Health & Beauty

ကွန်ပျူတာ၊ ဖုန်းတွေကို ၆နာရီထက် ပိုကြာအောင် သုံးရင် ဒီလိုဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်

These effects can occur if the phone & Computer used for more than 6 hours

Covid ကာလမှာ လူကြီး၊ လူငယ်အားလုံးက အိမ်မှာပဲ နေကြရတဲ့ အတွက် ကိုယ့်ကို အပျင်းပြေစေနိုင်မယ့် နည်းလမ်းတွေကို အလျှိုလျှို ရှာဖွေလျက် ရှိကြပါတယ်။ လူကြီးတွေကတော့ စာဖတ်တာ၊ တီဗီကြည့်တာနဲ့ တစ်ခြားသော လုပ်စရာတွေ ရှိကြပေမယ့် လူငယ်တော်တော်များများ Stayhome ကာလကို ဖုန်းနဲ့ ကွန်ပျုတာရှေ့မှာပဲ အချိန်ကုန်ဆုံးနေကြပါတယ်။

ယနေ့ခေတ်မှာ ကွန်ပျုတာနဲ့ ဖုန်းများက လူတွေကို ကောင်းကျိုးအများကြီး ပေးနိုင်ပါတယ်။ Google တစ်ချက်ခေါက်ရုံနဲ့ တစ်ကမ္ဘာလုံးက ဖြစ်ပျက်နေသမျှကို စက္ကန့်ပိုင်းအတွင်း လေ့လာနိုင်သလို၊ သိလိုသမျှကိုလည်း Youtube နဲ့ တစ်ခြားသော Social Media များစွာမှာ အလွယ်တကူ ရှာဖွေလေ့လာ သင်ယူနိုင်ပါတယ်။

ဒါပေမယ့် ဖုန်းနဲ့ ကွန်ပျူတာဟာ အသုံးမတတ်ရင် ဆိုးကျိုးများစွာလည်း ပေးနိုင်တယ်ဆိုတာကို သတိချပ်ဖို့ လိုပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲတဲ့အခါ အောက်ဖော်ပြပါ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၁။ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း
၂၁ရာစုကို ဦးတည်လာတာနဲ့အမျှ ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေဟာ လူတွေအတွက် ပိုပြီး သုံးရလွယ်ကူတဲ့  အပြိုင်အဆိုင် ပေါ်ထွက်လာကြပါတယ်။ အသုံးပြုရ လွယ်ကူလို့ ကြာကြာအသုံးပြုလေ လူတစ်ယောက် တစ်နေ့တာအတွက် ရှိသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းလေပါပဲ။

၂။ သွေးလည်ပတ်မှု အားနည်းလာခြင်း
ကွန်ပျူတာရှေ့မှာ Position ကို မပြောင်းဘဲ အကြာကြီး ထိုင်နေတာက သွေးလည်ပတ်မှု အားနည်းစေပြီး ပင်ပန်းနွမ်းနယ်စေခြင်း၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်းနဲ့ ကိုယ်တွင်းသွေးခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၃။ အစာစားချိန် မမှန်စေခြင်း
ဖုန်းသုံးနေရင်း၊ ကွန်ပျူတာ သုံးနေရင်း တစ်ခုခုမှာ မျောသွားလို့ ထမင်းစားချိန် လွတ်သွားတာမျိုး လူတိုင်း ကြုံဖူးကြမယ် ထင်ပါတယ်။ တစ်ခါတစ်လေ ဖြစ်တာ ကိစ္စမရှိပေမယ့် အမြဲတမ်း မေ့လျော့လာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေပြီး အစာအိမ်ရောဂါ ဖြစ်ပွားသည်အထိ ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။

၄။ အဝလွန်စေခြင်း
အလုပ်ကိစ္စတွေကြောင့် ကွန်ပျူတာရှေ့က ထမရတာကို အကြောင်းပြပြီး ထမင်းစားပွဲမှာ အစားအသောက် မစားဘဲ ကွန်ပျူတာဘေး ယူစားတာမျိုး၊ နေ့လည်နေ့ခင်းမှာ Snack အလွန်အကျွံ စားသုံးတာမျိုး စသဖြင့် အချိန်ကြာမြင့်စွာ ကွန်ပျူတာ သုံးခြင်းက အဝလွန်စေမယ့် ကိစ္စရပ်တွေ လုပ်မိအောင် တွန်းအားပေးစေပါတယ်။

၅။ လက်ပြင်ကုန်းစေခြင်း
အချိန်ကြာမြင့်တဲ့အထိ ကွန်ပျူတာရှေ့ ထိုင်နည်းမမှန်တဲ့အခါ ကိုယ်ခန္ဓာ တည်ဆောက်ပုံတွေကို ပျက်ဆီးစေပြီး လက်ပြင်ကုန်းခြင်း၊ ခေါင်းအနေအထား မမှန်ခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

၆။ ခေါင်းကိုက်စေခြင်း
ဖုန်းနဲ့ ကွန်ပျူတာကနေ ထွက်ပေါ်လာတဲ့ လှိုင်းတွေဟာ ကြာလာတဲ့အခါမှာ လူတွေရဲ့ ဦးနှောက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆက်မပြတ် အသုံးပြုမိတဲ့အခါ ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ ဇာက်ကြောတက်ခြင်း စတဲ့ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။

၇။ အိုစာလာခြင်း
ဒါကတော့ မိန်းကလေးတွေ လုံးဝ မဖြစ်ချင်ဆုံး အချက်တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းကို ကြာကြာအသုံးပြုလေ့ ရှိတဲ့သူတွေဟာ တစ်ကယ်ပဲ အိုစာလွယ်တယ်ဆိုတဲ့ အချက်တွေကို ၂၀၁၈ ခုနှစ်ကတည်းက သုတေသီတွေ အဆိုပြုခဲ့ကြတာပါ။ အကြောင်းအရင်းတွေကတော့ အပြုံးအရယ်မရှိတာ‌ကြောင့်နဲ့ ကိုယ်လက်လှုပ်ရှားမှု သာမန်ထက် နည်းပါးတာကြောင့်လို့ ဆိုပါတယ်။

၈။ အမြင်အာရုံ ချို့ယွင်းလာခြင်း
မျက်လုံးကို နာရီပေါင်းများစွာ အနားမပေးဘဲ အသုံးပြုတာက သာမန်အမြင်အာရုံ ရှိသူတွေအတွက် မျက်လုံးအားနည်းစေတဲ့အပြင် မျက်မှန်တပ်ရသူတွေအတွက် ပါဝါတွေ ပိုပိုပြီး တိုးလာစေပါတယ်။

၉။ ညဘက် အိပ်စက်ရာမှာ အနှောက်အယှက် ဖြစ်စေခြင်း
ညအိပ်ခါနီး ဖုန်းသုံးတဲ့အခါ ဖုန်း Screen က ထွက်လာတဲ့ လှိုင်းတွေက သင့်မျက်လုံးကို ကြောင်စေပါတယ်။ ကြာလာတဲ့အခါ အိပ်မပျော်တဲ့ရောဂါ (Insomnia) ကိုပါ ဖြစ်ပွားလာစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ရောဂါ ဖြစ်စေတဲ့ အခြေအနေ အများစုဟာလည်း Insomnia နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

(Isomnia ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကိုတော့ အောက်ပါ လင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

https://bit.ly/3017Mj0 )

အခုဆိုရင် ဖုန်းနဲ့ ကွန်ပျူတာကနေ ပေးနိုင်တဲ့ ဆိုးကျိုးတွေ တော်တော်များများလည်း သိလောက်ပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီစာကို ဖတ်ပြီးသွားပြီ ဆိုရင်တော့ သင်လည်း သင့်ဖုန်း၊ သင့်လက်ပ်တော့ကို အခုပဲ ပိတ်လိုက်ပါ။

Ref : listovative.com

⇐ Previous Next

Read 2233 times