 

 

ဒီကနေ့မှာ ချောကလက်လို့ဆိုလိုက်တာနဲ့ အထဲမှာ ဗာဒံစေ့လေးတွေ၊မြေပဲလေးတွေထည့်ထားတဲ့ ခပ်ချိုချို အချောင်းလေးတွေလို့ စိတ်ထဲမှာ မြင်ယောင်မိကြမှာဆိုပေမယ့် ချောကလက်စ ပေါ်ကာစတုန်းကတော့ နည်းနည်းလေးခါးသက်သက်အရသာနဲ့ စပေါ်တာဖြစ်ပါတယ်။ 

 

ချောကလက်ကို တောင်အမေရိကမှာရှိတဲ့ ကိုကိုးပင်ကနေ ထုတ်လုပ်တာဖြစ်ပြီး ပဲသီးလိုမျိုးအထဲမှာ ကိုကိုစေ့လေးတွေ အစေ့(၄၀)လောက်ပါပါတယ်။ ဒီအစေ့တွေကို အခြောက်ခံပြီးတော့ ကိုကိုးအမှုန့်ကို လုပ်တာဖြစ်ပါတယ်။ ဒီကနေမှတစ်ဆင့် ချောကလက်ဆိုပြီး ဖြစ်လာတာပါ။

 

မာယာလူမျိုးတွေရဲ့ ချောကလက်

အိုမက်စ်တွေ ချောကလက်ပြုလုပ်တယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရပေမယ့် မာယာလူမျိုးတွေ ချောကလက်စားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေတော့ ရှာတွေ့ခဲ့ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ အရေးကြီးတဲ့ ပွဲတွေမှာ ချောကလက်ကို သောက်တတ်ကြတယ်လို့ သမိုင်းပညာရှင်တွေက ဖော်ပြခဲ့ပါတယ်။

 

ဒါပေမယ့် ချောကလက်စားတာက ကြွယ်ဝချမ်းသာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မပြပဲနဲ့ လူတိုင်းလူတိုင်းကို စားစရာမျိုးစုံနဲ့ ချောကလက်ကို တွဲဖက်စားသုံးကြပါတယ်။တစ်ခါတစ်လေ ချောကလက်ကို ငရုတ်သီးမုန့်ရယ်၊ရေရယ်၊ပျားရည်ရယ်နဲ့ ရောစားတတ်ကြပါသေးတယ်။ 

 

စပိန်တွေရဲ့ Hot Chocolate

ဥရောပတိုင်းပြည်တွေကို ပထမဆုံးချောကလက် ရောက်ရှိလာတာကတော့ ဆိုရိုးတွေအမျိုးမျိုးရှိပါတယ်။ ပထမတစ်ခုအနေနဲ့ Christopher Columbus က အမေရိကတိုက်ကြီးကနေ စပိန်ပြည်ကို ကိုကိုစေ့တွေ သင်္ဘောနဲ့သယ်လာတယ်လို့ ပြောကြပြီး တစ်ချို့ကတော့ စပိန်စွန့်စားသူ Hernan Cortes ကစပိန်ပြည်ကို ယူလာခဲ့တယ်လို့ဆိုကြပါတယ်။ 

ဘယ်လိုပဲ ရောက်ရောက် (၁၅၀၀)ပြည့်နှစ်လောက်မှာတော့ Hot Chocolate ဟာစပိန်လူထုရဲ့ အသည်းစွဲချစ်တာကို ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ အီတလီ၊ပြင်သစ်ကဲ့သို့သော ဥရောပအလယ်ပိုင်း နိင်ငံတွေကို ရောက်ရှိခဲ့ပါတယ်။ 

 

ကိုကိုးမှုန့် 

ချောကလက် ဥရောပကို စရောက်တဲ့အချိန်ကတော့ လုံးဝလူချမ်းသာတွေပဲ သုံးနိုင်တဲ့ Luxury ပစ္စည်းပါ။ဒါပေမယ့် (၁၈၂၈) ရောက်တဲ့အချိန်ရောက်တော့ နယ်သာလန် ဓာတုဗေဒပညာရှင် Coenraad Johannes van Houten ဟာ အယ်ကာလိုင်းဓာတ်ကဲတဲ့ ဆားနဲ့ပေါင်းစပ်ပြီး ချောကလက်အမှုန့်လုပ်နည်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြီးကနာမည်ကြီးသွားပြီးတော့ Dutch Cocoa လို့တောင်ခေါ်ခဲ့ရတဲ့ အထိပါပဲ။ 

 

 

(၁၉)ရာစုနှောင်းပိုင်းနဲ့ (၂၀)ရာစုလောက်မှာတော့ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Cadbury, Mars, Nestle and Hershey တို့ကနေပြီးတော့ ချောကလက်ကို အကြီးအကျယ်ထုတ်လုပ် လာပါတော့တယ်။ချောကလက်ကို သောက်လို့ရတယ်ဆိုပေမယ့် လူအများဆုံး စားသုံးတဲ့နည်းကတော့ အခဲအဖြစ်စားတာရယ် အချိုပွဲနဲ့၊မုန့်တွေပြုလုပ်တဲ့ အခါမှာ အသုံးပြုကြတာပါပဲ။ဒါပေမယ့် ကျွန်တော်တို့ ယနေ့ခေတ်စားနေကြတဲ့ ချောကလက်တွေဟာ ကျန်းမာရေးအတွက် အထောက်အကူမပြုကြပဲ Dark Chocolate ကသာနှလုံးကျန်းမာရေးနဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

⇐ Previous Next

Read 1502 times