Shopping & Promos

80% အထိ လျှော့ဈေးတွေ ရနိုင်မယ့် SUNNY eSTORE ရဲ့ 11.11 အွန်လိုင်းဈေးရောင်းပွဲတော်

SUNNY eSTORE 11.11 online auction with up to 80% off

SUNNY eStore (www.sunny.com.mm) ကနေ အကောင်းဆုံးပစ္စည်းတွေကို အတန်ဆုံးဈေးနဲ့ ရောင်းချပေးမယ့် 11.11 အွန်လိုင်းဈေးရောင်းပွဲတော်ကြီးကို လာမယ့် နိုဝင်ဘာလ (၁၁) ရက်မှ (၁၇) ရက်အတွင်း ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

(၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်မယ့် 11.11 အွန်လိုင်း ဈေးရောင်းပွဲတော်ရက် အတွင်းမှာ... 

  • ၈၀ % အထိ အထူး‌လျှော့ဈေးတွေနဲ့
  • ၁၀၀ % စစ်မှန်တဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်ပြီး
  • ၇ ရက်အတွင်း ပို့ဆောင်ပေးသွားမှာ ဖြစ်လို့ လုံးဝ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲနော်။

11.11 လျော့ဈေးအစီအစဉ်က နိုဝင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်မှာ စတင်မှာ ဖြစ်ပြီးတော့ ဒီလင့်ခ် > https://bit.ly/3leol3K ကနေ မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေကို အတန်ဆုံးဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်ပါတယ်။

ရောင်းချပေးသွားမယ့် နာမည်ကြီး Brand နဲ့ Product တွေကတော့

  • Phillips, 
  • Lock&Lock
  • Beko အစရှိတဲ့ အိမ်သုံးပစ္စည်းတွေ
  • Loreal
  • Bioderma
  • Maybelline
  • Garnier
  • Bella
  • Hearty Heart စတဲ့ အလှကုန်ပစ္စည်းတွေနဲ့
  • Remax
  • LG
  • SAMSUNG အစရှိတဲ့ Accessories ပစ္စည်းမျိုးစုံ စတာတွေပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရှိ မြို့အနှံ့အပြားကို ပို့ဆောင်ပေးနေတာဖြစ်ပြီး အိမ်ကို ပစ္စည်းရောက်မှပဲ ငွေချေမလား၊  KBZPay ကနေပဲ ငွေလွှဲမလား မိမိအဆင်ပြေတဲ့ ငွေပေးချေမှုပုံစံကို ရွေးချယ်နိုင်မယ့်အပြင် ငွေကျပ် (၂၀,၀၀၀) ဖိုးနဲ့အထက် ဝယ်ယူသူတိုင်းကိုလည်း ပို့ခအခမဲ့ (Free Delivery) နဲ့ ပို့ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

11.11 အွန်လိုင်းစျေးရောင်းပွဲတော် အတွင်းမှာပဲ ရရှိနိုင်တဲ့ ပစ္စည်းတွေ အများကြီးထဲကမှ ဈေးအတန်ဆုံးနဲ့ မဖြစ်မနေ ဝယ်ယူသင့်တဲ့ အကောင်းဆုံးပစ္စည်း (၁၀) မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။

၁။ Philips Vacuum Cleaner 

အိမ်ရှင်မတွေအတွက် မရှိမဖြစ်လို့ ပြောရမယ့် ဖုန်စုပ်စက်လေးဖြစ်ပြီးတော့ နာမည်ကျော် US Brand တစ်ခုဖြစ်တဲ့ Philips ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 11.11 ပွဲတော်မှာဆိုရင် ပုံမှန်စျေး (၁၁၁,၀၀၀) ကျပ်ကို (၈၈,၀၀၀) ကျပ်အထိ လျှော့ပေးမယ့်အပြင် ဘောက်ချာကုဒ် (ph19000) ကို သုံးမယ်ဆိုရင် (၆၉,၀၀၀) ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ။ 

၂။ Philips Shaver 

အမျိုးသားတွေအတွက်လည်း Philips ကနေ ထုတ်လုပ်ထားတဲ့ မုတ်ဆိတ်ရိတ်စက်လေးကို 11.11 ပွဲတော်အတွင်း ဝယ်ယူမယ်ဆိုရင် ပုံမှန်ရောင်းစျေး (၆၈,၀၀၀) ကျပ်ကို (၃၄,၀၀၀) ကျပ်အထိ လျှော့ပေးမယ့်အပြင် ဘောက်ချာကုဒ် (ph9500) ကို အသုံးပြုမယ်ဆိုရင် တစ်ခုကို (၂၄,၅၀၀) ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် နှစ်ခါ မစဥ်းစားသင့်ဘူးနော်။

၃။ Lock & Lock Eco Container Rectangular

ရုံးတွေလည်း ပြန်ဖွင့်ပြီဆိုတော့ ရုံးသမားတွေအတွက် သင့်တော်တဲ့ Lock & Lock ရဲ့ 1.3L ဆန့် Container လေးကို 11.11 စျေးရောင်းပွဲတော်မှာ ယခင်စျေး (၄,၂၀၀) ကျပ်ကနေ (၃,၃၆၀) ကျပ်နဲ့ ရရှိမယ့်အပြင် ဘောက်ချာကုဒ် (lock2361) အသုံးပြုပြီး (၉၉၉) ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

၄။ Vaseline Aloe Soothe 

ဆောင်းဦးရာသီ ရောက်လာပြီဆိုတော့ အသားအရည်ကို ချောမွေ့စေမယ့် Vaseline Aloe Soothe ကို ပုံမှန်ရောင်းစျေး (၅,၂၀၀) ကျပ်ကနေ 11.11 ပွဲတော်အတွင်းမှာ လျေ့ာစျေး (၂,၆၀၀) ကျပ်နဲ့ ရနိုင်မယ့်အပြင် ကုဒ် (vase1700) သုံးလိုက်တာနဲ့ (၉၀၀) ထဲနဲ့ ဝယ်ယူနိုင်မှာပါ။

၅။ Remax Bluetooth Speaker RH-H8 

ဒါလေးကတော့ လူငယ်တွေကြား လတ်တစ်လော ခေတ်စားနေတဲ့ Remax ရဲ့ Bluetooth Speaker လေး ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ အသံအပြင် Bass တွေကလည်း အမိုက်စားမို့ ရောင်းမလောက် ဖြစ်နေတဲ့ ဒီ Spe‌aker လေးကို ပုံမှန်ရောင်းစျေး (၉၉,၀၀၀) ကျပ်ကနေ (၄၉,၅၀၀) ကျပ်နဲ့ ရရှိမှာဖြစ်ပြီး ဘောက်ချာကုဒ် (remax5000) ကို အသုံးပြုရင် (၄၄,၅၀၀) ကျပ်ထဲနဲ့ ရမှာဆိုတော့ တအားတန်နေပါပြီနော်။ 

၆။ POND’s Facial Foam 

POND’s ရဲ့ အမျိုးသား၊ အမျိုးသမီးသုံး မျက်နှာသစ်ဆေးတွေကိုလည်း SUNNY eSTORE ရဲ့ 11.11 ပွဲတော်အတွင်း ယခင်ရောင်းစျေး (၃,၇၀၀) ကျပ်ကနေ (၂,၉၆၀) ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဘောက်ချာကုဒ် (ponds1000) ကို အသုံးပြုရင်တော့ (၁,၉၆၀) ကျပ်ထဲနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

၇။ Hada Labo Facial Cleanser 

ဂျပန်နိုင်ငံ အခြေစိုက် Brand တစ်ခုဖြစ်တဲ့ Hada Labo Facial Foam ကိုလည်း 11.11 ဈေးရောင်းပွဲတော်မှာ ရောင်းချပေးသွားမှာ ဖြစ်ပြီး မျက်နှာ မွဲခြောက်ပြီး ဝက်ခြံရှိသူတွေအတွက် Advance Nourish Hyaluron Cleanser, အရေးအကြောင်းများကို အထိရောက်ဆုံး သက်သာစေမယ့် Pro Anti Aging Collagen Plus Cleanser နဲ့ အသားအရည် ကြည်လင် စိုပြေချင်သူများအတွက် Perfect White Arbutin Cleanser ဆိုပြီး (၃) မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ပုံမှန်ဈေးနှုန်း (၆,၀၀၀) ကျော်ကနေ အခု SUNNY eSTORE မှာ ဘောက်ချာကုဒ်နဲ့ ဝယ်ရင် ဈေးနှုန်း (၁,၉၉၉) ကျပ်နဲ့ ရရှိနိုင်မှာနော်။ ဘောက်ချာကုဒ်တွေကတော့ hada2336, hada3281 နဲ့ hada2641 တို့ပဲ ဖြစ်ပါတယ်။ 

၈။ Maybelline SuperStay Matte Ink Liquid Lipstick 

ပျိုမေတို့ကြား နာမည်ကြီးတဲ့ Maybelline ရဲ့  Superstay Matte Ink Lipstick ကိုလည်း11.11ပွဲတော်အတွင်းမှာ ယခင်စျေး (၁၃,၈၀၀) ကျပ်ကနေ အထူးလျော့စျေး (၁၁,၀၄၀) ကျပ်နဲ့ ရောင်းချပေးမယ့်အပြင် ဘောက်ချာကုဒ် (mlb1041) ကို အသုံးပြုမယ်ဆိုရင် (၉,၉၉၉) ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ Lipstick အရောင်ကိုလည်း (၈) မျိုးအထိ ရွေးချယ်နိုင်မှာနော်။ 

၉။ E-Lan Liquid Detergent Regular 2kg

“အမေရှိရင် အီလန်ရှိတယ်” ဆိုတဲ့အတိုင်း အိမ်မှာ အီလန်ကုန်နေတဲ့ မေမေတွေအတွက်လည်း SUNNY eSTORE မှာ ယခင်စျေး (၅,၈၀၀) ကျပ်ကနေ အထူးရောင်းစျေး (၄,၆၄၀) ကျပ်အပြင် ဘောင်ချာကုဒ် (elan2700) ကို အသုံးပြုမယ်ဆိုရင် (၁,၉၄၀) ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ 

၁၀။ Bioderma Sensibio Tonique Toner 

စိုပြေလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်လိုသူတိုင်း အကြိုက်တွေ့ကြတဲ့ Bioderma ရဲ့ Sensibio Tonique Toner ကိုလည်း 11.11 ပွဲတော်အတွင်းမှာ ယခင်စျေး ( ၁၉,၈၀၀) ကျပ်ကနေ ယခုစျေး (၁၃,၈၆၀) ကျပ်သာ ကျသင့်မယ့်အပြင် ဘောက်ချာကုဒ် (bio3861) ကိုအသုံးပြုပြီး အထူးစျေး (၉,၉၉၉) ကျပ်ထဲနဲ့ ရရှိနိုင်မှာပါ။ 

စိတ်လှုပ်ရှားစရာ အစီအစဥ်များစွာ ပါဝင်ပြီး ဘယ်မှာမှ မရနိုင်တဲ့ အထူးလျော့စျေးတွေနဲ့ SUNNY eSTORE ရဲ့ 11.11 အွန်လိုင်းစျေးရောင်းပွဲတော်ကို နိုဝင်ဘာလ (၁၀) ရက်နေ့ ည (၁၁း၃၀) ကနေ စတင် ရောင်းချပေးသွားမှာပါနော်။

SUNNY eSTORE ဝက်ဆိုဒ် www.sunny.com.mm မှာ ရောင်းချမယ့်အချိန်ကို Countdown ကြည့်နိုင်မှာ ဖြစ်ပြီး Customer Service Hotline 09-891749489 နဲ့  Sunny eStore on FB ကိုလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။

အောက်ကလင့်ခ်ထဲကို ဝင်ကြည့်ပြီး မိမိကြိုက်နှစ်သက်တဲ့ အကောင်းဆုံပစ္စည်းတွေကို အတန်ဆုံးဈေးတွေနဲ့ ဝယ်ယူလိုက်ကြရအောင်။ (၇) ရက်အတွင်းပဲ ရမှာဆိုတော့ မြန်မြန်ဝယ်ယူကြဖို့ မမေ့နဲ့နော်။

Link >  https://bit.ly/3leol3K

SUNNY eSTORE ဟာ မြန်မာနိုင်ငံရဲ့ ရှေ့ဆောင် e-commerce ပလက်ဖောင်းတစ်ခုဖြစ်ပြီး ဖုန်း Accesories များ၊ အိမ်သုံးပစ္စည်းများ၊ အလှကုန်များ၊ ကင်မရာနဲ့ အခြားအီလက်ထရွန်နစ် စတဲ့ ပစ္စည်းတွေကို ဈေးဝယ်သူများ စိတ်တိုင်းကျစေဖို့အတွက် ၁၀၀% စစ်မှန်စွာနဲ့ အမျိုးအစား စုံလင်စွာ ရောင်းချပေးလျက် ရှိပါတယ်။

 

⇐ Previous Next

Read 4410 times