Health & Beauty

ရာသီခွင် (၁၂) ခုအတွက် ကံကောင်းစေတဲ့ Nail Colors ‌များ

Which Nail Color Suits You According To Your Zodiac Sign

ရာသီခွင် (၁၂) ခုကို ကြည့်ပြီး သက်ဆိုင်ရာ ရာသီဖွားတွေရဲ့ မတူညီတဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်နဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းတွေကို သိမြင်နိုင်ပါတယ်။ ဒီလိုပါပဲ သက်ဆိုင်ရာ ရာသီဖွားတွေရဲ့ Personality ပေါ်မူတည်ပြီး ကံကောင်းစေတဲ့ လက်သည်းဆိုဆေးအရောင်တွေလည်း ရှိပါတယ်။ နှစ်မကုန်ခင် လက်သည်းအရောင်အသစ် ပြောင်းမယ်လို့ စိတ်ကူးနေတဲ့ မဒီတွေအတွက် ရာသီခွင်တစ်ခုချင်းစီကို ကံကောင်းစေမယ့် လက်သည်းဆိုးဆေးအရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ARIES (MARCH 21 – APRIL 19)

သွက်သွက်လက်လက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ Aries တွေရဲ့ လက်သည်းဆိုဆေးအရောင်က အနီရောင်ပါ။ 

၂။ TAURUS (APRIL 20 – MAY 21)

Emerald green

Taurus တွေက တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ယုံကြည်ချက်ခိုင်မာတဲ့သူတွေ ဖြစ်တာကြောင့် လက်သည်းဆိုးဆေးအရောင်ကို မြစိမ်းရောင်လို့ သတ်မှတ်ထားပါတယ်။ 

၃။ GEMINI (MAY 22 – JUNE 21)

Lemon sorbet

ဉာဏ်ကောင်းထက်မြက်တဲ့ Gemini တွေအတွက် အသင့်တော်ဆုံး လက်သည်းဆိုးဆေးအရောင်က တက်ကြွလန်းဆန်းတဲ့ အဝါရောင်ပါ။

၄။ CANCER (JUNE 22 – JULY 22)

Milkshake

ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ Cancer တွေအတွက် လက်သည်းဆိုးဆေးအရောင်က ဖြူစင်မှုရဲ့ သင်္ကေတဖြစ်တဲ့ အဖြူရောင်လေးပါ။  

Advertisement

Click Here > Pacific Horizon Enterprise

၅။ LEO (JULY 23 – AUGUST 22)

golden glow

ဆွဲဆောင်မှုရှိတဲ့ Leo တွေအတွက် လက်သည်းဆိုးဆေးအရောင်က တောက်ပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ရွှေရောင်ဖြစ်ပါတယ်။

၆။ VIRGO (AUGUST 23 – SEPTEMBER 22)

latte

Virgo ရာသီဖွားတွေက အရောင်ထဲမှာဆို အမှောင်ဘက်သွားတဲ့ အမှိုင်းတွေကို ပိုကြိုက်ကြပါတယ်။ Virgo တွေက စမတ်ကျပြီး ခပ်မိုက်မိုက် ပုံစံလေးတွေရှိတာကြောင့် သူတို့နဲ့ အညိုရောင်က လိုက်ဖက်ပါတယ်။ 

၇။ LIBRA (SEPTEMBER 23 – OCTOBER 22)

fairy floss

ရိုမန်တစ်ဆန်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ Libra တွေအတွက် လက်သည်းဆိုးဆေးအရောင်က နုပျိုတဲ့ မိန်းကလေးအသွင်ရစေတဲ့ ပန်းရောင်လေးပါ။

၈။ SCORPIO (OCTOBER 23 – NOVEMBER 22)

licorice

စိတ်အားထက်သန်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ Scorpio တွေက Powerful အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ အနက်ရောင် လက်သည်းဆိုးဆေးကို ရွေးချယ်သင့်ပါတယ်။  

၉။ SAGITTARIUS (NOVEMBER 23 – DECEMBER 21)

dark plum

ရိုးသားပြီး အကောင်းမြင်စိတ်ရှိတဲ့ Sgittarius တွေအတွက် လိုက်ဖက်တဲ့ လက်သည်းဆိုးဆေးအရောင်က တောက်ပတဲ့ ခရမ်းရောင်ပါ။

၁၀။ CAPRICORN (DECEMBER 22 – JANUARY 20)

dark velvet

ဆုံးဖြတ်ချက် ခိုင်မာပြီး ရည်မှန်းချက်ကြီးတဲ့ Capricorn တွေအတွက် မီးခိုရောင်က ရွေးချယ်သင့်တဲ့ လက်သည်းဆိုးဆေးအရောင်ပါ။

၁၁။ AQUARIUS (JANUARY 21 – FEBRUARY 18)

pearlescence

အတွေးအခေါ်ကောင်းပြီး တစ်ဖက်လူအပေါ်ကို ဂရုစိုက်ပေးတတ်တဲ့ Aquarius တွေအတွက် ကံကောင်းစေမယ့် လက်သည်းဆိုးဆေးအရောင်က ပုလဲရောင်ပါ။ 

၁၂။ PISCES (FEBRUARY 19 – MARCH 20)

pistachio

စိတ်ကူးကောင်းပြီး အရာရာမှာ လိုက်ရောညီထွေ နေထိုင်တတ်တဲ့ Pisces တွေက အစိမ်းရောင်ဖျော့ဖျော့ လက်သည်းဆိုးဆေး အရောင်လေးနဲ့ လိုက်ဖက်ပါတယ်။ 

⇐ Previous Next

Read 829 times