Entertainment

YUECO Digital Hub နှင့် Pen Holder တို့မှ တင်ဆက်မယ့် “Tomorrow” Digital Camapign

“Tomorrow” Digital Camapign by YUECO Digital Hub and Pen Holder

လူငယ်တွေကြား “မယ်သီတာ ရုပ်ပြ” အပြင် “ကျွန်တော်သူမ” ရုပ်ပြအခန်းဆက်များဖြင့် လူကြိုက်များနေသော Penholder နဲ့ လူငယ်တွေကြားမှာ Digital ဆိုင်ရာ ဗဟုသုတများ တင်ဆက်ပေးနေသော YUECO  Digital Hub တို့ပူးပေါင်းပြီး Tomorrow လို့ အမည်ရတဲ့ Comic အခန်းဆက်လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

Comic အကြောင်းအရာကတော့ မတူညီတဲ့ အချိန်ကာလနှစ်ခုက လူငယ်နှစ်ဦးဟာ လက်ရှိ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ သူတို့ရဲ့ လူမှုအသိုင်းအဝန်းကို ကပ်ရောဂါမှကာကွယ်ရန် ကြိုးစားလုပ်ဆောင်တဲ့ အကြောင်းကို အခြေခံပြီး ရေးဆွဲမှာဖြစ်ပါတယ်။ ဒီ Campaign လေးကိုတော့ Samsung မှလည်း ပူးပေါင်းပါဝင် ကူညီပေးထားပါသေးတယ်။

“Tomorrow” Comic လေးမှာတော့ အခန်း (၁၂) ခန်း ပါဝင်မည်ဖြစ်ကာ အခန်းသစ် (၁) ခန်းချင်းစီကို နိုဝင်ဘာလ (၁၆) ရက်နေ့မှ စတင်ကာ အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တိုင်း ညနေ (၇:၀၀) အချိန်တွင် YUECO Digital Hub နှင့် Pen Holder တို့၏ တရားဝင် Facebook စာမျက်နှာများပေါ်တွင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ် 

Comic ကြီးပဲ ဖတ်နေရတာမျိုး မဟုတ်ဘဲ ကြားရက်တွေမှာလည်း Fun Activities တွေ Quiz တွေ Samsung မှ Giveaway ပေးမယ့်အစီအစဉ်တွေ ထည့်သွင်းထားပြီး အခန်း ၁ ခန်းစီအတွက် မှန်ကန်စွာဖြေဆိုနိုင်သူ (၁) ဦး၊ စုစုပေါင်း အခန်း (၁၂) ခန်းအတွက် မှန်ကန်စွာ ဖြေဆိုနိုင်သူ (၁၂) ဦးအား ရွေးချယ်၍ Samsung Galaxy Fit e ၁ လုံးစီ ပေးအပ်ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။

အဆိုပါ Comic လေးကို ဖတ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

https://bit.ly/2UGkBMH

⇐ Previous Next

Read 1835 times