Technology

Apple က မိတ်ဆက်လိုက်တဲ့ Mac Mini နဲ့ MacBook Pro အသစ်

Apple Announces New MacBook Pro And Mac Mini

Apple က ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံး ထုတ်ကုန်တွေအဖြစ် ၁၄ လက်မနဲ့ ၁၆ လက်မရှိတဲ့ MacBook Pro မော်ဒယ်အသစ်တွေနဲ့ Mac Mini အသစ်ကို ဇန်နဝါရီလ (၁၇) ရက်နေ့မှာ စတင် မိတ်ဆက်ကြေငြာခဲ့ပါတယ်။ ဒီအတွက် MacBooK Pro မော်ဒယ်အသစ်တွေနဲ့ Mac Mini အသစ်မှာ တိုးမြှင့်ပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေကို ပြောပြပေးချင်ပါတယ်။

No more Mac releases in 2022, the new MacBook Pro, Mac mini and Mac Pro in  2023 - Gearrice

MacBook Pro ထဲမှာ ထည့်သုံးထားတဲ့ M2 Pro နဲ့ M2 Max Chips တွေဟာ အရင်မျိူးဆက် M1 ထက် CPU စွမ်းရည်က ၂၀% နဲ့ GPU စွမ်းရည်က ၃၀% ပိုမြင့်လာပါတယ်။

M2 Pro မှာ Memory 16GB နဲ့ 32GB ပါတဲ့ ရွေးချယ်စရာ နှစ်မျိုးရှိပြီး M2 Max မှာ 32GB၊ 64GB နဲ့ 96GB ပါတဲ့ ရွေးချယ်စရာ သုံးမျိုးရှိပါတယ်။

The latest M2 Pro and M2 Max chips are inside the new MacBook Pros.

Storage ပိုင်းမှာဆိုရင်လည်း 512GB ကနေ 8TB အထိ ထောက်ပံ့ပေးထားပါတယ်။ စျေးအသက်သာဆုံး မော်ဒယ်မှာတောင် 16GB RAM နဲ့ 512GB Storage ထိ ပါဝင်ပါတယ်။

MacBook Pro မော်ဒယ်အသစ်တွေဟာ WiFi 6E ထောက်ပံ့ပေးထားတဲ့ ပထမဆုံး Macs တွေ ဖြစ်ပါတယ်။ HDMI ကို 2.1 Standard အထိ တိုးမြှင့်ပေးထားပြီး 60Hz 8K နဲ့ 240Hz 4K တွေကို ထည့်သွင်းပေးထားပါတယ်။ 

ဘက်ထရီသက်တမ်းကို တိုးမြှင့်ပေးထားတဲ့အပြင် M2 Pro ဟာ ဗီဒီယိုကြည့်ရင် ၁၈ နာရီ၊ အင်တာနက်သုံးရင် ၁၂ နာရီနဲ့  M2 Max ဟာ ဗီဒီယိုကြည့်ရင် ၂၂ နာရီ၊ အင်တာနက်သုံးရင် ၁၅ နာရီ အသုံးခံပါတယ်။

Apple unveils the Mac Mini 2023 with an M2 Pro processor - time.news - Time  News

Apple က အရင်မျိုးဆက် Mac Mini မှာ စွမ်းရည်နိမ့် M1 Chip ပဲ ထည့်ပေးထားပြီး ၂၀၂၃ ထုတ် Mac Mini အသစ်မှာတော့ M2 နဲ့ M2 Pro Chips တွေ ထည့်သွင်းပေးထားပါတယ်။ Mac Mini အသစ်ရဲ့ M2 Chips ပါတဲ့ မော်ဒယ်မှာ 8GB RAM၊ 256 GB Storage၊ HDMI Port ၁ ခု၊ Thunderbolt 4 (USB-C) Port ၂ ခု ပါဝင်ပါတယ်။

Mac Mini အသစ်ရဲ့ M2 Pro Chips ပါတဲ့ မော်ဒယ်မှာ 16GB RAM၊ 512 GB Storage၊ HDMI Port ၁ ခု၊ Thunderbolt 4 (USB-C) Port ၆ ခု ပါဝင်ပါတယ်။ 

စျေးနှုန်းအနေနဲ့ MacBook Pro ၁၄ လက်မရဲ့ အခြေခံမော်ဒယ်အတွက် ရောင်းစျေးကို $1,999 ( မြန်မာငွေ သိန်း ၆၀ ကျော်) နဲ့ MacBook Pro ၁၆ လက်မရဲ့ အခြေခံမော်ဒယ်အတွက် $2,499 ( မြန်မာငွေ သိန်း ၇၀ ကျော် ) မှ စတင် စျေးသတ်မှတ်ထားပါတယ်။

M2 Chips ပါတဲ့ Mac Mini စျေးကတော့ $599 ( မြန်မာငွေ ၁၇ သိန်းကျော် ) ဖြစ်ပြီး M2 Pro Chips ပါတဲ့ Mac Mini စျေးကတော့ $1,299 ( ၃၆ သိန်းကျော် ) ဖြစ်ပါတယ်။

လတ်တလော မိတ်ဆက်ထားတဲ့ ၂၀၂၃ ထွက် MacBook Pro မော်ဒယ်အသစ်တွေနဲ့ Mac Mini တွေကို  ကြိုတင်မှာယူချင်တယ်ဆိုရင်တော့ Apple ရဲ့  Official Online Store ကနေ တိုက်ရိုက် မှာယူနိုင်ပါတယ်။ ဒေါ်လာစျေးအတက်အကျပေါ် မူတည်ပြီး စျေးနှုန်းအပြောင်းအလဲများ ရှိနိုင်ပါတယ်။

MacBook Pro နှင့် Mac Mini မိတ်ဆက်ဗီဒီယို  - https://bit.ly/3CTNfjG

⇐ Previous Next

Read 925 times