Shopping & Promos

ဒေါ်လာ (၁၃၀၀) နီးပါးကျသင့်မယ့် BMW ရဲ့ Cruise Bike Series (4)

BMW Cruise Bike Series (4) Costs Nearly $ 1,300

BMW ဆိုရင် စျေးလည်းကြီးသလို အရမ်းလည်းမိုက်တဲ့ ကားတွေထုတ်တဲ့ ကုမ္ပဏီဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ ဒါပေမယ့် BMW ကထုတ်တဲ့ စက်ဘီးတွေကိုတော့ လူသိနည်းကြပါတယ်။ စက်ဘီးတွေကလည်း ကားလောက်တော့နာမည်မကြီးပေမယ့် စက်ဘီးချစ်သူတွေကြားထဲမှာတော့ လူသိများကြပါတယ်။ 

 

ဒီဇိုင်း

ဒီစက်ဘီးကကြည့်ရတာ  ရိုးရိုးရှင်းရှင်းနဲ့ကို Premium  ဆန်နေတာမျိုးပါ။ BMW ရဲ့ ကိုယ်ပိုင် Design Team ကနေလုပ်ထားတာဖြစ်ပြီး လူငယ်တွေအကြိုက်နဲ့တော့ နည်းနည်းကွဲထွက်နေပါတယ်။ Frame ပေါ်မှာတော့ BMW Logo ကို ပြတ်ပြတ်သားသာ မြင်နိုင်အောင်ပြထားပါတယ်။ 

 

အလေးချိန် 

စက်ဘီးကိုယ်ထည်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီးတော့ Glossy Silver/ Frozen Blue  အရောင်တွေနဲ့လာပါတယ်။ စုစုပေါင်း အလေးချိန်မှ (၁၃) ကီလိုသာရှိပြီး City Bike အမျိုးအစားဖြစ်ပါတယ်။ 

 

အစိတ်အပိုင်းများ 

Shimano Nexus 7 speed Gear ကိုတပ်ဆင်ထားပြီးတော့ ဘရိတ်တွေမှာတော့ Shimano 180 mm and 160 mm ကို အရှေ့နဲ့ အနောက်မှာ တပ်ပေးထားပါတယ်။ ဖင်ထိုင်ခုံမှာလည်း Selle Royal Freccia ကိုတပ်ထားပေးပြီး ထိုင်ရတာသက်တောင့်သက်သာရှိတယ်လို့ အပြောများပါတယ်။ 

 

စျေးနှုန်း 

ဒီစက်ဘီးကို ($1300) ကျော်လောက်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Function မစုံတာတွေ Gear တွေအစုံအလင်မပါတာတွေကြောင့် တောင်တက်တာ (သို့)  လမ်းကြမ်းမှာစီးမယ်ဆိုရင်တော့ အဆင်မပြေလောက်ပါဘူး။ ဒါပေမယ့် သင်က ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ brand ကောင်းတဲ့ စက်ဘီးကိုလိုချင်တယ် စျေးကိုလည်း ဂရုစိုက်စရာမလိုဘူးဆိုရင်တော့ ဒီစက်ဘီးက သင့်အတွက်ပါပဲ။

 

 

⇐ Previous Next

Read 1804 times