Health & Beauty

သင့်ရဲ့ အဆုတ်ကို အားကောင်းစေပြီး သန့်စင်စေမယ့် အစားအစာများ

Foods that will strengthen and cleanse your lungs

လူတစ်ယောက်ရဲ့ ခန္တာကိုယ်မှာ အဆုတ်က အောက်ဆီဂျင်ကို ရှုသွင်းခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှုထုတ်ခြင်းကို လုပ်ဆောင်ပေးပါတယ်။

အခု လတ်တလောဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ကို အဓိက ဒုက္ခပေးပြီး အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကြောင့် My Yangon ကနေ အဆုတ်ကို အားကောင်းစေပြီး သန့်စင်ပေးမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေ

ရေက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ အဆုတ်ကို ရေဓာတ်ပြည့်ဝနေစေဖို့နဲ့ လေကို ရှုသွင်းရှုထုတ်လုပ်မယ့် လုပ်ဆောင်ချက်တွေအတွက် ရေက မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ရေက လုံးဝဖယ်ရှားပေးနိုင်ပါတယ်။

၂။ ပန်းဂေါ်ဖီနွယ်ဝင် အသီးအရွက်များ

ဂေါ်ဖီအနွယ်ဝင် ဟင်းသီးဟင်းရွက်တွေက antioxidants တွေပေါများစွာပါဝင်လို့ အဆုတ်ကို သန့်စင်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ပန်းပွင့်စိမ်းက ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ အဆုတ်အားကောင်းစေတဲ့ အသီးအရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂေါ်ဖီနဲ့ ဂေါ်ဖီပန်းပွင့်တွေက ကျန်းမာတဲ့အဆုတ်ဖြစ်ဖို့အတွက် ရွေးချယ်စားသုံးသင့်တဲ့အစားအစာပါပဲ။

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးပါပဲ။ ကိုလက်စထရောတွေ၊ ခန္ဓာကိုယ်တွင်းယောင်ရမ်းခြင်းတွေ၊ ကူးစက်မှုတွေကို ဖယ်ရှားခြင်းပေးဖို့ အကျိုးရှိတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

၄။ ဘယ်ရီသီးများ

ဘယ်ရီသီးများမှာ antioxidants နဲ့ beta-carotene ဓာတ်တွေ ပါဝင်တဲ့အပြင် အခြား ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဘယ်ရီသီးများမှာ ပါဝင်တဲ့ antioxidants က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတော်တော်များများကိုလည်း ဘယ်ရီသီးအနွယ်ဝင်အသီးတွေက တိုက်ဖျက်နိုင်ပါတယ်။

၅။ ပန်းသီး

အသက်ရှူလမ်းကြောင်းအတွက်နဲ့ သင့်ခန္ဓာကိုယ်အတွက် ပန်းသီးက အကျိုးရှိစေပါတယ်။ အဆုတ်နဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ ငရုတ်သီး

Capsaicin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့ ငရုတ်သီးက ခန္ဓာကိုယ်တစ်လျှောက်ကို သွေးတွေလည်ပတ်မှု အားကောင်းစေပါတယ်။ အဲဒါကြောင့် ကူးစက်မှုတွေကို လျော့ချပေးနိုင်ပါတယ်။

၇။ ရှောက်ချိုသီး (Grapefruit)

ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ရှောက်ချိုသီးရဲ့ ခါးသက်သက်ဓာတ်က အသက်ရှူလမ်းကြောင်းစနစ်အတွက် ကေင်းမွန်စေပါတယ်။

flavonoids ဓာတ်က အဆုတ်ကို သန့်စင်ပေးဖို့ နဲ့ အဆုတ်ကို အားကောင်းစေတဲ့အတွက် ရှောက်ချိုသီးက အဆုတ်အားကောင်းစေတဲ့အစားအစာထဲမှာ ပါဝင်ပါတယ်။

၈။ မုန်လာဥနီ

မုန်လာဥနီသီးမှာ များပြားတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်အေ ပါဝင်မှုကြောင့် အဆုတ်ရောဂါတွေကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်ပါတယ်။

antioxidants နဲ့ lycopene ဓာတ်တွေ ပါဝင်မှုကြောင့် အဆုတ်နဲ့ နှလုံးသွေးကြောစနစ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

၉။ carotenoidsကြွယ်ဝတဲ့အစားအစာ

carotenoidsဆိုတာ အဆုတ်ကင်ဆာကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့တတ်တယ်။

သူက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ပန်းနာရင်ကျပ်အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။ carotenoids ပါဝင်တဲ့အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ပါဝင်ပါတယ်။

၁၀။ ချင်း

ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆုတ်ကိုသန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာကောင်းပါတယ်။

သံပရာသီးနဲ့ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ရပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်းရှင်းစေနိုင်တယ်။

Psyche (My Yangon)

Ref; BAWA

⇐ Previous Next

Read 2099 times