Travel

နောင်ချိုတိမ်ပင်လယ်မှာ ရှိတဲ့ Resort အသစ်

Dokhtawady Cloud Sea Resort

မိုးကုန်ပြီး ဆောင်းရာသီရောက်ဖို့ နီးကပ်လာပြီဆိုတော့ တိမ်ပင်လယ်ရာသီရောက်ဖို့လည်း သိပ်မလိုတော့ပါဘူး။ တိမ်ပင်လယ်ရဲ့ အလှကို ခံစားဖို့ အကောင်းဆုံးအချိန်က နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ စတဲ့ ဆောင်းရာသီကာလတွေဖြစ်ပြီး မနက်ခင်းပိုင်း (၅) နာရီကနေ (၉) နာရီလောက်အထိ တိမ်ပင်လယ်အလှကို ကောင်းကောင်း မြင်တွေ့ခံစားနိုင်ပါတယ်။ 

တိမ်ပင်လယ်ရှိတဲ့နေရာတွေ အများကြီးထဲကမှ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုကြီးရွာမှာ ရှိတဲ့ တိမ်ပင်လယ်တွေဆီကို လူအသွားများကြပါတယ်။ နောင်ချိုကြီးကျေးရွာရဲ့အောက် ဒုဋ္ဌဝတီမြစ်တစ်လျှောက် ရေငွေ့ပျံရာကတဆင့် ဖြစ်ပေါ်လာတဲ့ တိမ်လွင်ပြင်ကြီးကို တောင်ကမ်းပါးအပေါ်ကနေ ခံစားကြည့်ရှုရတာဟာ ရင်သပ်ရှုမောဖွယ်ရာပါ။

တိမ်ပင်လယ်ကိုတော့ ကြည့်ချင်တယ် ဘယ်နေရာမှာ တည်းခိုအနားယူရမလဲ မသိရင် အခုပြောပြပေးသွားမယ့် အပန်းဖြေစခန်းက အဖြေဖြစ်ပါလိမ့်မယ်။  

Click Here - GK General Trading

သီတင်းကျွတ်ပိတ်ရက်မှာ ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့ အတူ ဘ၀ရဲ့ မောပန်းမှုတွေကို ဖြေဖျောက်နိုင်ဖို့ အပန်းဖြေ ခရီးစဉ်ကောင်းတစ်ခုကို ပေးစွမ်းမယ့် "ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်း" ကို အခုလာမယ့် အောက်တိုဘာ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာပါ။

ဒီအပန်းဖြေစခန်းမှာ သဘာဝကပေးတဲ့ လက်ဆောင် တိမ်စိုင်ခဲကြီးတွေနဲ့ လှပလွန်းတဲ့ မောရှမ်းမြေရဲ့ တောတောင်ရှူခင်းတွေကို အပြည့်အ၀ ခံစားနိုင်မှာ ဖြစ်ပါတယ်။ အခု စက်တင်ဘာ မကုန်သေးတာတောင် တချို့ရက်တွေမှာဆို တိမ်တွေ ထွက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် သူ့အပန်းဖြေစခန်းမှာ နာနတ်ခြံကြီးလည်း ရှိတော့ စိုက်ခင်းထဲ လျှောက်ပတ်ကြည်လို့ ရပါသေးတယ်။  

တည်းခိုအနားယူရန်အတွက်လည်း ဖြူ၊ နီ၊ ပြာ၊ ဝါ ရောင်စုံ ခေါင်မိုးချွန် ဘန်ဂလိုအိမ်လေးတွေက အဝေးက လှမ်းကြည့်ရင်တောင် ထင်းနေပြီး ချစ်စရာကောင်းပါတယ်။ ဘန်ဂလိုလေးတွေကို သပ်ရပ်သန့်ရှင်းပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ အခန်းအတွင်း၊ အပြင် ဖွဲ့စည်းပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အခန်းခစျေးနှုန်းတွေကတော့ တစ်ရက်ကို -

(၂) ယောက်အိပ် Tent  - 80,000 ကျပ်

(၄) ယောက်ခန်း Bangalow -   200,000 ကျပ်

(၈) ယောက်ခန်း Special Bangalow - 320,000 ကျပ် သတ်မှတ်ထားပါတယ်။

အခန်းခမှာ မနက်စာ ဘူဖေး ပါပြီးသား ဖြစ်ပါတယ်။ ဘာတွေ ပြင်ဆင်ပေးထားလဲဆိုရင် - 

- ရှမ်းခေါက်ဆွဲ

- ကောက်ညှင်းပေါင်းနှင့် အကြော်စုံ

- တိုဖူးနွေး

- တို့ဟူးကြော်

- အားလူးထမင်း

- ဟင်းထုတ်

- ခေါပုတ်ကြော်

- ခေါပုတ်​ကင် အစရှိတဲ့ ရှမ်းရိုးရာအစားစာတွေ ပါပါတယ်။

(၂) ယောက်အိပ် Tent မှာဆိုရင် အများသုံး သန့်စင်ခန်း/ ရေချိုးခန်းကို သန့်သန့်ရှင်းရှင်း စီစဥ်ပေးထားပြီး Bangalow နဲ့ Special Bangalow တွေမှာတော့ ကိုယ်ပိုင်ရေချိူးခန်း၊ အိမ်သာတွဲလျက် ပါပါတယ်။ ဒါ့အပြင် ၂၄ နာရီ ရေ၊ မီးအစုံအလင်ရှိတာမို့ ရေပျက်၊ မီးပျက် ချို့တဲ့မှာကို လုံးဝစိတ်ပူစရာမလိုတဲ့ အပန်းဖြေစခန်းပါ။ 

အပန်းဖြေစခန်းရဲ့ Facilities တွေအပြင် ဘာအစီအစဉ်တွေ ဝန်ဆောင်မှု ပေးသေးလဲဆိုရင် - 

- ချမ်းအေးတဲ့ အချိန်ကာလလေးမှာ မီးပုံရှေ့ အနွေးဓာတ်လေးကို ခံယူရင်း ဆင်နွှဲနိုင်တဲ့ Public နဲ့ Private မီးပုံပွဲလေးတွေ

(ရေးနေရင်း "အေးမြတဲ့ ဆောင်းတစ်ညမှာ မီးရောင်ထိန်ထိန် လူအများနဲ့

သီချင်းလေးနဲ့ စောင်းမြောင်းဆို အသဲထဲ နွေးထွေးသွားရမယ်" ဆိုတဲ့ သီချင်းစာသားလေး သွားသတိရမိ)

တိုးနယားအက၊ ကိန္နရီကိန္နရာ ‌မောင်နှံအက

ရှမ်းရိုးရာဓားသိုင်းအက၊ ဓနုတိုင်းရင်းသားရိုးရာ အကအလှ၊ အရှေ့ရိုးမရဲ့ ရှမ်းအိုးစည်တီးလုံးသံဖျော်ဖြေမှုတွေအပြင်

- အားလုံးအတူတူ သီချင်းတွေ လိုက်ဆိုရင်း ပျော်လို့ရတဲ့ Unplugged Show လေးပါ ရှိနေပြန်တော့ ဒီနှစ်တိမ်ပင်လယ်ကို နောင်ချိုဘက်သွားပြီး ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းမှာ တည်းဖို့အများကြီး စဉ်းစားနေစရာ မလိုတော့ပါဘူး။ 

လိပ်စာ - မဲပုတ်ရွာအနီး၊ နောင်ချိုမြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း

ဖုန်း - 09777482492

FB Page - https://www.facebook.com/profile.php?id=100087126373448

⇐ Previous Next

Read 850 times