Indie Music သံစဉ်တွေ၊ လူငယ်တွေ၊ တက်ကြွပျော်ရွှင်ခြင်းတွေ၊ အားလုံးကို စုစုစည်းစည်း မြင်တွေ့ခံစားနိုင်မဲ့ အချစ်ကဖီးရဲ့ နိုဝင်ဘာည (သို့) The Reasonabilists ရဲ့ ၈ နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲ
MY Yangon ကနေ Indie Music ကို သဘောကျနှစ်ခြိုက်သူ ရန်ကုန်မြို့က လူငယ်တို့အတွက် မကြာမီမှာ ကျင်းပတော့မဲ့ အမိုက်စားဂီတဖျော်ဖြေပွဲလေးတစ်ခုကို မျှဝေလိုက်ပါတယ်။ ဒီပွဲလေးကတော့ The Reasonabilists တေးဂီတအဖွဲ့ရဲ့ ၈ နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲလေးဖြစ်ပြီး ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံထဲက အချစ်ကဖီးမှာ နိုဝင်ဘာ ၂၂၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ၊ ဝင်ကြေး အခမဲ့ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Indie Rock Music အဖွဲ့ The Reasonabilists ဟာ Album ၂ ချပ်ထုတ်ဝေထားပြီး ဖြစ်သလို လူငယ်ပရိသတ်အခိုင်အမာ ရှိပြီးသားပါ။ ဒီပွဲလေးမှာ The Reasonabilists နှင့်အတူ ပါဝင်ဖျော်ဖြေပေးသွားမှာက JUS နဲ့ Square Lake Pirates အဖွဲ့တို့ ဖြစ်ပါတယ်။ JUS ဟာ Pop, Neo-soul နဲ့ Indie ဂီတပုံစံတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ သီချင်းများ ဖန်တီးသူ အနုပညာရှင်တစ်ဦးဖြစ်ပြီး "Stuck" လိုမျိုး လူကြိုက်များတဲ့ တစ်ကိုယ်တော်သီချင်း ထွက်ရှိထားပါတယ်။

Square Lake Pirates အဖွဲ့ကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ်။ “နေရောင်တွေ ပျောက်ဆုံးသွားရင်လည်း ရတယ်” ဆိုတဲ့ သူတို့ရဲ့ နာမည်ကျော်သီချင်း “အလင်းဆီ” အပါအဝင် ၂၅၊ အိမ်ကိုပြန်ခဲ့ပါ၊ ပင်လယ်ပျော် တို့လို သီချင်းအမိုက်စားတွေနဲ့ လူငယ်ပရိသတ်တို့ရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ Indie အဖွဲ့ပဲ ဖြစ်ပါတယ်။
Indie သီချင်းတွေကို နှစ်သက်တယ်၊ လူငယ်တွေ ဖန်တီးတဲ့ ဂီတအသစ်တွေကို နားဆင်ချင်တယ် ဆိုရင်ဖြင့် The Reasonabilists ရဲ့ ၈ နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲကို မဖြစ်မနေ အရောက်သွားဖို့ ရန်ကုန်မြို့က ဂီတချစ်သူတို့ကို MY Yangon Guide က လက်တို့လိုက်ပါတယ်နော်။

နေရာ - အချစ်ကဖီး၊
နေ့ရက် - နိုဝင်ဘာ ၂၂၊
အချိန် - ညနေ ၅ နာရီမှ ည ၉ နာရီအထိ၊
Read 15 times