Entertainment

စာအုပ်တစ်အုပ်ထဲကို သိန်း(၄၀)အထိ လေလံပစ်ခဲ့ရတဲ့ ဆရာမာသင်ရဲ့ “ဘရန်းမားကတ်တင်း” စာအုပ်

Brand Marketing Book

လူငယ်နဲ့ စီးပွားရေးဆိုတာ ဒီဘက်ခေတ်မှာ အမြဲလိုလို တွဲမြင်လာရတဲ့ စကားလုံးတွေပါပဲ။ ဒီစကားလုံးလေးတွေအတိုင်း (၂၁)ရာစုရဲ့ လူငယ်တော်တော်များများဟာလည်း စီးပွားရေးအမြင်တွေ၊ နည်းပညာ အသစ်အဆန်းတွေနဲ့အတူ စီးပွားရေး ဈေးကွက်အသစ်တွေ ရှာဖွေတွေ့ရှိလာကြပါတယ်။ 

 

ဒါပေမယ့် မကျွမ်းကျင်သေးတဲ့ နယ်ပယ်တစ်ခုကို အခုမှ စမ်းတဝါးဝါး စလှမ်းတဲ့အခါ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကြုံလာရတတ်ပါတယ်။ ဒါ့အပြင် အောင်မြင်ကာစ စီးပွားရေးတစ်ခုအတွက် ကိုယ့် Brand ကို လူတွေကြားထဲ Image ကောင်းကောင်းနဲ့ တည်ဆောက်နိုင်ဖို့ဆို အများကြီး တည်ဆောက်ယူရတဲ့ အပိုင်းတွေ ရှိလာပါတယ်။ 

 

ဒီလိုပုစ္ဆာတွေအတွက် စာရေးဆရာမာသင်ရဲ့ “ဘရန်းမားကတ်တင်း” စာအုပ်က အများကြီး အကူအညီ ပေးနိုင်မှာပါ။ စာအုပ်အကြောင်း မပြောခင် ဒီစာအုပ်ရဲ့ သူများနဲ့မတူ၊ တမူထူးခြားတဲ့ အချက်တွေကိုလည်း ဗဟုသုတရဖွယ် ပြောပြပေးချင်ပါတယ်။ 

 

၁။ လက်ဗွေနှိပ်ရတဲ့ ပထမဆုံးစာအုပ် 

 

လူတော်တော်များများအတွက် ကိုယ်ဝယ်တဲ့ စာအုပ်မှာ လက်ဗွေနှိပ်တယ်ဆိုတာ ပထမဆုံး အတွေ့အကြုံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီစာအုပ်ဝယ်ရင်တော့ လက်ဗွေနှိပ်ရခြင်းရဲ့ အဓိပ္ပါယ်ကလည်း သီးသန့်ရှိပါသေးတယ်။ ဒါကိုတော့ စာအုပ်ဝယ်ဖတ်တဲ့အခါ လေ့လာနိုင်ပါတယ်။ 

 

၂။ တစ်ခုဝယ် (၅)ခုရ (Buy 1 Get 5) စာအုပ် 

 

စာအုပ်အပြင် QR Scanner ကနေတစ်ဆင့် ဗီဒီယိုတွေကို ကြည့်ရှုပြီး စာအုပ်နဲ့အတူ တွဲဖက်လေ့လာနိုင်အောင် စီစဉ်ပေးထားတယ်။ ဒါ့အပြင် အသံဖိုင်တွေ၊ အိုင်ဒီယာရုပ်ပြတွေ၊ အကျဉ်းချုပ်ဖိုင်တွေနဲ့ စာအုပ်တစ်အုပ်မှာ လေ့လာနည်း (၅)နည်းအထိ ဆရာကိုယ်တိုင် အနီးကပ် သင်တန်းပို့ချနေသလို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ 

 

၃။ သိန်း (၄၀)နဲ့ လေလံပစ်တဲ့ ပထမဆုံးစာအုပ် 

 

ဒီစာအုပ်တစ်အုပ်ထဲကိုပဲ သိန်း(၄၀)နဲ့ လေလံပစ်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒါ့အပြင် လေလံပစ်ပြီး ရလာတဲ့အကျိုးအမြတ်တွေကို တစ်ပြားမကျန် ပြန်လည်လှူဒါန်းပြီး လူပေါင်းများစွာကို ကောင်းကျိုးပြုစေတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ 

 

၄။ ကိုယ်ပိုင်နံပါတ်ပါတဲ့ ပထမဆုံး စာအုပ်

 

“ဘရန်းမားကတ်တင်း” စာအုပ်တစ်အုပ်စီတိုင်းမှာ ကိုယ်ပိုင်နံပါတ် (၁)ခုစီ ပါဝင်ပြီး ဆရာမာသင်ရဲ့ လက်သုံးစကားအတိုင်း တူညီမှုတွေကြားကနေ မတူညီတာကို ရှာနိုင်ကြောင်း သက်သေပြထားပါတယ်။ 

 

၅။ Brand နယ်ပယ်ကို မီးမောင်းထိုးပြထားတဲ့ စာအုပ် 

 

Brand ဆိုတာ အများထင်သလို နာမည်ရှိပြီးသား ထုတ်ကုန်ပစ္စည်း တစ်ခုထဲအတွက်ပဲ မဟုတ်ပါဘူး။ ယနေ့ခေတ်ရဲ့ အင်တာနက် စီးပွားရေးဈေးကွက်မှာ ကြီးမားတဲ့ လိုအပ်ချက်တစ်ရပ်အဖြစ် ခံစားရစေမယ့် တွန်းအားတစ်ခုကို ဖြစ်ပေါ်စေတဲ့ စာအုပ်တစ်အုပ်လို့လည်း ပြောနိုင်ပါတယ်။ 

 

“ဘရန်းမားကတ်တင်း” စာအုပ်ရဲ့ ထူးခြားတဲ့အချက်တွေကို ပြောပြပြီးသွားပြီဆိုတော့ စာအုပ်မှာ ပါဝင်တဲ့ အရာတွေကို ဆက်လက်ပြီး ပြောပြပေးသွားချင်ပါတယ်။ 

 

များသောအားဖြင့် မားကတ်တင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေဟာ English လိုပဲ လေ့လာရတာ များပါတယ်။ ဆရာမာသင်ကတော့ လူတန်းစားမရွေး လေ့လာနိုင်အောင် ထူးခြားတဲ့ အိုင်ဒီယာ အသစ်အဆန်းတွေနဲ့ မြန်မာလို သင်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ 

 

ပါဝင်တဲ့ အကြောင်းအရာတွေကတော့ 

  • Brand တစ်ခု တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်အလက်နဲ့ သိမှတ်စရာပေါင်း (၃၀)ကျော်ကို ( 5 in 1) ထုတ်လုပ်ပေးထားတယ်။ 
  • စာအုပ်အပြင် မိနစ်ပေါင်း (၄၈၀) ရှိတဲ့ ဗီဒီယိုပေါင်း အခု(၃၀)ကိုလည်း စုစည်းတင်ဆက်ပေးထားတယ်။ 
  • အသံဖိုင်တွေ ထည့်သွင်းပေးထားလို့ ဖုန်းထဲထည့်ပြီးလည်း နားထောင်လို့ရတယ်။ 
  • မှတ်ရလွယ်တဲ့ ပုံပြအိုင်ဒီယာမှတ်စုပေါင်း အခု (၃၀)အထိ ပါဝင်တယ်။ 
  • စာအုပ်ထဲက အဓိကကျတဲ့ အချက်အလက်တွေကို အတိုချုံ့ထားတဲ့ PDF File အထိ ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးထားတယ်။

ဒီလိုမျိုး စနစ်ကျပြီး ခေတ်ရှေ့ပြေးတဲ့ အိုင်ဒီယာတွေ ပါဝင်တာကြောင့် စာအုပ်တစ်အုပ် ဖတ်ရုံနဲ့ အနီးကပ်သင်တန်းတစ်ခု တက်လိုက်ရသလိုမျိုး ခံစားရနိုင်စေမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဟန်ပါဝင်တဲ့ အရေးအသားနဲ့ ရိုးသားစွာ ထိထိမိမိ ရှင်းလင်းရေးသားထားပြီး လုပ်ငန်းတွေအတွက် အကျိုးရှိမှုနဲ့ အသုံးဝင်မှုတွေကိုပါ ရှေ့တန်းတင် ဖော်ပြထားပါတယ်။ 

 

ဒီစာအုပ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်၊ ဇူလိုင်လမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ကြိုတင်မှာယူသူတွေ များလွန်းလို့ စာအုပ်ဆိုင်တွေဆီတောင် မရောက်လိုက်ပါဘူးတဲ့။ အခု (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလမှာတော့ “ဘရန်းမားကတ်တင်း” စာအုပ်ကို မြန်မာတစ်နိုင်ငံလုံးဆီ စတုတ္ထအကြိမ်မြောက် ပုံနှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ 

 

စာအုပ်ဝယ်ယူရရှိနိုင်မယ့် နေရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။

 

ရန်ကုန် 

 

၁။ ဆိုင်အမည် - စာပေလောက ( ပန်းဆိုးတန်း ၊ လှည်းတန်း )

Facebook Page - https://bit.ly/3buCWUS 

 

၂။ ဆိုင်အမည် - Book4U (အွန်လိုင်းစာပေ)

Facebook Page - https://cutt.ly/clv2lYW 

 

မန္တလေး 

 

၁။ ကိုဇာနည်သွေး 

ဖုန်း - 09 963333235 (အိမ်အရောက်ပို့ပေးသည်)

 

၂။ ထွန်းဦးစာပေ

၃။ ညိုစာပေ

၄။ စိတ်ကူးချိုချိုစာပေ

၅။ နဂါးစာပေ

 

ပြင်ဦးလွင် 

 

၁။ မောင်မောင်ပြေစာပေ (  အနီးစခန်း ပြင်ဦးလွင် )

၂။ မအေးအေးသင်း - သင်းဝေအောင် စတိုး ရပ်ကွက်ကြီး (7 ) အနော်ရထာလမ်း ပြင်ဦးလွင်

 

မိတ္ထီလာမြို့ 

 

၁။ ဆိုင်အမည် - New Wave Mobile

လိပ်စာ - သီရိမင်္ဂလာရပ် မိတ္ထီလာမြို့။ 

Facebook Page - https://cutt.ly/Hlv9hDf 

 

ဟင်္သာတမြို့ 

 

၁။ ကိုသောင်းနိုင်ဝင်း

Facebook Page - https://cutt.ly/ylv9mc4

 

တောင်ကြီးမြို့

 

၁။ ဆိုင်အမည် - ငွေရောင်ရွှန်း အထည်ချုပ်နှင့် တံဆိပ်ရိုက်

လိပ်စာ - အမှတ်-A-1, အ.လ.က (၁၁) တိုက်တန်း,အရှေ့မြို့ပတ်လမ်း, တောင်ကြီးမြို့

ဖုန်း - 09 400 513 475 

Facebook Page - https://cutt.ly/1lv9LFZ 

 

သထုံမြို့

 

၁။ ဆိုင်အမည် - မချယ်ရီဝင်း 

ဖုန်း - 09 754 734 640 

Facebook Page - https://cutt.ly/alv94kz 

 

ကော့သောင်းမြို့

 

၁။ ဆိုင်အမည် - မအိအိထွန်း

လိပ်စာ - အေးရိပ်ငြိမ်ရပ်ကွက်၊ကော့သောင်းမြို့

Facebook Page - https://cutt.ly/Ulv3usC 

 

၂။ ဆိုင်အမည် - ကိုရှိုင်းထက်မြတ်

Facebook Page - https://cutt.ly/5lv3k3o 

 

ထိုင်းနိုင်ငံ

 

၁။ ဆိုင်အမည် - Book.mm

Facebook Page - https://cutt.ly/rlv3Q6j 

၂။ ဆိုင်အမည် - NDM Book Store

Facebook Page - https://cutt.ly/llv3OgN 

 

မလေးရှား / ထိုင်းနိုင်ငံ

 

၁။ ဆိုင်အမည် - မအေးအေးသွယ်

Facebook Page - https://cutt.ly/dlv3XAJ 

 

မလေးရှားနှင့် စင်္ကာပူမှ စာဖတ်ပရိတ်သတ်များအတွက် ဒီပေ့ချ်ကနေလည်း (https://cutt.ly/Tlv2U36) မှာယူနိုင်ပါတယ်။ 

 

ကိုယ့်မြို့မှာ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရောင်းချချင်တယ် ဆိုရင်တော့ ကိုခင်အက္ခရာစာပေ (09 79 3333 229) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

 

ဆရာမာသင်ရဲ့ “ဘရန်းမားကတ်တင်း” စာအုပ်ရဲ့ ထူးခြားချက်တွေ၊ မှတ်သားဖွယ်ရာတွေနဲ့ စာအုပ် ဝယ်ယူရရှိနိုင်မယ့် နေရာတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြပြီးသွားပြီဆိုတော့ စာအုပ်ဖတ်ပြီးတဲ့အခါ မိမိကိုယ်တိုင် သိမြင် ခံစားလာရတဲ့ အရာတွေကိုလည်း ဒီပို့စ်ရဲ့ Comment Session မှာ လာရောက်ဝေမျှပေးနိုင်ပါတယ်။

⇐ Previous Next

Read 1741 times