Health & Beauty

မနက်အိပ်ရာနိုးတာနဲ့ ရေတစ်ခွက် သောက်မယ်ဆိုရင် တစ်လကြာတဲ့အခါ ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာနိုင်မလဲ?

 What are the benefits of drinking a glass of water in the morning after waking up in the morning?

ဂျပန်အမျိုးသမီး အများစုဟာ ဘာကြောင့် သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ စိုပြေလှပတဲ့အသားအရေကို ပိုင်ဆိုင်ထားကြတာပါလဲ? အကြောင်းအရင်းကတော့ ဂျပန်လူမျိုး အများစုဟာ မနက်မိုးလင်းလို့  အိပ်ရာက နိုးတဲ့အချိန်မှာ ရေတစ်ခွက်ကို မှန်မှန်သောက်သုံးလေ့ ရှိကြပါတယ်။

ဒီလိုမျိုး မနက်နိုးနိုးချင်းမှာ ရေသောက်တဲ့ အလေ့အကျင့်ကို မှန်မှန်ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။  မနက်မိုးလင်း ဗိုက်ထဲအစာမရှိချိန်မှာ ရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးမယ် ဆိုရင်တော့ ဒီလိုမျိုး အကျိုးရလဒ်တွေကို ခံစားလာရမှာပါ။

ခန္ဓာကိုယ် ပေါ့ပါး လန်းဆန်းလာခြင်း

မနက်မိုးလင်းချိန်တိုင်း ရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ရက်အနည်းငယ် ကြာတဲ့အခါမှာ ခန္ဓာကိုယ်က ပိုမို ပေါ့ပါးလန်းဆန်းလာပြီး အဆိပ်အတောက်တွေကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်တာကို ခံစားမိလာမှာပါ။ ရေကိုသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်က အတွင်းမှာရှိတဲ့ သွေးနီဥ  ကြီးထွားမှုကို လှုံ့ဆော်ပေးပြီး သွေးထဲမှာရှိတဲ့ အောက်စီဂျင်ကို ပိုမိုထုတ်ပေးနိုင်ပါတယ်။ထိုနှစ်ခု ပေါင်းစပ်ကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေခြင်း

မကြာခဏဆာလောင်မှုဖြစ်ပေါ်မှုကို ဟန့်တားပေးရုံသာမကပဲ  အစာခြေဖျက်မှုကိုလည်း နှေးကွေး လေးလံစေပါတယ်။လေ့လာမှုတစ်ခုအရ နေ့စဉ် မနက်တိုင်းရေ (၁.၅ လီတာ) တိုးမြှင့်သောက်သုံးခြင်းဟာ  (၄၈) ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။

ရင်ပူသက်သာစေခြင်း

အစာမကြေခြင်း၊ လေတက်ခြင်းတို့ကို မကြာခဏ ခံစားတတ်ရသူများအနေနှင့် မနက်ခင်းတိုင်း ရေတစ်ခွက်မှန်မှန် သောက်သုံးပေးမယ်ဆိုရင်  အစာစားပြီးတိုင်း သက်သောင့်သက်သာရှိစေမှာပါ။

ဦးနှောက်စွမ်းရည်ကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

လူတွေရဲ့ ဦးနှောက် ၇၀% ဟာ ရေနဲ့ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။. ၄င်းရေဓာတ်ဟာ ဦးနှောက်စွမ်းရည်ကို ပိုမိုကောင်းမွန်စေနိုင်ဖို့ အထောက်အကူ ဖြစ်စေဖြစ်ပါတယ်။ဦးနှောက်ဟာ ရေဓာတ်ပြည့်၀စွာ မရရှိတဲ့အခါမှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဓာတ်ကျလွယ်ခြင်းကို ဖြစ်စေပါတယ်။ဒါ့ကြောင့် မနက်ခင်းမှာ ရေလုံလောက်စွာ သောက်သုံးခြင်းဖြင့် ဦးနှောက်စွမ်းရည်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

အသားအရေ ပိုမိုကောင်းမွန်စေခြင်း

ခန့်မှန်းခြေအားဖြင့် အသားအရေရဲ့ ၃၀%ဟာ ရေဓာတ်ပါဝင်တဲ့အတွက် မနက်ခင်းမှာ ရေသောက်ပေးမယ်ဆိုရင် မျက်နှာပေါ်ရှိ အရေးအကြောင်းတွေကို ပျောက်ကင်းစေတဲ့အပြင် ၀က်ခြံထွက်ခြင်းကိုလျော့နည်းစေပြီး ပိုမိုကျန်းမာ  စိုပြေဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်စေခြင်း

ပုံမှန် ဆံသားခြောက်သွေ့သူများ အနေနဲ့ အိပ်ရာနိုးတိုင်း ရေသောက်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းပြီး ထူထဲတောက်ပတဲ့ ဆံကေသာကို ပြန်လည်ရရှိလာစေမှာ ဖြစ်ပါတယ်။

မနက်အိပ်ရာနိုးတိုင်းမှာ ရေသောက်ပေးမယ်ဆိုရင် ဒီလိုမျိုး ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ  သိပြီးပြီဆိုတော့ အခုကနေစပြီး မနက်အိပ်ရာနိုးတိုင်း ရေသောက်ဖို့ မမေ့နဲ့နော်။

 

⇐ Previous Next

Read 1319 times