Health & Beauty

အမျိုးသားများအတွက် အသားအရေကို ပိုပြီး ကြည်လင်စေမယ့် နည်းလမ်းများ

Best Skincare tips for men

By Jae

အမျိုးသားတွေဟာ ရုပ်ရည်အတွက် အထူးတလည် ပြင်ဆင်ခြယ်သလေ့ မရှိကြပါဘူး။ ဒါပေမယ့်လည်း ကြည်လင်ပြီး ကျန်းမာတဲ့အသားအရေ ရရှိဖို့တော့ ယောက်ျားလေးတိုင်း ဂရုစိုက်သင့်ပါတယ်နော်။ ကျန်းမာတဲ့ Skin ကို ရရှိဖို့ Skin Care ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒါကြောင့် အသားအရေ ပိုမိုကြည်လင်စေဖို့အတွက် နည်းလမ်းကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး အရေပြားတွေဟာ မတူညီကြပေမယ့် အရေပြားထိန်းသိမ်းမှု အခြေခံတွေကတော့ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။

ပထမဆုံးအနေနဲ့ ကိုယ့် Skin  Type ကို ကွဲပြားစွာ သိဖို့လိုပါတယ်။

သုံးနေကြမဟုတ်တဲ့ Skin Care တွေကို အသုံးပြုမိတာနဲ့  အသားအရေလောင်တတ်တယ်၊ အသားအရေ နီမြန်းတတ်တယ်ဆိုရင် Sensitive Skin

အသားအရေ အမြဲမွဲခြောက်ပြီး ယားယံနေတတ်ရင် Dry Skin

အသားအရေ တောက်ပ၊ ချောမွတ်ပေမယ့် အဆီပြန်တတ်တယ် ဆိုရင်တော့ Oil Skin

အသားအရေက တချို့နေရာ အဆီပြန်ပြီး တစ်ချို့နေရာက ခြောက်သွေ့နေတယ်ဆိုရင်တော့ Combination Skin

မိမိက ဘယ်အသားအရေ အမျိုးအစားလဲဆိုတာကို သေချာသိပြီ ဆိုရင်တော့ အသားအရေကို ဘယ်လိုဂရုစိုက်သင့်တယ်၊ ဘယ်လိုမှန်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုသင့်တယ် ဆိုတာကို ဆက်လေ့လာလို့ ရပါပြီ။

၁။ ဝက်ခြံပေါက်လွယ်နိုင်တဲ့ အသားအရေကို ပိုင်ဆိုင်သူတွေအနေနဲ့ Oil Free ပါတဲ့ Product တွေကို သုံးသင့်ပါတယ်။

၂။ မျက်နှာကို တစ်နေ့ (၂) ကြိမ် ပုံမှန်သစ်ပါ။ မျက်နှာသစ်ရာ‌တွင် ရေနွေးနွေးလေးကို အသုံးပြုပေးရင်  ပိုအဆင်ပြေပါတယ်။

၃။ Moisturizer ကိုအသုံးပြုပေးပါ။ Moisturizer ကို အသုံးပြုခြင်းဟာ အသားအရေကို ပိုမိုတောက်ပစေပြီး ပိုမိုနုပျိုစေပါတယ်။ အကောင်းဆုံးကတော့ ရေချိုးပြီးခါစ အခြေအနေမှာ Moisturizer သုံးပေးတာဟာ အစိုဓာတ်ကို ပိုမိုစိမ့်၀င်စေတဲ့အတွက် အသားအရေအတွက် ပိုမိုကောင်းမွန်စေပါတယ်။

၄။ ဆေးလိပ်သောက်တတ်သူ ဆိုရင် ဆေးလိပ်ကို တက်နိုင်သမျှ လျှော့ပါ။ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အသားအရေကို  ပိုမို မွဲခြောက်စေနိုင်ပါတယ်။

၅။ အသင့်စား အစားအစာတွေကို တက်နိုင်သလောက် ရှောင်ပါ။ အသင့်စား အစားအစာတွေကို စားသုံးခြင်းရဲ့ နောက်ကွယ်မှာတော့ ကိုယ်အလေးအချိန်ကို တိုးစေရုံသာမက Sensitive အသားအရေ ပိုင်ရှင်တွေဆိုရင် ဒီအစားအစာတွေက အသားအရေကို ပျက်စီးစေပါတယ်။

၆။ ရေများများသောက်ပါ။ လူ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေများများ သောက်တာက  အသားအရေကို စိုပြည်စေမှာပါ။

၇။ အိမ်ပြင်ထွက်ရင် Sun Cream ကို အသုံးပြုပေးပါ။ အစက်အပြောက်များနဲ့ အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် အိမ်ပြင်မထွက်မီ နား၊ လည်ပင်းနဲ့ နှုတ်ခမ်း အပါအ၀င် နေရောင်ခြည်ထိတွေ့နိုင်တဲ့ နေရာအားလုံးကို SPF ၃၀ ပါဝင်တဲ့ ရေစိုခံ နေရောင်ကာကွယ်ဆေးကို သုံးသင့်ပါတယ်။

အထက်ပါနည်းလမ်းတွေနဲ့ အရေပြားကို ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင်တော့ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

⇐ Previous Next

Read 2341 times