Technology

ကင်မရာကောင်းပြီး Color Changing နည်းပညာပါဝင်တဲ့ Vivo V23 Series ကို ဝယ်ယူနိုင်ပြီ

Vivo V23 Series in Myanmar

ပူပူနွေးနွေး အသစ်ထွက်ရှိထားတဲ့ V23 Series ကို မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ကနေ မတ်လ (၄) ရက်နေ့အထိ Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ ဖုန်းဆိုင်တိုင်းမှာ  Pre-order စနစ်နဲ့ ရောင်းချခဲ့ပြီး အခုအချိန်မှာတော့ အမြို့မြို့အနယ်နယ်မှာ ချက်ချင်းလက်ငင်း ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

 

V23 Series ဖုန်းတွေကို V23 5G မှာဆိုရင် Stardust Black နဲ့ Sunshine Gold ၊ V23 e  မှာဆိုရင် Moonlight Shadow နဲ့ Sunshine Coast Editions ဆိုပြီး အရောင် (၂) ရောင်စီ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ V23 5G က ၁,၀၉၉,၈၀၀ ကျပ်၊  V23e က ၆၂၉,၈၀၀ ကျပ် ဖြစ်ပါတယ်။

 

 

V23 5G

V23 5G မှာ အဆင့်မြင့် ဈေးကွက်ရှေ့ဆောင် ကင်မရာနည်းပညာ ထည့်သွင်းထားတာကြောင့် ကင်မရာစွမ်းဆောင်ရည်ကောင်းပြီး ဒီဇိုင်းကြော့ရှင်း လှပတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Metal Flat Frame ဒီဇိုင်းအပြင် အရောင်ပြောင်း Color Changing Fluorite AG Design နည်းပညာကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့တဲ့အခါ ဖုန်းအရောင်ပြောင်းပြီး အမြင်ဆန်းသစ်နေမှာပါ။

 

အရှေ့ကင်မရာကို 50MP AF Portrait Selfie နှင့် 8MP Super Wide-Angle Camera တို့ကို ပေါင်းစပ်ထားတာကြောင့် စတိုင်လ်နှင့် လုပ်ဆောင်နိုင်စွမ်း နှစ်မျိုးစလုံးအတွက်ကိုပါ ဖြည့်ဆည်းပေးနိုင်စေမှာပါ။ သုံးစွဲသူတွေ စိတ်ကြိုက် JNV အာရုံခံကိရိယာနဲ့ Eye Autofocus 50MP AF Portrait Selfie နဲ့ ကြည်လင်ပြတ်သားတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

 

V23 5G အနေနဲ့ ညဘက်ဓာတ်ပုံရိုက်ကူးမှုမှာ ပိုမိုကောင်းမွန်စေဖို့အတွက် ရှေ့ကင်မရာရဲ့ AI Extreme Night Portrait Mode, Dual-Tone Spotlight တွေနဲ့ ထူးခြားတဲ့ ကင်မရာရိုက်ချက်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံများကို Multi-Style Portrait နဲ့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

 

အသေးစိတ် Specification တွေကို အောက်ကလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။

> https://www.vivo.com/en/products/v235g 

> https://bit.ly/3Ci2bXr 

 

 

V23e

ခေတ်မီလှပမှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို ပေါင်းစပ်ထားတဲ့ V23e မှာလည်း 50 MP Autofocus အရှေ့ကင်မရာနဲ့အတူ ပါးလွှာကျစ်လစ်တဲ့ ကိုယ်ထည်ပါဝင်လို့    သုံးစွဲသူတွေအတွက် အကောင်းမွန်ဆုံး Selfie ရိုက်ကူးမှု အတွေ့အကြုံကို ဖန်တီးပေးနိုင်မှာပါ။ 

 

ကြည်လင်ပြတ်သားစေပြီး တည်ငြိမ်စွာ ရိုက်ကူးနိုင်မယ့် Enhanced Autofocus ပါဝင်တာကြောင့် ညဖက်ရိုက်ကူးတဲ့အခါမှာလည်း Double Exposure mode, Upgraded Dual-View Video နဲ့ Steadi Face Selfie Video တွေအပြင် AI Extreme Night Portrait Mode ကြောင့် မှောင်မဲနေတဲ့ အခြေအနေတွေမှာပါ လင်းလက်လှပတဲ့ ရုပ်ပုံတွေ ရရှိစေမှာ ဖြစ်ပါတယ်။

 

Gaming နဲ့ Resource-Intensive Apps တွေအတွက် လိုအပ်တဲ့ စွမ်းဆောင်ချက်များသာမက ဒီဇိုင်းလှပမှုနဲ့ ပရိမီယံ ဓာတ်ပုံရိုက်ကူးမှု လုပ်ဆောင်ချက်တွေ ပါဝင် ပေါင်းစပ်ထားတာကြောင့် ခေတ်မီစွာ အသုံးပြုချင်သူတွေနဲ့ Professional ဓာတ်ပုံဆရာတွေအတွက် အသင့်တော်ဆုံး ဖုန်းတစ်လုံးပါပဲ။

 

အသေးစိတ် Specification တွေကို အောက်ကလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။

> https://www.vivo.com/en/products/v23e5g 

> https://bit.ly/3hCLgWd 

 

 

V23 Series မှာ အမြန်အားသွင်းနိုင်တဲ့စနစ် 44W Flashcharge ပါဝင်တာကြောင့် အားသွင်းနှုန်း (၃၃) ရာခိုင်နှုန်းအထိ ပိုမို မြန်ဆန်လာမှာ ဖြစ်တာမို့ Game ဆော့သူတွေနဲ့ Movie ကြည့်သူတွေအတွက်လည်း အဆင်ပြေစေမှာ အမှန်ပါပဲ။

 

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ V23 Series ရဲ့ မိတ်ဆက်ပွဲကို Product Ambassadors တွေ ဖြစ်ကြတဲ့ သရုပ်ဆောင်နဲ့ မော်ဒယ် နန်းစန္ဒာလှထွန်းနဲ့ နော်ဖော်အယ်ထားတို့က တက်ရောက်ခဲ့ကြပါတယ်။

 

⇐ Previous Next

Read 2287 times