Shopping & Promos

နို၀င်ဘာ(၁၀)ရက်နေ့မှာ Buy 2 Get 1 Promotion နဲ့ ပြန်လည်ဖွင့်လှစ်မယ့် Yangon Waterboom

Yangon Waterboom will reopen on November 10 with Buy 2 Get 1 Promotion

အပြင်မထွက်ရတာ ကြာပြီး အိမ်ထဲမှာ နေရတာကြာလို့  ငြီးငွေ့နေပြီလား?

Covid ကြောင့် ကမ်းခြေကို သွားဖို့ စဥ်းစားပြီးကာမှ ဘယ်ခရီးမှ မသွားလိုက်ရလို့ စိတ်ပူမနေပါနဲ့။ရန်ကုန်ထဲမှာပဲ ကမ်းခြေရောက်မယ့် ခံစားမှုကို ဖြစ်စေမယ့် Yangon Waterboom က နိုဝင်ဘာ(၁၀)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ 

စျေးနှုန်းအသစ်အနေနဲ့ကတော့ Weekdayနဲ့ Weekend က စျေးနှုန်းအတူတူပဲ ဖြစ်ပါတယ်။လူကြီးတစ်ယောက် အတွက် ဝင်ကြေးကတော့ (၁၅၀၀၀)ကျပ် ဖြစ်ပြီး ၊ကလေးတစ်ယောက် အတွက် ဝင်ကြေးကတော့ (၇၀၀၀)ကျပ် သာရှိပါတယ်။

ဒါ့အပြင် Buy 2 Get 1 promotion ကလည်း နိုဝင်ဘာလကုန်အထိ  ရှိနေဦးမှာဆိုတော့ သာသာယာယာပဲလေ။ 

Stay Home မှာ အိမ်တွင်းပုန်းပြီး နေနေရတဲ့သူတွေအတွက် နိုဝင်ဘာ(၁၀)ရက်နေ့ကစပြီး Yangon Waterboom မှာ အပြတ်ကဲလို့ရပြီပေါ့။

Yangon Waterboomမှာ ရှိတဲ့ နေရာအားလုံးကို ပိုးသတ်ဆေးတွေ စနစ်တကျဖြန်းထားတဲ့အပြင်  ရေကိုလဲလိုအပ်တဲ့ calorine ပမာဏ အတိုင်း အမြဲသန့်စင်ထားရှိပြီး  အပြည့်အဝ ကာကွယ် ပြင်ဆင်ပေးထားပါတယ်။ကဲ အဲ့ဒီတော့ စိတ်ချလက်ချ အနားယူလို့ ရပြီပေါ့။  

လာရောက်ကစားတဲ့သူတွေ အနေနဲ့ကတော့ အောက်ပါ အချက်ကလေးတွေကို သေချာတိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။

-ကစားကွင်းထဲ ဝင်လာပီဆိုတာနဲ့ အပူချိန်တိုင်းရပါမယ်။

-hand sanitizerသုံးရပါမယ်။

-(၆)ပေစီခြားပြီး တန်းစီစနစ်နဲ့တော့ ticketဝယ်ကြရပါမယ်နော်။

-Food Court အကျယ်ကြီးမှာ တစ်ဝိုင်းနဲ့တစ်ဝိုင်း ထိစပ်မှု မရှိအောင် ကာကွယ်မှုအပြည့်လည်း ပြုလုပ်ထားပါတယ်။

ဒီလထဲမှာ ပိတ်ရက်တွေကလည်းများနေတော့ အပန်းဖြေချင်တဲ့သူတွေအတွက် ပျော်စရာကောင်းတဲ့ သွားစရာနေရာလေးတစ်ခု ဖြစ်မှာပါ။

 

⇐ Previous Next

Read 2171 times