Travel

Covid-19 ကာကွယ်ရေးအတွက် ခရီးသွားလာ ကန့်သတ်မှုများကို (၁၅) ရက် ထပ်မံတိုးချဲ့

Travel restrictions on Covid-19 protection extended by 15 days

မြန်မာနိုင်ငံအနေဖြင့် Covid-19 ရောဂါကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်ရန် ခရီးသွားလာ ကန့်သတ်မှုကို ဇူလိုင်လ (၁၅) ရက်နေ့အထိ ထပ်မံ တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။

နိုင်ငံတကာ လေကြောင်းလိုင်းများ၊ ပြည်ဝင်ခွင့် ဗီဇာများ အားလုံးကို ပိတ်သိမ်းထားပြီး နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း (၃) ပတ် Quarantine ဝင်ရောက်ရမည် ဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ ( သို့ ) အရေးပေါ်တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည် ဖြစ်သည်။

ထို့ပြင် ညမထွက်ရ အမိန့်သည်လည်း ည (၁၂) နာရီမှ မနက် (၄) နာရီအထိ အကျုံးဝင်နေမည် ဖြစ်ကာ ဈာပနာကိစ္စနှင့် အလုပ်ကိစ္စများမှလွဲ၍ လူ (၅) ယောက်နှင့်အထက် စုစည်း မနေထိုင်ကြရန်လည်း အသိပေး ကြေညာထားသည်။

ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာလေကြောင်းများ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းထားခြင်းကို ဇူလိုင်လကုန်ထိ ထပ်မံ တိုးချဲ့ထားကြောင်း ဇွန်လ (၂၈) ရက်က ထုတ်ပြန်ထားသည်။

⇐ Previous Next

Read 1481 times