Entertainment

(၂၀၂၀) ခုနှစ်အတွင်း မဖြစ်မနေ ကြည့်သင့်တဲ့ ရေပန်းစား လူကြိုက်များနေတဲ့ သရဲကား (၅) ကား

The most scariest movies that are released in 2020

စိတ်လှုပ်ရှားဖွယ် သရဲကားတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်ထွက်ရှိထားတဲ့ Horror Movie တွေထဲမှ လူတော်တော်များများ အကြိုက်တွေ့နေတဲ့ ဇာတ်လမ်းကောင်း (၅) ခုကို ပြောပြပေးထားပါတယ်။ 

၁။ Hotel Lakes ( 2020 )

ယခုဇာတ်ကားလေးကတော့ (၂၀၁၈) ခုနှစ်က စတင် ရိုက်ကူးခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတစ်ခု ဖြစ်ပြီး Director Yoon Eun-Kyung ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသမီး Lee Se Young အဓိက ပါဝင်အားဖြည့်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးထဲမှာတော့ Lee Se Young ဟာ ငယ်ငယ်တည်းက  မိတစ်ကွဲ၊ ဖတစ်ကွဲနဲ့ ဘဝကို တစ်ယောက်တည်း ရုန်းကန်နေခဲ့ရပါတယ်။ တစ်ဝမ်းကွဲ ညီမလေးကို သူနဲ့အတူ စောင့်ရှောက်ဖို့ ဖြစ်လာတဲ့ အခါမှာတော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ပိုင်တဲ့ Hotelတစ်ခုမှာ ခဏအပ်ထားဖို့ လုပ်ရာမှ မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ 

ဒီလိုမထင်မှတ်ထားတဲ့ အခြေအနေတွေကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရမယ့် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ 

 

၂။ Soul (2020)

Soul ဆိုတဲ့ ဇာတ်လမ်းကတော့ ဩဂုတ်လ (၆) နေ့ကမှ မလေးရှားနိုင်ငံမှာ ထုတ်လုပ်ဖြန့်ချီခဲ့ပြီး Director Emir Ezwan ရဲ့ ဖန်တီးရိုက်ကူးမှုတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့ မြို့နဲ့ဝေးတဲ့ တောကြီးတစ်ခုထဲမှာ နေထိုင်တဲ့ မိခင်ဖြစ်သူနဲ့ မောင်နှမ ၂ ယောက်ရဲ့အကြောင်း ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့  မောင်နှမနှစ်ယောက် တောထဲသွားရင်း ကောင်မလေး တစ်ယောက်ကို တွေ့တာနဲ့ သူတို့ရဲ့အိမ်ကို ခေါ်သွားရာကနေ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့လာရပါတယ်။ 

 

ဒီလို အခြေနေတွေကို ဘယ်လို ဖြေရှင်းကြမှာလဲ၊ ကောင်မလေးက ဘယ်ကလာတာလဲ စတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။ 

၃။ Alive (2020) 

Alive Movie ကတော့ သရဲကားဆိုတာထက် Zombie ကားလေး ဖြစ်ပါတယ်။ Director Cho Li Hyun ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေ အနေနဲ့ Yoo In Ah နဲ့ Park Shin Hey တို့ ပါဝင်ထားပါတယ်။ 

ဇွန်လ (၂၄) ရက်နေ့က ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးက နိုင်ငံတကာ Rating (6.2) ရရှိထားပြီး Korea မှာရော နိုင်ငံတကာမှာပါ အောင်မြင်မှုရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းလေးကတော့ ကိုရီးယားနိုင်ငံရဲ့ မြို့တစ်မြို့မှာ အမည်မသိတဲ့ ရောဂါပိုးတစ်ခု ပြန့်နှံ့သွားပြီး ထိန်းချုပ်မရ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ တိုက်ခန်းတွဲကြီးတစ်ခုမှာ ပိတ်မိနေတဲ့ Yoo In Ah နဲ့ Park Shin Heyတို့ အသက်ဘေးမှ လွတ်မြောက်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ 

၄။ Amulet (2020) 

ဒီဇာတ်ကားလေးကတော့ ဇူလိုင်လက ထွက်ရှိခဲ့တာဖြစ်ပြီး မင်းသမီး Romola Garai ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းပုံစံကတော့ စစ်ဘေးရှောင် ကာလတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ 

စစ်ဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ဘုရားကျောင်းတစ်ခုရဲ့ သီလရှင်တစ်ပါးက အကူအညီပေးမယ်ဆိုပြီး မက်ဂါဆိုတဲ့ ကောင်မလေးတစ်ယောက် နေတဲ့အိမ်မှာ စစ်ဘေးရှောင်သူတွေကို ပုန်းခိုစေခဲ့ပါတယ်။

ဒီလိုပုန်းခိုနေရင်းနဲ့မှ ကြုံတွေ့ရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေး တစ်ကားဖြစ်မှာပါ။

၅။ Low Season (2020) 

Low Season ဆိုတဲ့ ဇာတ်ကားလေးကတော့ ပုံမှန်သရဲကားတွေနဲ့ မတူဘဲ Horror-Comedy ဇာတ်လမ်း အမျိုးအစား ဖြစ်ပါတယ်။ ထိုင်း Director တစ်ယောက်ဖြစ်တဲ့ Nareubadee Wetchakam မှ ရိုက်ကူးထားပြီး။ အဓိက သရုပ်ဆောင် နေရာမှာတော့ Mario Maurer နဲ့ Ploypailin Wetchakam တို့က ပါဝင်ထားပါတယ်။ 

ဇာတ်လမ်းလေးကတော့ ငယ်ငယ်ထဲက သရဲတွေကို မြင်နိုင်တဲ့ ကောင်မလေး တစ်ယောက်ဟာ အသက်ကြီးလာတဲ့အခါ ဇာတ်ညွှန်းရေး ဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ အချစ်ရေးနဲ့ ပုံမှန်မဟုတ်တဲ့ သူမရဲ့အခြေအနေကြားက အကြောင်းလေးတွေကို Comdey တစ်လှည့်၊ Horror တစ်လှည့ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Comedy - Horror အမျိုးအစား ဖြစ်တာမို့ လူငယ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 

⇐ Previous Next

Read 2056 times