Entertainment

နှစ်ပေါင်း (၁၇)သန်းကြာအောင် ဆော့ရမယ့်ဂိမ်း

A game that will be played for 17 million years

ပုံမှန်ဇာတ်လမ်းသွား ဂိမ်းတစ်ခုကို ဆော့မယ်ဆို (၃,၄) ရက်ကြာပါတယ်။ Online ဂိမ်းဆိုရင်တော့ Server Run နေသလောက် (၃)နှစ်(၄)နှစ် အလွန်ဆုံး (၁၀)နှစ် အနှစ်(၂၀)ပေါ့။ဂိမ်းတစ်ခုက နှစ်ပေါင်း(၁၇)သန်း ကြာအောင်ဆော့ရမယ်ဆို သင်ဆော့မှာလား?? 

ဘာဂိမ်းလဲ မသိသေးခင်တောင်မှ တော်တော်စိတ်ဝင်စားသွားပြီမလား? ဒီဂိမ်းက အသစ်ထွက်လာတဲ့ ဂိမ်းလည်းမဟုတ်သလို ကျွန်တော်တို့နဲ့လည်း မစိမ်းလှပါဘူး။ ဒီဂိမ်းက Google Chrome အသုံးပြုနေတဲ့အချိန် အင်တာနက်ပြတ်တောက်သွားမယ်ဆိုရင် ဆော့ကစားနိုင်ဖို့ ထည့်သွင်းထားတဲ့ hidden gameတစ်ခုဖြစ်ပါတယ်။ ဒိုင်နိုဆောဂိမ်းလို့ လူသိများတဲ့ The Lonely T-Rex ဟာ runner game အမျိုးအစားတစ်ခုဖြစ်ပြီး ကန္တာရအတွင်း ရှားစောင်းပင်နဲ့ တာရိုဒက်တိုင်လ်တွေကို ရှောင်ရှားရမှာပါ။

Chrome အတွက် ဒီဇိုင်းရေးဆွဲပေးတဲ့ ဒီဇိုင်နာ Sebastien Gabriel ဟာ ဒီဂိမ်းဟာ အင်တာနက်လုံးဝမရှိတဲ့ သမိုင်းမတင်မီခေတ်တစ်ခုကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။“Wi-Fi လုံးဝမရှိတဲ့အခါ သမိုင်းမတင်မီခေတ်တစ်ခုကို ပြန်ရောက်သွားသလိုပါပဲ။ 

Chrome က ဒီဂိမ်းကို ၂၀၁၄ စက်တင်ဘာမှာ စတင်ခဲ့တာပါ။ ဒါပေမယ့် platform အားလုံးမှာ အလုပ်မလုပ်တာကြောင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ဒီဂိမ်းကို ဆော့ချင်တယ်ဆိုရင်တော့ Offline ဖြစ်စရာမလိုပါဘူး chrome://dino/ မှာသွားဆော့နိုင်ပါတယ်။Developer တွေက ဒီဂိမ်းကို အပြီးသတ်ကစားဖို့ နှစ်ပေါင်း ၁၇ သန်းကြာလိမ့်မယ်ဆိုပါတယ်။ ဒါဟာ T-Rex ဒိုင်နိုဆောတွေကမ္ဘာပေါ်မှာ ရှင်သန်ခဲ့တဲ့အချိန်နဲ့တူညီပါတယ်။ 

⇐ Previous Next

Read 1232 times