Shopping & Promos

စိတ်သန့်သန့်နဲ့အားပေးနိုင်မယ့် ပြည်တွင်းဖြစ်ထုတ်ကုန်များ

Local products that can encourage you with a pure mind

ဒီနေ့တော့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေထဲကနေ ယောကျာ်းလေးတွေအဓိက ကြိုက်တတ်တဲ့ ဆေးလိပ်နဲ့ ဘီယာ Brand လေးတွေကိုပြောပြပေးသွားပါ့မယ်။ အရှုပ်အရှင်းလည်း မရှိတာမို့လို့ စိတ်ချလက်ချ ဝယ်ယူနိုင်မယ့်အပြင် Quality လည်းကောင်းတာမို့လို့ စိတ်ကျေနပ်စေမှာပါ။

The Burma 

ကျွန်တော်တို့ အဖွားတွေခေတ်လောက်က သောက်ခဲ့ကျတဲ့ ပြောင်းဖူးဖက်ဆေးလိပ်ပါ။ ဒါပေမယ့် ဒီကောင်လေးကကျ လူကြီးတွေသောက်နေကျလို အကြီးကြီးတွေမဟုတ်ပဲနဲ့ စီးကရက် ဆိုဒ်လောက်လေးတွေဆိုတော့ တော်တော်လေးအဆင်ပြေပါတယ်။အရသာကလည်း လေးလေးပင်ပင်ရှိတော့ တစ်လိပ်ဆို တစ်လိပ်ဆိုသလောက်ထိရောက်တယ်။ဆေးသားကို မန်ကျည်းအနှစ်နဲ့နှပ်ထားတဲ့ ဆေးရွပ်ကြီးကို အသုံးပြုထားတယ်လို့သိရပါတယ်။အနံ့ကတော့ သိပ်မဆိုးတာမို့လို့ အနံ့ဆွဲမှာလည်းစိတ်မပူရဘူး။

 Facebook Link https://www.facebook.com/Theburmaciger/?__tn__=kK*F 

I AM BEER

ဒီဘီယာ ဒီဇိုင်းလေးကတော်တော်ဆန်းတယ်ဗျ။အစကဆိုရင် နိုင်ငံခြားကထုတ်ထားတဲ့ ဘီယာလို့ပဲထင်ခဲ့တာ။သူ့ရဲ့ဘူးခွံပေါ်က ဆွဲထားတဲ့ Art လေးတွေကလည်း တော်တော်လှတော့ သောက်ရင်းခံစားလို့ရသေးတယ်။ Craft beer အမျိုးအစားဖြစ်တာမို့လို့ အရသာကလည်း တော်တော်လေးသောက်ရကောင်းတယ်။

(Indian Pale Ale, Abv 6.5%)

အရသာခပ်ပြင်းပြင်းကြိုက်နှစ်သက်သူများ သို့မဟုတ် ဇိမ်ရှိရှိအရသာခံသောက်သုံးမယ့် အချိန်များအတွက် အလိုက်ဖက်ဆုံးဘီယာ

(American Lager, Abv 5%)

ပေါ့ပေါ့ပါးပါးနဲ့ နေရာမရွေး၊ အချိန်မရွေး သောက်လို့သင့်တော်တဲ့ အရသာရှိတဲ့ Timeless beer

(Belgian Witbier, Abv 4.8%)

Summer time သို့မဟုတ် ပင်လယ်ခရီးစဉ်ထွက်လိုက်ရသလို Chilling vibe မျိုးနဲ့ အားလုံးကြိုက်နှစ်သက်မယ့် Refreshing ဘီယာဆိုပြီး သုံးမျိုးထွက်ရှိထားပါတယ်။ဆိုင်တိုင်းမှာမရသေးပေမယ့် နောက်ပိုင်းရလာတော့မှာပါ Page မှာလည်း order တင်ထားလို့ရပါတယ်။ 

 Facebook Link >> https://www.facebook.com/IAmBeerBrewing/ 

Peacock Beer 

ဒီကောင်လေးကတော့ တော်တော်များများသိပြီးကြမှာပါ။ ဂျုံနဲ့လုပ်ထားတဲ့ဘီယာနဲ့ ထန်းလျက်နဲ့လုပ်ထားတဲ့ ဘီယာဆိုပြီး နှစ်မျိုးလာပါတယ်။ ထန်းလျက်နဲ့လုပ်ထားတဲ့ကောင်လေးကတော့ စူးရှရှနဲ့နည်းနည်းပြင်းပါတယ်။ ဂျုံနဲ့လုပ်တဲ့ကောင်လေးကတော့ မွှေးမွေးလေးလေး လေးနဲ့ ပှံမှန် Lager Beer တွေနဲ့မတူညီတဲ့အရသာကို ပြည့်ပြည့်ဝဝခံစားရမှာပါ။ Craft ဘီယာတွေဖြစ်တာမို့လို့ လတ်ဆတ်မှုကတော့ ပြောမနေပါနဲ့ဗျို့။ 

Facebook Page >> https://www.facebook.com/peacockbeer/ 

Mae Khwae - မယ်ခွေချစ်သက်လက်ဆောင်

ဒီကောင်လေးကိုလည်း မသိသူမရှိလောက်တော့ပါဘူး။အရသာနဲ့ ထုတ်ပိုးတာကအစ Quality Control အဆုံးဘာမှအပြစ်ပြောစရာမရှိတဲ့ မောင်ကြီးရဲ့မယ်ခွေလေးပေါ့ဗျာ။ Platinum smooth , Strong နဲ့ Goldဆိုပြီး သုံးမျိုးထွက်ထားပါတယ်။ Platinum ကတော့ ပုံမှန်စီးကရက်မှ စီးကရက်ပဲဆိုတဲ့သူတွေတောင် သောက်နိုင်ပါတယ်။ နာမည်နဲ့လိုက်အောင် Smooth ဖြစ်လွန်းလှတဲ့ကောင်လေးပေါ့ဗျာ။

Strong ကတော့ Platinum ထပ်ပိုပြင်းပြီးတော့ ဆေးပြင်းလိပ်သောက်နေကြသူတွေ အကြိုက်ပေါ့ဗျာ။ Gold ကတော့ Platinum Class မှာကျန်ခဲ့တဲ့ ဒုတိယတန်းစား သနပ်ဖတ်နဲ့လုပ်ထားတဲ့ အမျိုးအစားပါ။စျေးချိုတာကြောင့် လူတန်းစားအစုံသောက်နိုင်တာမို့ နယ်ဘက်တွေမှာတော့ Gold ကမင်းသမီးလေးပါပဲ။ 

Facebook Page >> https://www.facebook.com/maekhwae/ 

The Warriors Myanmar

ဒီကောင်လေးက အခုရက်ပိုင်း Chocolate Alcohol ဆိုပြီး လူငယ်တွေကြား Trend ဖြစ်နေတဲ့ကောင်လေးပေါ့ဗျာ။ ချောကလက်ရယ် ကော်ဖီဆိုပြီး နှစ်ခုရှိပါတယ်။ချောကလက်ကတော့ အရသာက နည်းနည်းစိမ့်စိမ့်လေးဘက်ကိုသွားပြီး ချိုချိုလေးနဲ့ပါ မိန်းကလေးတွေပိုကြိုက်ကြပါလိမ့်မယ်။ ကော်ဖီလေးကတော့ နည်းနည်းပြင်းပြီး ခါးခါးလေးနဲ့မို့လို့ ယောကျာ်းလေးတွေ သဘောကျမှာပါ။ 250ml ဘူးသေးကို 2500, 500ml ဘူးကြီးကို 4500 ပဲဆိုတော့ သောက်ပျော်ပါတယ်။

 Facebook Page >> https://www.facebook.com/The-Warriors-Myanmar-103969818260209

ဒီထဲမှာဖော်ပြခဲ့တဲ့ ထုတ်ကုန်တွေအကုန်လုံးဟာ ပြည်တွင်းဖြစ်တွေဖြစ်ပြီး ဘယ်အရာနဲ့မှညှိစွန်းတာမရှိဘူးမို့လို့ စိတ်ချလက်ချအားပေးနိုင်ပါကြောင်း…

Next

Read 1845 times