Entertainment

သီချင်းနားထောင်ဖို့ Joox အပြင် တခြားဘာ Apps တွေရှိဦးမလဲ ?

What other apps besides Joox for listening to music?

တစ်ရက်တာပင်ပန်းသမျှကို ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ နားဆင်ရင်း အပန်းဖြေတတ်သူတွေရှိကြလား။ တချို့ဆို အလုပ်လုပ်ရင်းဖြစ်စေ စာလုပ်ရင်းပဲဖြစ်စေ သီချင်းလေးညည်းရင်း လုပ်တတ်ကြပါတယ်။ 

 

အခုခေတ်မှာ Music Streaming တွင်ကျယ်လာပြီး ဘယ်နေရာမှာမဆို ကိုယ့်ရဲ့ Mobile Phone ထဲကနေန ကိုယ်ကြိုက်တဲ့ သီချင်းကိုနားထောင်လို့ရနေပါပြီ။ 

 

Joox ကိုမြန်မာနိုင်ငံမှာ လူသိများပေမယ့် နိုင်ငံတကာမှာ လူသုံးများပြီး သုံးရတာကောင်းတဲ့ App တွေရှိပါသေးတယ်။ 

  1. Spotify 

Spotify ကတော့ လူသုံးအများဆုံး Music Streaming App တစ်ခုဖြစ်ပါတယ်။သူ့ကို iOS, Android တင်သာမက Window Laptop တွေ Macbook တွေမှာပါသုံးလို့ရပါတယ်။ 

Paid Version နဲ့ Free Version ဆိုပြီးနှစ်ခုကွဲပြီးတော့ သီချင်းပေါင်း သန်း (၅၀)လောက်ကို စိတ်ကြိုက်နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ 

 

  1. Deezer 

သူကလည်း Spotify လိုမျိုး လူသုံးများတဲ့ App တစ်ခုဖြစ်ပြီး Platform အကုန်လုံးမှာ အသုံးပြုလို့ရမှာပါ။သီချင်းပေါင်း (၅၆) သန်းလောက်ရှိပြီး Free အသုံးပြုလို့ရပါတယ်။ ​Download ပြုလုပ်ပြီး Offline နားဆင်တာတွေ လုပ်မယ်ဆိုရင်တော့ ပိုက်ဆံပေးရမှာပါ။ 

  1. Apple Music 

သူကတော့ iOS သမားတွေအတွက်ပဲ သီးသန့် ထုတ်လုပ်ထားတဲ့ App ပါ ။အသစ်ထွင်ရှိလာတဲ့ သီချင်းတွေတင်သာမက သီချင်းအဟောင်းတွေကို ပြန်နားဆင်နိုင်မှာပါ။ သူကတော့ Free Version ရယ်လို့ မရှိပါဘူး။ 

 

  1. YouTube Music 

သင်က Music Videos တွေကိုပါကြည့်ရတာကြိုက်တယ်ဆိုရင်တော့ YouTube Music က သင့်အတွက်ပါပဲ။Free နဲ့ Paid ဆိုပြီးနှစ်မျိုးရှိပေမယ့် အလကားရတဲ့ version မှာတော့ App ကထွက်လိုက်ရင် သီချင်းရပ်သွားတာတွေ ၊ သီချင်းနားထောင်ရင်း ကြေညာဝင်တာတွေတော့ ရှိပါတယ်။ 

 

⇐ Previous Next

Read 4725 times