Travel

ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် ရန်ကုန် မြို့ပတ်ရထား ပြေးဆွဲမှု ထပ်မံလျော့ချ

Rangoon  train service reduced further due to COVID outbreak

Stay At Home အမိန့်ထုတ်ပြန်ထားခြင်းကြောင့် YBS ယာဥ်လိုင်းများသာမက ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားများမှာလည်း စီးနင်းသူများလျော့ကျလျက်ရှိသည်။ 

ထို့ကြောင့်ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲခြင်းကို ရထားတွဲ ၆ ဆိုင်းနှင့် ပြေးဆွဲလျက်ရှိရာမှ ရထားတွဲ တွဲဆိုင်း ၃ ဆိုင်း ထပ်မံ လျှော့ချ ပြေးဆွဲမည် ဖြစ် ကြောင်း မြန်မာ့ မီးရထားက သိရသည်။ 

ရန်ကုန်-လှော်ကားလမ်းပိုင်းတွင်

ယခင်က မနက်(၄)ခေါက် ညနေ (၄) ခေါက် အစုန်အဆန် ပြေးဆွဲပေးလျက်ရှိရာမှ ယခုအခါ မနက် (၂) ခေါက်၊ ညနေ (၂) ခေါက်သာ အစုန်အဆန် ပြေးဆွဲပေးမည် ဖြစ်သည်။

ရန်ကုန်-တိုးကြောင်ကလေး-ရွာသာကြီး လမ်းပိုင်းတွင်

ယခင်က မနက် (၄) ခေါက်၊ ညနေ (၄) ခေါက် အစုန်အဆန် ပြေးဆွဲရာမှ ယခုအခါ မနက် (၂) ခေါက်၊ ညနေ (၂) ခေါက်သာ ပြေးဆွဲပေးမည် ဖြစ်သည်။

ရန်ကုန်-မဂ်လာဒုံလမ်းပိုင်းတွင်

ယခင်က မနက် (၃) ခေါက် ညနေ (၃) ခေါက် ပြေးဆွဲပေးလျက်ရှိရာမှ ယခုအခါ မနက် (၂) ခေါက်၊ ညနေ၂ခေါက်သာ ပြေးဆွဲပေးမည် ဖြစ်ပါသည်။

ထိုသို့လျော့ချမှုကို စက်တင်ဘာလ (၂၉) ရက်နေ့တွင်စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်အချိန်ထိ ရပ်နားထားမည်ဟု သေချာမသိရှိသေးကြောင်းလည်း ပြောကြားထားသည်။ 

ထို့အပြင် ကိုဗစ်လူနာများတိုးပွားလာသည့်အတွက် ကိုဗစ်မဖြစ်ခင် ကာလတွင် ရန်ကုန်ဘူတာကြီးမှထွက်ခွာသည့် 

  • ရန်ကုန်-မန္တလေး၊

  •  ရန်ကုန်-ပြည်၊

  •  ရန်ကုန်-မော်လမြိုင်၊

  •  ရန်ကုန်-ပဲခူး၊

  •  ရန်ကုန်-ပုဂံ၊ 

  • ရန်ကုန်-ဥက္ကံ၊

  •  ကြည့်မြင်တိုင်-သာရဝေါ၊ 

  • ကြည့်မြင်တိုင်-ပြည်ရထား စသည့် အမြန်ရထားများကိုလည်း စက်တင်ဘာ (၂၅) ရက်နေ့တည်းက ရပ်နားထားခဲ့သည်။

⇐ Previous Next

Read 1319 times