Entertainment

ဇာတ်ညွှန်းပြောင်းလဲနိုင်တယ်လို့ ကောလဟလထွက်ရှိနေတဲ့ Tail of the Nine-Tailed

Tail of the Nine-Tailed, rumored to change script

K Drama Fan တွေကြားထဲမှာ နေရာယူထားတဲ့ သဘာ၀လွန်စွမ်းအားတွေနဲ့ ဇာတ်ကားတစ်ခုဖြစ်တဲ့ Tail of the Nine-Taide ဇာတ်ကားဟာ tvn ရုပ်သံမှ ထုတ်လွှင့်နေကြ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပုံမှန်ပြသနေကျ အပိုင်းသစ်ကို ယခုလက်ရှိ အပတ်မှာတော့ ပြသခြင်း ပြုလုပ်မှာမဟုတ်ပါဘူး။

အဆိုပါ Drama ကို ပြန်လည်ပြသမယ့်အချိန်မှာ ပိုမိုကောင်းမွန်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့အတူ ပြသဖို့ ပြင်ဆင်နေတဲ့အတွက် ဒီတစ်ပတ်မှာတော့ ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်။ဒီလိုတစ်ပတ်တာ ရပ်နားလိုက်မှာဖြစ်လို့  ဇာတ်ညွှန်းပြောင်းလဲနိုင်တယ်လို့ ကောလဟလတွေလည်း ထွက်ရှိနေပါတယ်။

ဇာတ်ကားမှာပါ၀င်တဲ့ Main Cast တွေကတော့ Lee Yeon(လီယွန်း) အဖြစ် Lee Dong Wook ၊ Nam Ji Ah(နမ်ဂျီအာ)  အဖြစ် Jo Bo Ah နှင့် Lee Rang (လီရန်း) အဖြစ် Kim Bum တို့မှ ပါ၀င်သရုပ်ဆောင်ထား ပါတယ်။

(၂၀၂၀)ခုနှစ်၊အောက်တိုဘာ(၇)ရက်နေ့မှ စပြီး ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တိုင်း Tvnရုပ်သံမှ အပတ်စဥ် ထုတ်လွှင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ စိတ်ကူးယဥ်သဘာ၀လွန် ဇာတ်ကားပေမ​ယ့် တော်တော်လေး ကြည့်ကောင်းတယ် ပြောရပါမယ်။

ရှေးတုန်းက ပုံပြင်တွေထဲမှာ အမြီးကိုးချောင်းပါတဲ့ မြေခွေးတွေဟာ  သူတို့ရဲ့ သွေးသားဆာလောင်မှုကို ဖြည့်ဆည်းနိုင်ဖို့အတွက်  အပြစ်မဲ့လူတွေကို သွေးဆောင်ဖြားယောင်တဲ့ ပုံပြင်တွေ ရှိခဲ့ဖူးပါတယ်။ဒီပုံပြင်တွေထဲကလိုမျိုး တကယ့်လက်တွေ့မှာ လူသားတွေနဲ့ ထူးမခြားနား နေနိုင်စွမ်းရှိတဲ့ လူသားမြေခွေး လီယွန်းဟာ အရင်ဘ၀က သူ့အချစ်ဦးကို ရှာနေသူတစ်ဦးအဖြစ် ဇာတ်လမ်းအစမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လီရန်းကတော့ အကိုဖြစ်သူက လီယွန်းက သူ့ကိုအရင်ဘ၀မှာ သတ်ခဲ့တဲ့အတွက် လက်စားချေဖို့အတွက် အကိုဖြစ်သူကို အရမ်းမုန်းတီးနေတဲ့သူအဖြစ် ပါ၀င်ထားပါတယ်။(အမှန်တကယ်တော့ လီရန်းက သူ့အကိုကို အရမ်းချစ်တက်တဲ့ မေတ္တာငတ်နေတဲ့သူလေး တစ်ဦး ဖြစ်ပါတယ်။

နမ်ဂျီအာဆိုတဲ့ ကောင်မလေးကတော့ ကလေးဘ၀အရွယ်ထဲက သူမမိဘနှစ်ပါးနဲ့အတူ သဘာ၀လွန် ဖြစ်ရပ်တွေကို တွေ့ကြုံခဲ့တဲ့အတွက် ဒီအကြောင်းအရာတွေနဲ့ပက်သက်တဲ့ အစီအစဥ်တွေကို လိုက်လံရှာဖွေတင်ဆက်နေတဲ့ ရုပ်သံအစီအစဥ်မှာ ပီဒီတစ်ဦးအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရှားပါးထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေရင်း နမ်ဂျီအာဟာ ချောမောခံ့ညားပြီး ထက်မြက်တဲ့ လီယွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။လက်ရှိထွက်ထားတဲ့ Epsode တွေအရ လီယွန်းရှာနေတဲ့ အတိတ်ဘ၀က အချစ်ဦးဟာ နမ်ဂျီအာ ဖြစ်ပြီး သူတို့နှစ်ယောက်ကို နှောက်ယှက်မဲ့သူ တစ်ယောက်ပေါ်ပေါက်လာခဲ့ပါတယ်။အဆိုပါ နှောက်ယှက်တဲ့သူကို သူတို့နှစ်ယောက်နေနဲ့ ဖြတ်ကျော်နိုင်မှာလား???

Tale of the Nine-Tailed က အပိုင်း (၁၆) ပိုင်းပါရှိမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ အပိုင်း(၁၂)ပိုင်းထွက်ရှိထားတာဖြစ်ပြီး  ဆက်လက်ထွက်ရှိမယ့် အပိုင်းသစ်ကိုတော့ လာမယ့် နို၀င်ဘာ(၂၅)နဲ့ (၂၆) မှာ ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

 

⇐ Previous Next

Read 4329 times