Shopping & Promos

မီးစက်တစ်လုံး မဝယ်ခင်နဲ့ ဝယ်ပြီး သိထားရမယ့် အချက်များ

Generator Buying Guide

မီးစက်တွေကို အိမ်သုံး၊ လုပ်ငန်းသုံး၊ စက်ရုံသုံး စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာ အခုလို နွေကာလ မီးပျက်များတဲ့ အခါမျိုးမှာ လုပ်ငန်းတွေ မရပ်နားဘဲ လည်ပတ်နိုင်ဖို့အတွက် မီးစက်တွေကို ပိုလို့တောင် လိုအပ်လာပါသေးတယ်။

အိမ်အတွက် မီးစက်ဝယ်မယ်ဆိုရင်တော့ သိပ်အများကြီး စဉ်းစားစရာ မလိုပါဘူး။ လုပ်ငန်းသုံး (ဒါမှမဟုတ်) စက်ရုံကြီးတစ်ရုံအတွက် မီးစက်ဝယ်တော့မယ်ဆိုရင်တော့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ များလာပါတယ်။ ဒါကြောင့် မီးစက်တစ်လုံး မဝယ်ခင်နဲ့ ဝယ်ပြီး သိထားရမယ့် အချက်တွေကို ဝေမျှပေးလိုက်ပါတယ်။

မီးစက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?

မီးစက်တွင် အဓိကအားဖြင့် 220V ဖြင့် အသုံးပြုသော Single Phase မီးစက်နှင့် လိုင်း (၃) လိုင်းခွဲ၍ 380V/440V အသုံးပြုနိုင်သော Three Phase မီးစက်ဆိုပြီး နှစ်မျိုးရှိပါတယ်။

Single Phase မီးစက်များကို အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ အိမ်များတွင် အသုံးပြုများကြပါတယ်။ Three Phase မီးစက်များကို မီးဆွဲယူမှု အားများသော လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းကြီးများ၊ လုံးချင်းအိမ်ကြီးများတွင် အသုံးပြုများကြပါတယ်။

 

မီးစက်တွေမှာ အသုံးပြုနိုင်သော လောင်စာ အမျိုးအစားများ 

အဓိကအားဖြင့် လောင်စာအနေနဲ့ …

Petrol (Gasoline)

Diesel

Nature Gas ( CNG )

Bio-Diesel

Propane ( LPG, C3H8 ) တို့ကို အသုံးပြုနိုင်ပါတယ်။ 

များသောအားဖြင့် Petrol နှင့် Diesel လောင်စာများကို အသုံးပြုနိုင်သော မီးစက်များကိုသာ ထုတ်လုပ်မှုများ ကြပါတယ်။ Petrol အမျိုးအစား မီးစက်များကို kVA အသေးစား မီးစက်တွေမှာ အသုံးပြုကြပြီး Diesel ကိုတော့ အင်ဂျင်ပါဝါကြီးသော မီးစက်ကြီးများတွင် အသုံးပြုကြပါတယ်။

 

မီးစက်တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ

မီးစက်တစ်ခုမှာ အဓိကအားဖြင့် အစိတ်အပိုင်း (၉) ခု ပါဝင်ပါတယ်။ အစိတ်အပိုင်းအားလုံးက လျှပ်စစ်ပါဝါရရှိဖို့အတွက် အတူတကွ ပေါင်းစည်း လုပ်ဆောင်ကြပါတယ်။ ဒီအစိတ်ပိုင်း (၉) ခုကတော့ – 

၁။ Engine (အင်ဂျင်)

၂။ Alternator (စက်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတဲ့စနစ်)

၃။ Fuel System (လောင်စာဆီစနစ်)

၄။ Voltage Regulator (ဗို့အားထိန်းညှိပေးတဲ့ စနစ်)

၅။ Cooling and Exhaust System (အအေးခံစနစ်နဲ့ အိတ်ဇောစနစ်)

၆။ Lubrication System (ချောဆီစနစ်)

၇။ Battery (ဘက်ထရီ)

၈။ Control Panel (ထိန်းချုပ်ရေးစနစ်)

၉။ Main Frame (မီးစက်ကိုယ်ထည်အပိုင်း) တို့ဖြစ်ကြပါတယ်။

Advertisement

Click Here > Asia General Holding

မီးစက်၊ ထရန်စဖော်မာ ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ငန်း (၃၁၆) ခု

>> https://bit.ly/3Ghwcdm

 

လုပ်ငန်းအမျိုးအစားအလိုက် မှန်ကန်တဲ့ မီးစက် ရွေးချယ်ဝယ်ယူခြင်း

(၁) ပထမအမျိုးအစား - ငွေအရမ်းပေါတဲ့သူ၊ ဒီဇယ်ဆီ ကုန်ချင်သလောက်ကုန် ဆိုတဲ့သူတွေအတွက်ကတော့ အများကြီး စဉ်းစားနေစရာ မလိုပါဘူး။ Installed Capacity (KW) ကို Calculator လေးနဲ့ တွက်ပီး ၄၀% လောက် ထပ်ပေါင်းထားတဲ့ ဝန်အားပါတဲ့ မီးစက်မျိုး ဝယ်နိုင်ပါတယ်။ (Installed Capacity ဆိုတာ တပ်ဆင်ဝန်အားပါ။ ဥပမာ - ရှိသမျှ စက်တွေရဲ့ Nameplate မှာ ရေးထားတဲ့ အများဆုံးသုံးနိုင်မယ့် KW တွေကို အကုန်လိုက်ပေါင်းပြီး တွက်တာပါ။ မီးစက်က လိုအပ်တာထက် ပိုကြီးနေတာ များပါတယ်။)

(၂) ဒုတိယအမျိုးအစား - ငွေလည်း တန်သလောက်ပဲ သုံးချင်တယ်၊ ဒီဇယ်ဆီလည်း ချွေတာချင်တယ်၊ စက်လည်း အလုပ်ဖြစ်အောင် လည်ချင်တယ်ဆိုတဲ့ လုပ်ငန်းရှင်နဲ့ဆိုရင် မီးစက်ကို မှန်ကန်စွာရွေးချယ်ဖို့ လိုလာပါပြီ။ စက်ရုံကြီးတော်တော်များများမှာက EPC မီးလာရင် တစ်ရုံလုံးကို EPC မီးနဲ့ လည်ပေမယ့် EPC မီးပျက်သွားရင် စက်ရုံရဲ့ မလည်မဖြစ် တစ်ချို့စက်ပိုင်းတွေကိုပဲ မီးစက်နဲ့ အလုပ်ဖြစ်ရုံ ဆက်လက် လည်ပတ်ကြတာ များပါတယ်။ ဒါကြောင့် ဘယ်လောက် မီးစက်အားလောက် ဝယ်မလဲဆိုတာ သေချာတွက်ရပါတယ်။ 

Ampere Clamp Meter ကောင်းကောင်းလေး တစ်ခုလောက် ရှိမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ မီးပျက်ရင် သုံးမယ့် စက်တွေအားလုံးကို Full Load ဆွဲပြီး လည်ခိုင်းမယ်။ Ampere ကို Three Phase လုံးမှာ ၁၅ မိနစ်လောက် ခြားပြီး ၃ ကြိမ်လောက် တိုင်းကြည့်ပီး မှတ်ထားလိုက်မယ်။ အများဆုံးရတဲ့ Maximum Ampere ကို ၄၀% ဒါမှမဟုတ် ၅၀% လောက် ပေါင်းလို့ရတဲ့ Ampere နဲ့ ကိုက်ညီတဲ့ မီးစက်ကို ဝယ်ရင် အသင့်တော်ဆုံးပါပဲ။

(၃) တတိယအမျိုးအစား - ဆေးရုံ၊ ဟိုတယ်၊ စူပါမားကတ်စတဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာဆိုရင် လည်း Maximum Load ဖြစ်နေတဲ့အချိန်မှာ Ampere Clamp Meter နဲ့ Transformer အရင်းလောက်ကနေ Ampere ကို သုံးရက်လောက်ဆက်တိုက် သုံးကြိမ်လောက် တိုင်းကြည့်ပါ။ Maximum Ampere Load ကို ၄၀% ဒါမှမဟုတ် ၅၀% လောက် ထပ်ပေါင်းပြီး ကိုက်ညီတဲ့ မီးစက်ကို ဝယ်ယူလိုက်ပါ။ ဒီလိုလုပ်ငန်းမျိုးမှာ ဝယ်မယ့် မီးစက် Controller တွေမှာ AMF - Auto Main Failure (မီးပျက်ရင် အလိုလိုရပ်)၊ ATF - Automatic Transfer Switch  (မီးလာရင် အလိုလိုနိုး) မီးအလိုအလို ချိန်းပေးတဲ့ စနစ်တွေပါပြီးသား မီးစက်တွေကို တစ်ခါတည်း ဝယ်သင့်ပါတယ်။

Three Phase က Single Phase ထက် အကုန်အကျ ပိုများပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း ပိုလိုအပ်ပါတယ်။ Second Hand စျေးနှုန်းအနေနဲ့ဆို Single Phase က သိန်း ၁၀၀ အောက်မှာ ရှိနေပြီး Three Phase စျေးနှုန်းကတော့ သိန်း ၁၅၀ အထက်မှာ ရှိပါတယ်။

မီးစက်၊ ထရန်စဖော်မာ ရောင်းဝယ် ဖြန့်ဖြူးရေးလုပ်ငန်း (၃၁၆) ခု

>> https://bit.ly/3Ghwcdm

Advertisement

Click Here > T & D Power Tech

မီးစက်တပ်ဆင်တဲ့အခါမှာ စနစ်တကျ တပ်ဆင်ဖို့လိုတဲ့ System (၃) ခု

၁။ Cooling System

မီးစက်ကို မရပ်မနားမောင်းနှင်တဲ့အခါ Heat တက်ခြင်းမရှိအောင် အအေးပေးတဲ့ စနစ်ကို သေချာလေး တပ်ဆင်ထားသင့်ပါတယ်။

၂။ Fuel System

မီးစက် ဆီမလိုက်တာ၊ မီးစက်ဆီ ပိတ်တာမျိုးနဲ့ မီးစက်ဆီကြောင့် ဖြစ်နိုင်တဲ့ Error တွေ မတက်အောင် Fuel System ကို သေချာလေး တပ်ဆင်သင့်ပါတယ်။

၃။ Exhaust System 

မီးစက်မောင်းနှင်တဲ့အခါ Air Cleaner မထိခိုက်ဖို့အတွက် Exhaust System ကို သေချာလေးတပ်ဆင်ထားသင့်ပါတယ်။

မီးစက်ကို စတင်အသုံးပြုတော့မယ်ဆိုရင် ဒီ System (၃) မျိုးကို စနစ်တကျ တွက်ချက်ပြီးမှ တပ်ဆင်သင့်ပါတယ်။

 

မီးစက်ကို ဘယ်လိုထိန်းသိမ်းမှုတွေ လုပ်ပေးသင့်လဲ?

စက်ပစ္စည်းဆိုတာ အချိန်မရွေး ပျက်စီးတတ်တဲ့အတွက် အရေးပေါ် လိုအပ်လာတိုင်း အဆင်သင့် အသုံးပြုလို့ရအောင် ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ပြီး ထိန်းသိမ်းထားသင့်ပါတယ်။ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးဖယ်ရှားပြီး ပုံမှန်ထိန်းသိမ်းမှုတွေ ပြုလုပ်မှ စက်ပြင်ဆင်စရိတ်တွေ ထပ်မထွက်အောင် ကူညီပေးနိုင်ပြီး ရေရှည်အသုံးပြုနိုင်မှာပါ။

- လောင်စာဆီ၊ Coolant (အအေးခံအရည်) စတာတွေ အပါအဝင် မီးစက်မှာ အသုံးပြုတဲ့ အရည်တွေရဲ့ ပမာဏကို စစ်ဆေးခြင်း

- ဘက်ထရီကို စစ်ဆေးပြီး သန့်ရှင်းပေးခြင်း

- Load Test လုပ်ပေးခြင်း၊ ATS ကောင်းစွာ အလုပ်လုပ်နိုင်မှုကို စစ်ဆေးခြင်း

- Control Panel ရဲ့ Reading လုပ်နိုင်စွမ်းနဲ့ Indicator တွေ တိကျမှုရှိ/မရှိ စစ်ဆေးခြင်း

- ဆီ၊ လေ Filter များကို လဲလှယ်တပ်ဆင်ခြင်း

- Cooling System ကို စစ်ဆေးခြင်း

- ချောဆီလိုအပ်နေတဲ့ အစိတ်အပိုင်းတွေကို ချောဆီထည့်ပေးခြင်း

- Spark Plug ပလက်များကို စစ်ဆေးခြင်း တို့ကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။

သေချာ ထိန်းသိမ်းပြီး အသုံးပြုမှု မှန်ကန်တဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ မီးစက်တစ်လုံးက ၂၅ နှစ်နဲ့ နှစ် ၄၀ ကြားလောက် သက်တမ်းအကြာ သုံးစွဲနိုင်ပါတယ်။

တန်ဖိုးကြီးမီးစက်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေနဲ့ မီးစက်တစ်လုံး ဝယ်ပြီးတဲ့အခါမှာ ရေရှည်အသုံးပြုနိုင်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို အထက်မှာ ဖော်ပြပေးခဲ့ပါတယ်။ 

နောက်ထပ်အရေးကြီးတာက အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု များစွာရှိပြီး ကိုယ့်လုပ်ငန်းလိုအပ်ချက်အရ အသင့်တော်ဆုံး မီးစက်ကို လမ်းညွှန်အကြံပေးနိုင်တဲ့ မီးစက် ဖြန့်ဖြူးသူတွေကို ရှာဖွေနိုင်ဖို့ လိုပါတယ်။ 

ဒါကြောင့် ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ မီးစက်၊ ထရန်စဖော်မာ ရောင်းဝယ်ဖြန့်ဖြူးရေးလုပ်ငန်း (၃၁၆) ခုကို အလွယ်တကူ ဝင်ရောက် ရှာဖွေ ဝယ်ယူနိုင်ရန် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

>> https://bit.ly/3Ghwcdm

လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး (၂,၇၄၇) ခုကို ရှာဖွေရန်

>> https://bit.ly/3nKPUrj

*Cover Image Source - Myanmar Now*

⇐ Previous Next

Read 1735 times