Travel

ငွေ (၇,၀၀၀) ကျပ်နဲ့ တည်းခိုနိုင်မယ့် ကလောမြို့က ခေါင်မိုးချွန်အိမ်လေး

Budget Hotel - Kalaw Sweety House

အေးချမ်းလှတဲ့ တောင်ပေါ်ဒေသ ကလောမြို့ကို အလည်သွားရင်း သီးသန့်ဆန်တဲ့ ဘန်ဂလိုအိမ်လေးမှာ တည်းခို အနားယူချင်ပါသလား? ဒီတစ်ခါ ပန်းမြို့တော် ကလောမြို့ကို ဘော်ဒါတွေ စုပြီး (သို့) မိသားစုတွေ စုပြီး အပျော်ခရီးသွားတဲ့အခါ ဘတ်ဂျက်နည်းနည်းနဲ့ ဘန်ဂလိုအိမ်လေးမှာ တည်းခိုနိုင်ဖို့ နေရာလေးတစ်ခုကို တွေ့ရှိထားပါတယ်။ 

Advertisement

Click Here > Green Leaf Fiber Glass

အကုန်အကျနည်းနည်းနဲ့ ကိုယ့်အိမ်ကိုယ့်ရာလို အေးအေးချမ်းချမ်း နေလို့ရမယ့် နေရာလေးရဲ့ နာမည်က Kalaw Sweety House လို့ခေါ်ပါတယ်။ သူ့ဆီမှာ ဘန်ဂလိုအိမ်က နှစ်လုံးပဲ ရှိပါတယ်။ တစ်အိမ်မှာ လူ (၅) ယောက် နေလို့ရပါတယ်။ တစ်အိမ်ကို စျေးနှုန်းက တစ်ရက် (၃၅,၀၀၀) ကျပ် သတ်မှတ်ထားပါတယ်။ 

မှိုင်းလုံးတောင်ကြီးကို နောက်ခံထားတဲ့ Sweety House ရဲ့ ဘန်ဂလိုအိမ်ပုံစံက ချစ်စရာ ခေါင်မိုးချွန်ချွန်လေးနဲ့ အထပ် (၂) ထပ် ပါပါတယ်။ အောက်ထပ်မှာ (၂) ယောက်နေလို့ ရပြီး အပေါ်ထပ်မှာ (၃) ယောက် နေလို့ရပါတယ်။ ကားပါကင်နေရာလေးလည်း ရှိပါမယ်။

အုတ်နဲ့ သစ်သားကို ပေါင်းစပ်ဖွဲ့စည်းထားပြီး အဖြူရောင်ဆေးလေး သုတ်ထားတာကြောင့် သပ်သပ်ရပ်ရပ်နဲ့ လှလှပပ ရှိပါတယ်။ အခန်းတိုင်းမှာ ရေချိုးခန်း၊ ရေချိုးခန်းသုံးပစ္စည်း၊ အိမ်သာ၊ အဲကွန်း၊ တီဗီ၊ ဝိုင်ဖိုင် ပါပြီး Heater လည်း ထည့်ပေးထားပါတယ်။ 

တကယ်က အိမ်တစ်လုံးမှာ လူ (၅) ယောက်ကနေ လူ (၇) ယောက်လောက်အထိ အေးဆေးနေလို့ရပါတယ်။ အပေါ်ထပ် (၃) ယောက် အိပ်မယ့် ကုတင်နေရာကို ကျယ်ကျယ်ဝန်းဝန်း စီစဉ်ပေးထားတော့ ပိန်ပိန်ပါးပါး လူနှစ်ယောက်လောက် အေးဆေး ထပ်ဝင်အိပ်လို့ ရပါတယ်။

သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီး တစ်အိမ်တည်းမှာ ပျော်ပျော်ပါးပါးနေလို့ရမယ့်အပြင် တည်းခိုခကလည်း (၅) ယောက်နေရင် တစ်ယောက်ကို (၇,၀၀၀) ကျပ်၊ (၇) ယောက်နေရင် တစ်ယောက်ကို (၅,၀၀၀) ကျပ်ပဲ ကျပါလိမ့်မယ်။

အတွဲတွေ တည်းမယ်ဆိုရင်တော့ အောက်ထပ်က နှစ်ယောက်ခန်းထဲမှာ နေလို့ရပေမဲ့ အိမ်တစ်အိမ်လုံးစာ (၃၅,၀၀၀) ပေးရမှာပါ။ ဒါကြောင့် လူများများပါမှ ပိုတန်တဲ့ ဘန်ဂလိုအိမ်လေးပါ။ အိမ်မွေးတိလေးတွေ ခေါ်လာလို့ရပေမဲ့ အိပ်ခန်းထဲမှာတော့ ပေးသိပ်ခွင့် မရှိပါဘူး။

ကိုယ်တိုင် ထမင်းစားချက်ပြုတ်ဖို့ ဆီ၊ ဆား၊ အချိုမှုန့်၊ ရေသန့်၊ ကြွေပန်းကန်၊ ကော်ဖီခွက်၊ အကင်ဖို၊ ပေါင်းအိုး၊ ဒယ်နီအိုး၊ ရေနွေးအိုး၊ ဇွန်း စသဖြင့် မီးဖိုချောင်းသုံးပစ္စည်း အစုံ ထားပေးထားပါတယ်။ က​လောမြို့မ​ဈေးနဲ့ နီးတာဖြစ်လို့ စျေးကိုယ်တိုင်သွားပြီး စိတ်ကြိုက် ချက်ပြုတ်လို့ ရပါတယ်​နော်။ သူငယ်ချင်း အဖွဲ့လိုက် ညဘက် အကင်ကင်စားမယ်ဆိုရင်တော့ ပျော်စရာကြီးပေါ့။ 

ညဘက်​အေး​ဆေး Chill ချင်တဲ့သူတွေအတွက် Bluetooth Speaker​ လေးပါ ထား​ပေးထားလို့ သီချင်း​လေးဖွင့်ပြီး အဖွဲ့လိုက် စား​သောက်ပျော်ပါးလို့ ရပါတယ်။ 

Sweety House က ကလောရောက်ရင် မဖြစ်မနေ လည်ပတ်ကြတဲ့ မီးရထားသံလမ်း၊ ကလောမြို့မစျေး၊ နာရီစင်တို့နဲ့ အနီးမှာရှိတာမို့ သွားရေးလာရေး လွယ်ကူအဆင်ပြေပါတယ်။ 

ဘန်ဂလိုအိမ်​လေးက (၂) လုံးထဲသာ ရှိတာကြောင့် ကိုယ်လိုချင်တဲ့ ရက်ရဖို့ Booking ကြိုတင်ထားမှ စိတ်ချရပါမယ်နော်။ လာမယ့် သီတင်းကျွတ်ပိတ်ရက်မှာ ကလောမှာ သွားပြီး အေးဆေးအနားယူဖို့ စျေးသင့်တင့်တဲ့ တည်းခိုစရာနေရာ ရှာနေတယ်ဆိုရင်တော့ Kalaw Sweety House ရဲ့ ခေါင်းမိုးချွန် အိမ်လှလှလေးတွေက သင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။

လိပ်စာ - ထင်းရှူးဆီစက်လမ်း၊ မီးရထားသံလမ်း၊ ကလောမြို့၊ ရှမ်းပြည်နယ်။

ဖုန်း - ၀၉၇၉၀၁၄၄၉၇၉ 

Fb link - https://www.facebook.com/KalawSweetyHouse

⇐ Previous Next

Read 1352 times