Travel

မြန်မာပြည်အနှံ့က ထူးထူးဆန်းဆန်း ဟိုတယ် (၁၀) ခု

10 Weird Hotels in Myanmar

မြန်မာနိုင်ငံမှာရှိတဲ့ ဇိမ်ခံဟိုတယ်ကြီးတွေထဲမှာ ထူးခြားပြီး အမြင်ဆန်းတဲ့ အသွင်အပြင်ရှိတဲ့ ဟိုတယ် (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Keinnara Hpa-an Lodge (ဘားအံ)

ကရင်ပြည်နယ် ဘားအံမှာရှိပြီး အဆင့်အတန်းမြင့် ဟိုတယ်ပုံစံပါ။ ကရင်ရိုးရာ လုံးချင်း Bungalow တွေရှိသလို Sky dome ဆိုတဲ့ ရွက်ဖျင်တဲအိမ် ပုံစံ အခန်းအမျိုးအစားလည်းရှိပါတယ်။

https://www.facebook.com/KeinnaraHpaAn

(၂) St. John Hostel (ရန်ကုန်)

ဒီ Hostel ကတော့ သာမန် hostel တွေလို ၂ ထပ် ကုတင်တွေ မဟုတ်ဘဲ တယောက်အတွက် သီးသန့် သိပ္ပံခန်းပုံစံ အိမ်ယာစင်တွေပါ။ အကန့်တစ်ခုစီတိုင်းမှာ စာကြည့်မီး၊ TV၊ စားပွဲ စတဲ့ Facility တွေ ပေးထားပါတယ်။

https://www.facebook.com/St-John-Hostel-

(၃) Song of Travel Hostel (ညောင်ရွှေ)

မြန်မာပြည်ရဲ့ ပထမဆုံး ကက်ဆက်ပုံစံ အဆောက်အဦးကို ညွှန်ရမယ်ဆို Song of Travel Hostel ဖြစ်ပါတယ်။ Backpacker တွေကို target ထားတဲ့ နေရာမလို့ လူငယ်တွေအကြိုက် လူငယ်စတိုင် hostel လည်းဖြစ်ပါတယ်။

https://www.facebook.com/songoftravel

(၄) Hotel Queen Jamadevi (မော်လမြိုင်)

ဒီဟိုတယ်က မော်လမြိုင်မြို့ပေါ်မှာ ရှိပေမဲ့ အခန်းတွေက မွန်ရိုးရာအိမ်ပုံစံလေးတွေဖြစ်လို့ မြို့ပေါ်မှာလို့ မထင်ရပဲ မွန်ရွာလေးထဲ ရောက်သွားရသလို ခံစားရစေပါတယါ။ အခန်းနာမည်ကို မွန်မင်းသား၊ မင်းသမီးနာမည်လေးတွေ ပေးထားပြီး ဟိုတယ်အလယ်မှာဆိုလည်း ရာသီအလိုက် သီးနှံတွေ စိုက်တဲ့ စိုက်ခင်းလေးလည်းရှိပါတယ်။

https://www.facebook.com/hotelqueenjamadevi

(၅) Eternal Lodge (ပုဂံ)

ပုဂံမှာ ဟိုတယ်အများစုကို ကြည့်မယ်ဆိုရင် ပုဂံဗိသုကာ လက်ရာက သွေဖယ်ပြီး ဟိုတယ်ဆောက်တာ ရှားပါတယ်။ ရှားရှားပါပါးဟိုတယ်တွေထဲက Etenral Lodge ကတော့ ပထမထပ်ကို Container တွေ ထပ်ထားသလို ဆောက်ထားတဲ့အတွက် အမြင်ဆန်းဆန်းလေးရစေပါတယ်။

https://www.facebook.com/eternallodgebagan

(၆) Vintage Luxury Yacht Hotel (ရန်ကုန်)

ဇိမ်ခံသင်္ဘောကြီးစီးရင်း အိပ်စက်အနားယူခွင့်ရမယ့် အခွင့်အရေးကို Vintage Luxury Yacht Hotel မှာ တည်းခိုရင်း ရနိုင်ပါတယ်။ သင်္ဘောကြီးပေါ်မှာ ခေတ်ဟောင်း ပရိဘောဂစတိုင်ကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်ပါတယ်။

https://www.facebook.com/vintageluxuryyachthotel/

(၇) Pristine Lotus Resort (အင်းလေး)

Resort ကို Garden ထဲက Lotus Villa နဲ့ အင်းလေးကန်ဘက်ခြမ်းမှာတော့ Floating Cottage ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ Floating Cottage ကတော့ အင်းလေးကန်ကြီးထဲမှာ လှေတွေ အစီအရီ ရပ်နေတဲ့ ပုံစံဆောက်ထားတဲ့ အခန်းတွေဖြစ်ပါတယ်။ 

ဒီ Resort လေးကတော့ Covid 19 ကြောင့် ယာယီပိတ်ထားတာဖြစ်ပြီး ပြန်မဖွင့်ဖြစ်သေးပါဘူး။

https://www.facebook.com/pristinelotusresort

(၈) Bago Yoma Eco Resort (ပြည်)

ပြည် သရေခေတ္တရာပျူမြို့ဟောင်းကနေ ၂ နာရီလောက်အကွာမှာရှိပြီး ပဲခူးရိုးမတောင်တန်းမှာ တည်ရှိတဲ့ Bago Yoma Eco Resort က မွန်းကျပ်တဲ့ မြို့ပြလူနေမှုဘ၀ကနေ ခွဲထွက်ပြီး သဘာဝတရားကို အပြည့်အဝ ခံစားချင်တဲ့သူတွေ အရမ်းကြိုက်မယ့် နေရာပါ။ 

https://www.facebook.com/BagoYomaEco

(၉) Golden Gate Guesthouse (ပြင်ဦးလွင်)

ပြင်ဦးလွင် San Francisco Restaurant ကနေ တပိုင်တနိုင် ဖွင့်ထားတဲ့ Golden Gate Guesthouse လေးပါ။ သူ့ရဲ့ တမူထူးခြားချက်က အိမ်လေးတွေက ချစ်စရာလုံးချင်းပုံစံလေးတွေပါ။ သူ့မှာဆို ပျဉ်ထောင်အိမ်၊ သစ်လုံးအိမ်၊ ရွှံ့အိမ်၊ ဝါးအိမ်ဆိုပြီး ပုံစံမျိုးစုံနဲ့ တည်းလို့ရပါတယ်။ 

https://www.facebook.com/profile

(၁၀) Nga Laik Kan Thar Eco Resort (နေပြည်တော်)

နေပြည်တော်ရဲ့ ငလိုက်ဆည်ဘေး မေးတင်ဆောက်ထားတဲ့ Nga Laik Kan Thar Eco Resort မှာ တည်းရင် ရှေးခေတ် မြန်မာ့ရိုးရာအိမ်မှာ တည်းရသလို ခံစားရမှာပါ။ 

https://www.facebook.com/NgaLaik/

⇐ Previous Next

Read 2852 times