Travel

ရန်ကုန်မြို့ရဲ့ ခရီးသွား လည်ပတ်စရာနေရာ ၃၇ ခု

37 Tourists Destinations in Yangon

ရန်ကုန်မြို့မှာ အခုနှစ်ထဲ လည်ပတ်ရန်အတွက် ခရီးစဉ်သစ် (၉) ခုကို ထပ်မံဖော်ဆောင်ထားပါတယ်။ ဒါကြောင့် အရင် သတ်မှတ်ထားပြီးသား ခရီးစဉ်နေရာ (၂၈) ခုရှိတဲ့အတွက် အခုအခါမှာ စုစုပေါင်း ခရီးစဉ်နေရာ (၃၇) ခုအထိ ရှိလာပြီဖြစ်ပါတယ်။

အခုနှစ်ထဲ ထပ်မံ ဖော်ဆောင်ထားတဲ့ ခရီးစဉ်သစ် (၉) ခုကတော့ -

၁။ ဗဟန်းမြို့နယ်ရှိ ချင်းချောင်းနန်းတော်၊ 

၂။ သန်လျင်မြို့နယ်ရှိ ရှေးဟောင်းပေါ်တူဂီဘုရားကျောင်း (သို့) ငဇင်ကာအုတ်ဂူ၊ 

၃။ ဒဂုံမြို့နယ်ရှိ အာဇာနည်ဗိမာန်

၄။ ဦးဥတ္တမပန်းခြံ (သို့) ကန်တော်မင်္ဂလာပန်းခြံ၊ 

၅။ ပန်းဘဲတန်းမြို့နယ်ရှိ သျှာရီကာလီမယ်တော်ကျောင်း

၆။ ကဗျာဆရာကြီး မဂိုအင်ပါယာ ဧကရာဇ်မင်း ဘာဟာ ဒူးရှားဇဖာရ်ရှား ဂူဗိမာန်၊ 

၇။ ကျောက်တန်းမြို့နယ်ရှိ ပီလခတ်ဟိန္ဒူဘုရားကျောင်း

၈။ ကျိုက်ပြသာဒ်တနော် ကောင်းမှုစေတီတော်

၉။ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ကနဦး ဖော်ဆောင်ထားခဲ့တဲ့ ခရီးစဉ်နေရာ (၂၈) ခုကတော့ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်နဲ့ အမျိုးသားပြတိုက်၊ ကျောက်တံတားမြို့နယ်ရှိ ဆူးလေစေတီတော်နဲ့ မဟာဗန္ဓုလပန်းခြံ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကန်တော်ကြီးဥယျာဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား၊ မှော်ဘီမြို့နယ်ရှိ ဂျပန်ဘုရား၊ မရမ်းကုန်းမြို့နယ်ရှိ ကျောက်တော်ကြီးဘုရား၊ စွယ်တော်မြတ်စေတီတော်နဲ့ ကမ္ဘာအေးစေတီတော်၊ ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်းရေလယ်ဘုရား၊ သန်လျင်မြို့နယ်ရှိ ကျိုက်ခေါက်ဘုရား၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားဥယျာဉ်၊ ထောက်ကြန့် စစ်သင်္ချိုင်းနဲ့ ဓာတ်တော်မွေတော် ကံကူစေတီတော်၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်၊ ဝန်ကြီးများရုံး (အတွင်းဝင်ရုံး) နဲ့ ဗိုလ်တထောင်ကမ်းနား၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုစေတီတော်၊ ဒလမြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်ဈေးနဲ့ လှိုင်မြို့နယ်ရှိ အင်းယားကန်ဘောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

Source - VOM

⇐ Previous Next

Read 1251 times