Entertainment

This Week's Movie Lineup

This Week's Movie Lineup

ဒီတစ်ပတ်မှာ မြန်မာရုပ်ရှင်ဇာတ်ကားအသစ် ၂ ကားနဲ့အတူ နိုင်ငံခြားကားများ  မင်္ဂလာရုပ်ရှင်ရုံများတွင် ရုံတင်ပါတယ်။

နတ်ဝင်သည် ဆိုတာ .. မွေးကတည်းက မျိုးရိုးက ပါလာတာ၊ အထက်က ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေက တာ၀န်ပေးလို့ လူတွေနဲ့ ပရလောကသားတွေ ဆက်သွယ်ပေးတာ” ဆိုတဲ့ နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း - မိုးနီလွင်၊  ဇာတ်လမ်းနှင့် ဒါရိုက်တာ - အကယ်ဒမီ ဝင်းလွင်ထက်က ရိုက်ကူးပြီး အလင်းရောင် ၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ နေထက်လင်း ၊ ချာလီ ၊ ညီနန္ဒ၊ မျိုးသန္တာထွန်း ၊ ဖူးစုံ ၊ ပြည့်ကောင်းစုသန့်၊ စမ်းစမ်းဝင်း ၊ ဝင်းမင်းသန်း ၊ ထူးသာ ၊ နှင်း ၊ လွန်းခြယ် တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

နတ်ဝင်သည်

မေတ္တာတရားကြီးမားတဲ့ မောင်နှမသံယောဇဉ်၊ ဘယ်လောက်ပဲစိတ်ကုန်ပါတယ်ပြောပြော စိတ်မပြတ်နိုင်တဲ့ ပုထုဇဉ်သဘော၊ မိန်းမကြိုက်တော့မျှော်လိုက်တာ ယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာဆိုတဲ့ စကားကို ပြောင်းပြန်လှန်ပြစ်မယ့် မမတွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လှလှပပလေးနဲ့ ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ ယောက်ျားတွေကိုစိတ်ကုန်တယ် ဇာတ်ကားမှာ နေတိုး၊ ချောရတနာ၊ နော်ဖောအယ်ထား၊ မိုးပြည့်ပြည့်မောင်၊ လင်းလင်း နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဧည့်သည်သရုပ်ဆောင်များက ညီနန္ဒ၊ ဘုန်းလျှံ၊ ခွန်းည၊ ချယ်ချယ်တို့ဖြစ်ပြီး ညာလက်တော်ရဲ့ ဇာတ်လမ်းကို ရာဇဝင်ကိုက ဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ရိုက်ကူးထားတာပါ။

 ယောက်ျားတွေကိုစိတ်ကုန်တယ်

အထက်ကဖော်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားနဲ့အတူ မင်္ဂလာရုပ်ရှင်ရုံများတွင် (၃၁.၁၀.၂၀၂၅) မှ (၆.၁၁.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -

အတူး ရုပ်ရှင်ဇာတ်ကားကြီး

၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကြီး

ဖိန့် ရုပ်ရှင်ဇာတ်ကားကြီး

စူပါလေဒီ

Gundik

Thamma

EKdeewanekideewaniyat

Teeyod3 တို့ ဖြစ်ပါတယ်။

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ ဒီတစ်ပတ်က တန်ဆောင်တိုင်ပိတ်ရက်လေးတွေ ရှိနေတော့ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

ရုပ်ရှင်ဇာတ်ကားစာရင်း

 

⇐ Previous

Read 96 times