Travel

နှစ်သစ်မှာ Camp သွားဖို့ စဥ်းစားနေတဲ့ သူတွေအတွက် အသစ်အဆန်း ဖြစ်စေမယ့် ရာဘာခြံ

 If you are thinking of relaxing in the New Year, do you know about the current Campaign?

နှစ်သစ်မှာ မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးရာမှာ အပန်းဖြေမယ်လို့ စဥ်းစားထားကြတဲ့သူတွေအတွက် ဒီနေရာလေးကတော့ လုံး၀ကို အကြိုက်တွေ့စေမှာ ဖြစ်ပြီး New Year ကို ခံစားချက်အသစ်တွေနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒီနေရာလေးကိုတော့  Rubber Village Campground လို့ခေါ်ပြီး ရန်ကုန်ကနေလည်း သိပ်မ‌ဝေးတဲ့ နေရာလေးမှာ ရှိပါတယ်။ ဒီလိုသိပ်မဝေးတဲ့အတွက် ရန်ကုန်မှာနေတဲ့ ကိုယ်တွေအတွက် နီးနီးနားနားနဲ့ Camp သွားလို့ရမှာ ဖြစ်ပါတယ်။

 

 

ဒါဆိုရင်တော့ ဒီနေရာလေးကို ဘယ်လိုသွားရမလဲဆိုတာ စိတ်ဝင်စားနေပြီထင်ပါတယ်။ကဲအဲ့ဒါဆိုရင်တော့ သွားလို့ရမယ့် အစီအစဥ်လေးကို ပြောပြပေးပါမယ်နော်။

 

ပထမဆုံး သွားမယ်ဆိုရင်တော့ Booking ကြိုလုပ်ဖို့အတွက် မှာပါရစေနော်။ဘာလို့လဲဆိုတော့ ခုလို New Year ဆိုရင် Booking တွေပြည့်နေမှာစိုးလို့ပါ။(အကန့်အသတ်နဲ့ပဲ Booking လုပ်လို့ရတယ်ဆိုတော့ သူများထက်ကြိုဦးဖို့တော့ လိုတာပေါ့။) 

 

Booking လုပ်မယ်ဆိုရင်တော့ Package က Day နဲ့ Night ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Night Package မှာဆိုရင်တော့  tent လေးထဲမှာ ညအိပ်ပြီး ကြယ်တွေကို ငေးရင်း Night Mood ကို အပြည့်အ၀ခံစားနိုင်မှာ ဖြစ်ပါတယ်။

 

 

ဒါ့အပြင် Tent တစ်ခုနဲ့တစ်ခုဟာ တော်တော်လေးကို ‌ဝေးတဲ့အတွက် အခုလို ကိုဗစ်ကာလလေးမှာ Social Distancing ဖြစ်တဲ့အပြင် ခရီးသွားတဲ့ အချိန်လေးအတွင်း safeဖြစ်တဲ့ ခံစားချက်လေးကို ရရှိစေမှာ အမှန်ပါပဲ။

 

ခြံဝင်းကျယ်ကြီးအတွင်းထဲမှာ Tent တစ်ခုနဲ့ တစ်ခု ခပ်ဝေးဝေး အနေအထားနဲ့  တည်ရှိတာ ဖြစ်တဲ့အပြင်  လေကောင်းလေသန့်လည်း ရရှိတဲ့အတွက် မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးတဲ့နေရာလေးမှာ ချစ်တဲ့သူတွေနဲ့ Relax လုပ်ရင်း လွတ်လပ်မှုတွေကို အပြည့်အ၀ခံစားနိုင်ပါတယ်။

 

 

ကြယ်တွေကိုငေးပြီး ဂစ်တာလေးတွေ တီးမယ်၊ သီချင်းလေးတွေဆိုမယ်၊ ပေါက်တက်ကရ ဂိမ်းတွေဆော့ကြပြီး ငယ်ဘ၀ရဲ့ အမှတ်တရတွေကိုပြောရင်း ဘီယာလေးသောက်ပြီး Chilling လေးလုပ်ရင် ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲ။(အခုရေးနေရင်းနဲ့ သွားချင်စိတ်တွေ ပေါက်လာပြီ)

 

Tent လေးထဲမှာ ညအိပ်ရင်း ပျော်စရာအချိန်တွေကို ကုန်ဆုံးပြီး  မနက်ပိုင်းနိုးတဲ့အချိန်ကျရင် ရာဘာခြံထဲမှာစက်ဘီးတွေ ပတ်စီးလို့ရတယ်။အဲ့နားနဲဲ့ မနီးမ‌ဝေးနေရာလေးမှာ  ပန်းတပွင့်တောင်ဆိုတာလည်း ရှိသေးတယ်။ အဲ့ပန်းတစ်ပွင့်တောင်ကနေ မြင်ရတဲ့ ရှုခင်းလေးကတော့ ဓာတ်ဖမ်းရတာကြိုက်တဲ့ ဘော်ဘော်တွေ အကြိုက်ကို ဖြစ်စေမှာ။ညနေစောင်းရင်တော့ sunset လေးကို ကြည့်ရင်း တစ်နေ့တာ အမောတွေကို ဖြေဖျောက်ကြမယ်လေ။ရာဘာခြံဆိုပေမယ့် ထန်းရည်လည်း ရတယ်ဆိုတော့ ကြိုက်တဲ့သူတွေအနေနဲ့က အဲ့ဒီကိုရောက်ရင် အ၀သာကြိတ်။

 

ထုံးစံအတိုင်း ခရီးသွားဖို့အတွက်ဆို လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို တက်နိုင်သမျှ စုံစုံလင်လင်ယူခဲ့ပေါ့။မုန့်တွေကတော့မပါမဖြစ် ယူခဲ့ဖို့သတိပေးချင်ပါတယ်။ဒါ့အပြင် အပေါင်းအသင်းတွေနဲ့ စုပြီး ဆော့ဖို့ စဥ်းစားထားရင်တော့ UNO ကတော့ မပါမဖြစ်လိုအပ်မယ် ထင်ပါတယ်။

 

Camp နဲ့ ပက်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်ပါလင်ခ့်မှာ သွားရောက်စုံစမ်းလို့ရပါတယ်နော်။

>>>https://bit.ly/2MccC8Z

 

ဒီနေရာလေးကို အတူသွားချင်တဲ့သူ ရှိရင်တော့ Mention ခေါ်ပြီး မရှိရင်တော့ အခုထဲကရှိအောင် ရှာလိုက်ပါတော့နော်။

 

Next

Read 3573 times